spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းယခုနှစ် မွန်ပြည်နယ်အတွင်း လူကုန်ကူးမှု ၇ မှုဖမ်းဆီးအရေးယူနိုင်ခဲ့

    ယခုနှစ် မွန်ပြည်နယ်အတွင်း လူကုန်ကူးမှု ၇ မှုဖမ်းဆီးအရေးယူနိုင်ခဲ့

    -

    ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် လူကုန်ကူးမှုပေါင်း ၇ မှုဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အမှတ် (၉) မွန်ပြည်နယ် လူကုန်းကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ(မော်လမြိုင်)မှ ဒုရဲမှုးဆန်းဦး ပြောကြားချက်အရ သိရသည်။

    အဆိုပါလူကုန်ကူးမှုများသည် ရေးမြို့နယ် ၄ မှု၊ မော်လမြိုင်မြို့နယ် ၁ မှု၊ ကျိုက်မရောနှင့် ဘီးလင်းမြို့နယ်တို့တွင် ၁ မှုစီ ဖော်ထုတ်အရေးယူခဲ့ကြောင်း၊ ယမန်နှစ်က လူကုန်ကူးမှု ၃ မှုသာဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ဒုရဲမှုးဆန်းဦးက ပြောသည်။

    “လူကုန်ကူးမှုရပ်”ပညာပေးပိုစတာ(Internet)
    “လူကုန်ကူးမှုရပ်”ပညာပေးပိုစတာ(Internet)
    “လူကုန်ကူးမှု မဖြစ်အောင် အဓိက ကတော့ လူအယုံမလွယ်ဖို့ပဲ၊ ပြီးတော့ အသိပညာလည်းရှိရမယ်၊ သတိထား နေရမယ်၊ ကိုယ့်ကိုယ်ကို လူကုန်းကူးခံထားရပြီလို့ သိရင် ဋ္ဌာနဆိုင်ရာဖုန်းတွေကို မှတ်ထားပြီးတော့ အကူအညီတောင်းဖို့ လိုတယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ်ဆိုတာကိုလည်း သိထားဖို့လိုတယ်” ဟု ဒုရဲမှုးက ဆိုသည်။

    ယခုနှစ်လူကုန်ကူးသူခံရသူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၃ ဦးစုစုပေါင်း ၁၉ ဦးတို့အား အကာအကွယ်ပေးနိုင်ခဲ့ပြီး လူကုန်ကူးမှုတရားခံ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၅ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု သိရသည်။

    “ကျွန်တော်တို့အနေနဲ့က ရေးမြို့နယ်အတွင်း ရေလုပ်ငန်းတွေမှာ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတဲ့အတွက်ကြောင့် အသိပညာပေး ဟောပြောပွဲတွေ မကြာခဏ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပင်လယ်ပြင်ထွက်မယ့် လှေတွေအတွက် Check Point ရှိမှပဲ လှေအဝင် အထွက် ဘယ်လောက်ရှိလဲ။ လှေပေါ်မှာ လုပ်သားဘယ်လောက် ပါသွားလဲဆိုတာ စစ်ဆေးသိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ဒုရဲမှူးက ဆက်ပြောသည်။

    ပြီးခဲ့သည့်နိုဝင်ဘာ ၁၃ ရက်က ရေးမြို့နယ်အတွင်း မီးရထားရဲဒုတပ်ကြပ်တစ်ဦး အပါအဝင် လူသုံးဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေများဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု ဆိုသည်။

    ယခုအခါ ပြည်တွင်း၌ လူကုန်ကူးမှုများဖြစ်ပေါ်လျက်ရှိရာ အသက် ၁၅ နှစ်အောက် ယောကျာ်းလေးများ အများစု လူကုန်ကူးခံနေကြရသည်ဟုလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖွဲ့ (HRDCA) မှ ဒါရိုက်တာ ဒေါ်ခင်သန်ထွေးက ပြောသည်။

    “အရင်တုန်းက ရဲကိုမတိုင်ကြတာများတယ်လေ အဲဒါကြောင့် နည်းတယ်လို့ပြောတာပါ၊ အခုနောက်ပိုင်း အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကပဲ ဒီအမှုကိုလိုက်ပြီးတော့ ရဲစခန်းနဲ့ချိတ်၊ လူကုန်တားနဲ့ချိတ်လိုက်လို့ အမှုများသလိုဖြစ်သွားတာပါ” ဟု ဒေါ်ခင်သန်းထွေးက ပြောသည်။

    အဆိုပါလူကုန်ကူးမှုများမှာ ပြည်တွင်း၌ စာသောက်ဆိုင်၊ KTV ဆိုင်၊ လက်ဘက်ရည်ဆိုင်အစရှိသည့်နေရာ များတွင် လုပ်အားခခေါင်းပုံဖြတ်ခံ၊ ရောင်းစားခံနေကြရသည့် အသက်မပြည့်ခလေးလုပ်သားများဖြစ်နေသည်ဟု ဒေါ်ခင်သန်းထွေးက ဆိုသည်။

    အလားတူ ထိုင်​းနိုင်​ငံ ငါးဖမ်​းစက်​​လှေများတွင်​ လူကုန်​ကူးခံရပြီးနောက် ထိုင်​းနိုင်​ငံ လူမှုဖွံ့ဖြိုးတိုးတက်​​ရေးနှင်​့ လူသားလုံခြုံ​ရေးဝန်ကြီးဌာန လက်​​အောက်​ရှိ ​ဂေဟာအသီးသီး၌ ၁၀ လကြာခန့်​စောင့်ရှောက်​ထား​သော ကရင်​ပြည်​နယ်၊ မွန်​ပြည်​နယ်​၊ ရခိုင်​ပြည်​နယ်​နှင့် ဧရာဝတီတိုင်​းဒေသကြီးတို့မှ မြန်​မာနိုင်​ငံသား ၃၈ ဦးအား ဒီဇင်ဘာ ၂၀ ရက်​​ နံနက်ပိုင်းတွင် မြန်မာနိုင်​ငံ မြဝတီမြို့သို့ ပြန်​လည်​ပို့​ဆောင်​​ပေးခဲ့​ကြောင်​း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks