spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်းတင်သွင်းထား

    ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်းတင်သွင်းထား

    -

    လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်လျက်ရှိသော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်း တင်သွင်းထားကြောင်း မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်ပွဲကော်မရှင်ရုံးအရာရှိ ဦးထင်ကျော်က မွန်သတင်းအေဂျင်စီ သို့ပြောသည်။

    အဆိုပါ ကိုယ်စားလှယ်လောင်း အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင့်ဝေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးအေးဝင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးဝင်းထွဋ္ဋ် (ခေါ်) ဦးမြဝင်း၊ မွန်အမျိုးသားပါတီမှ နိုင်စိန်မြမောင် (ခေါ်) နိုင်မြမောင် တို့ တင်သွင်းထားကြောင်း သိရသည်။

     ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေရာပြမြေပုံ(UEC)
    ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေရာပြမြေပုံ(UEC)
    မော်လမြိုင်ခရိုင်ရွေးကောက်ပွဲအရာရှိက “ အခုကိုယ်စားလှယ်အလောင်းအမည်စာရင်း တင်သွင်းတာ ဒီနေ့ ၇ ရက်နေ့ နောက်ဆုံးပေါ့၊ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် နေရာအတွက် ကိုယ်စားလှယ်လောင်း ငါးဦး အမည်စာရင်း တင်သွင်းထားတပေါ့” ဟုပြောသည်။

    ကိုယ်စားလှယ်လောင်း အမည်စာရင်း ပြန်လည်ရုပ်သိမ်းလိုပါက ဒီဇင်ဘာ ၉ ရက်နေ့တွင် ရုပ်သိမ်းနိုင်ကြောင်း၊ ယခုတင်သွင်းထားသည့် ကိုယ်စားလှယ်အလောင်းအမည်စာရင်းတင်သွင်းလွှာများကို လာမည့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စိစစ်သွားမည်ဖြစ်ကြောင်း နှင့် ကိုယ်စားလှယ်လောင်း စိစစ်ပြီးသည်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    လာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေငြာချက် ပုံစံ (၁၀) ကို ကပ်ထားကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။
    ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် တာဝန်ထမ်းဆောင်ရသဖြင့် မဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်းလစ်လပ်နေခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်တွင် မဲရုံပေါင်း ၆၂ ရုံ၊ မဲဆန္ဒရှင် (၁၂၇,၂၄၉) ဦး ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

    လာမည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၇ နေရာ စုစုပေါင်း ၁၈ နေရာ လစ်လပ်နေပြီး မွန်ပြည်နယ်တွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်တစ်နေရာသာ လစ်လပ်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks