Homeသတင်းလာမည့် ၂၀၁၇ မတ်လ ၈ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ကျင်းပမည်

လာမည့် ၂၀၁၇ မတ်လ ၈ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ကျင်းပမည်

-

လာမည့် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၆ ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်းအရ ၈.၃.၂၀၁၇ ဗုဒ္ဓဟူးနေ့ နံနက် (၉) နာရီမှ (၁၂) နာရီအထိ မြန်မာစာ၊ ၉.၃.၂၀၁၇ ကြားသပတေးနေ့ အင်္ဂလိပ်စာ၊ ၁၀.၃.၂၀၁၇ သောကြာနေ့ သင်္ချာ၊ ၁၁.၃.၂၀၁၇ စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၃.၃.၂၀၁၇ တနင်္လာနေ့တွင် ဓာတုဗေဒ၊ ၁၄.၃.၂၀၁၇ အင်္ဂါနေ့တွင် ရူပဗေဒ၊ ၁၅.၃.၂၀၁၇ ဗုဒ္ဓဟူးနေ့တွင် ဇီဝဗေဒ၊ ဘောဂဗေဒ၊ ၁၆.၃.၂၀၁၇ ကြာသပတေးနေ့တွင် ပထဝီဝင်၊ ၁၇.၃.၂၀၁၇ သောကြာနေ့တွင် သမိုင်း ဘာသာဖြင့် ဖြေဆိုရမည် ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်း(သတင်းစာ Copy)
တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်း(သတင်းစာ Copy)
မွန်ပြည်နယ်ပညာရေးမှူး ဦးမျိုးတင့်အောင် က “ တက္ကသိုလ်ဝင်တန်းအချိန်စာရင်းနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်ပညားရေးမှူးရုံးကို ညွှန်ကြားစာတော့ မရောက်သေးဘူး၊ အချိန်စာရင်းကိုတော့ သတင်းစာမှာ ပါလာတာတွေ့တော့ မိတ္တူအနေနဲ့ လက်မှတ်ထိုးပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းကို စာထုတ်လိုက်တယ်” ဟု ပြောသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မွန်ပြည်နယ်ရှိ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူဦးရေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ကဒ်ပြားထုတ်ပေးသည့် အချိန်မှသာ မွန်ပြည်နယ်ပညာရေးမှူးရုံး သိရှိရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် အထက်တန်းကျောင်း ၉၀၊ အလယ်တန်းကျောင်း ၁၀၆ ကျောင်း၊ မူလတန်းကျောင်း ၁၂၃၉ ကျောင်း စုစုပေါင်း ၁၄၃၅ ကျောင်းရှိပြီး ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၉,၆၈၁ ဦးအနက် ၇,၇၄၉ ဦး ၃၉ ဒဿမ ၃၇% အောင်မြင်သဖြင့် မြန်မာတစ်နိုင်ငံလုံး၌ မွန်ပြည်နယ်အောင်ချက်အကောင်းဆုံးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာတနိုင်ငံလုံးတွင် ၆၃၆၂၃၇ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၁၉၀၃၃၈ အောင်မြင်ခဲ့သဖြင့် ၂၉.၉၂ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်ချက်ဇယားနှိုင်းယှဉ်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts