spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမြို့နယ် ၄ ခုရှိ ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက် တစ်လထပ်တိုးမည်

    မြို့နယ် ၄ ခုရှိ ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက် တစ်လထပ်တိုးမည်

    -

    မွန်ပြည်နယ် မြို့နယ် ၄ မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ရောင်းချနေသည့် ကျောက်မုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကာလကို တစ်လထပ်တိုး စစ်ဆေးသွားမည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

    ပေါင်၊ သံဖြူဇရပ်၊ ဘီးလင်းနှင့် ရေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၆၂၅ ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများကို ၂၀၁၆ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလထိ စစ်ဆေးရန် စီမံချက်ကာလ သတ်မှတ်ထားသော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလထိ စစ်ဆေးရန် စီမံချက်ကာလထပ်တိုးလိုက်ခြင်း ဖြစ်သည်။

    ကျောင်းမုန့်ဈေးတန်းတစ်နေရာ(Internet)
    ကျောင်းမုန့်ဈေးတန်းတစ်နေရာ(Internet)
    “အရင်လတွေက သိမ်းယူထားတဲ့ အရောင်ပါ မုန့်တံဆိပ်မျိုးစုံနဲ့ သံသယရှိတဲ့မုန့်အချို့ကို ၉ လပိုင်းက နေပြည်တော်ပို့ထားတာ တချို့တစ်ဝက်ပဲ အဖြေသိသေးတယ်၊ တချို့တစ်ဝက်ကို မသိသေးတော့ ကျောက်မုန့်ဈေးတန်းတွေကို ပြန်စစ်ဆေးဖို့ တစ်လပြန်တိုးသွားတဲ့သဘောပါ” ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်က ပြောသည်။

    ကျောက်မုန့်ဈေးတန်း စစ်ဆေးမှု စီမံချက်ကာလအတွင်း ကျောင်းမုန့်ဈေးတန်းဈေးသည်များ အသိမ်းမခံပဲ ပြဿနာရှာပါက အရေးယူမှုပြုလုပ်သွားမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    “ကျောင်းမှာ ရောင်းတဲ့မုန့်တွေကို ကျမ မိခင်တစ်ယောက်အနေနဲ့ စနစ်တကျ စစ်ဆေးစေချင်တယ်၊ အထူးသဖြင့် ခလေးတွေအကြိုက် လုပ်ထားတဲ့မုန့်တွေ အရောင်စုံပါဘဲ၊ ဒါကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်စေချင်တယ်” ဟု မူလတန်းကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။

    ၂၀၁၄-၂၀၁၅ ခုနှစ်က ကျောင်းကျန်းမာရေးအဖွဲ့ရှိသည့် မော်လမြိုင်၊ သထုံနှင့် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်း စုစုပေါင်း ၄၂၀ ရှိ မုန့်ဈေးတန်းတို့တွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ခဲ့သည်ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

    ကျောင်းမုန့်ဈေးတန်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် ပြုလုပ်မည့် မြို့နယ်များတွင် ကျောင်းမုန့်ဈေးတန်းမှ အသင့်ထုပ်ပိုးပြီး (အမှတ်တံဆိပ်ပါ) အရောင်ပါသော အစားအသောက်များကို သက်ဆိုင်ရာ ကျောင်းကျန်းမာရေးအဖွဲ့များမှ နမူနာကောက်ယူခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts