spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းစားသုံးရန်မသင့်သော ငရုပ်သီးမှုန့်များ စတင်သိမ်းဆည်းနေ

    စားသုံးရန်မသင့်သော ငရုပ်သီးမှုန့်များ စတင်သိမ်းဆည်းနေ

    -

    မွန်ပြည်နယ်ဈေးကွက်အတွင်းရောင်းချနေသည့် ကျန်းမာရေးနှင့် မညီညွတ်သည့် စားသုံးရန်မသင့်သော အမှတ်တဆိပ်ပါငရုပ်သီးမှုန့်များကို စတင်စစ်ဆေး သိမ်းဆည်းမှုပြုလုပ်နေကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန FDA ထံမှ သိရသည်။

    ဈေးကွက်အတွင်း အမှတ်တံဆိပ်များပါသည့်ငရုပ်သီးမှုန့်များကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစပြီး မော်လမြိုင် အမှတ် ၁ ဈေးနှင့် အမှတ် ၂ ဈေးတို့တွင် စားသုံးရန်သင့်မသင့် စစ်ဆေး သိမ်းဆည်းမှု ပြုလုပ်ခဲ့သည့်အပြင် ပညာပေးမှုလည်း ပြုလုပ်ခဲ့သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာစိုးနိုင်က ပြောသည်။

    မော်လမြိုင်ဈေးကြီးတွင် ငရုပ်သီးမှုန့်များကိုစစ်ဆေး သိမ်းဆည်းနေစဉ်(RFA)
    မော်လမြိုင်ဈေးကြီးတွင် ငရုပ်သီးမှုန့်များကိုစစ်ဆေး သိမ်းဆည်းနေစဉ်(RFA)
    ၄င်းက “စားသုံးရန် မသင့်တဲ့ ငရုပ်သီးမှုန့် အမှတ်တံဆိပ် ၆၁ မျိုးကို မြို့နယ်တွေရဲ့ ဈေးကွက်တွေထဲမှာ သိမ်းယူမှုတွေ လုပ်နေပါပြီး၊ မနေ့က စစ်ဆေးသိမ်းယူခဲ့တာ အမှတ်တံဆိပ် ၃ မျိုး ရတယ်” ဟု ပြောသည်။

    သိမ်းဆည်းထားသည့် အမှတ်တံဆိပ် ၃ မျိုးမှာ ရွှေကျီး ငရုပ်သီးမှုန့်၊ စိန် ငရုပ်သီးမှုန့်နှင့် ညွန့်အမှတ်တံဆိပ် ငရုပ်သီးမှုန့်တို့ဖြစ်ပြီး ကျန် အမှတ်တံဆိပ်များ သိမ်းဆည်းယူမှုမရှိသေးသည့်အတွက် ထုတ်ပြောရန် အဆင်မပြေသေးကြောင်း ဒေါက်တာစိုးနိုင်က ပြောသည်။

    ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးမှ နမှုနာယူစစ်ဆေးထားချက်အရ တစ်နိုင်ငံလုံးတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် စားသုံးရန်မသင့်သော ငရုပ်သီးမှုန့် အမှတ်တံဆိပ် ၆၁ မျိုးရှိပြီး မွန်ပြည်နယ်မှ ၇ မျိုး ပါဝင်သည်ဟု သိရသည်။

    FDA ထောက်ခံချက်ပါမှရမည်ဖြစ်သည့်အတွက် FDA ထောက်ခံချက်ပြုလုပ်ပြီး ရောင်းချသွားမည်ဟု စိန်တံဆိပ်ငရုပ်သီးမှုန့်ရောင်းဝယ်ရေးပိုင်ရှင် ဦးအောင်စိန်က ပြောသည်။

    Aflatoxas B1 ပါဝင်သည့် ငရုပ်သီးမှုန့်ကို စားသုံးမိသူများသည် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ အပြင် အသည်းနှင့် ပတ်သက်သည့် ရောဂါများကို ဖြစ်စေသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာမှ သိရသည်။

    ငရုပ်သီးမှုန့်အပါအဝင် အစားအသောက်ကို အဆိပ်တောက်ဖြစ်စေသည့် မှိုများပါဝင်သည့် အလှော်နှင့် အထောင်းမှုန့်များကို မော်လမြိုင်မြို့တွင်သာမက မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ဒီဇင်ဘာ ၂၀ ရက်နေ့မှစပြီး လက်ကားရောင်းချနေသည့် ဆိုင်များအထိ သက်ဆိုင်ရာမြို့နယ်အဖွဲ့တို့က စစ်ဆေး သိမ်းဆည်းမှု ပြုလုပ်သွားမည်ဟု သိရသည်။

    အလားတူ လူသေ၊ အသားများကို တောင့်တင်း ခိုင်မာရန်နှင့် မပုပ်သိုးစေရန် အသုံးပြုသော ဖော်မယ်လင်ဓာတုပစ္စည်းကို လူတို့နေ့စဉ်စားသုံးလျက်ရှိ သော မုန့်ဖတ်၊ ခေါက်ဆွဲဖတ်နှင့် ပဲပြားများ၌ တာရှည်ခံရန် အသုံး ပြုလာသည်ကို တွေ့ရှိလာရသဖြင့် လမ်းဘေးဈေးသည်များ ရောင်းချနေသော မုန့်ဖတ်၊ ခေါက်ဆွဲ ဖတ်နှင့် ပဲပြားများတွင် ဖော်မယ်လင်ဓာတုပစ္စည်းသုံးစွဲထားခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks