Homeသတင်းကရင်နှစ်သစ်ကူးနေ့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်

ကရင်နှစ်သစ်ကူးနေ့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်

-

လာမည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင်ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်မြင့်ခိုင်က “ ကရင်နှစ်သစ်ကူးနေ့အတွက် ပထမဆုံးအကြိမ် ထောက်ပံ့တယ်ဆိုတော့ ဒါဟာ ကျနော်တို့ရဲ့ တိုင်းရင်းသား လူနည်းစုကို အသိအမှတ်ပြုမှုပေါ့၊ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးအတွက်ပဲပြောပြော၊ အမျိုးသားရင်ကြားစေ့ရေးပဲပြောပြောပေါ့နော်၊ ငွေသိန်း ၁၅၀ ဆိုတာ ပမာဏအားဖြင့်တော့ နည်းနည်းလေးတော့ ဖြစ်ချင်လည်းဖြစ်မယ်၊ များချင်လည်း များမယ်ပေါ့နော်၊ အကျိုးသက်ရောက်မှုအပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် တိုင်းရင်းသား အချင်းချင်း ယုံကြည်မှုတွေ၊ စုစည်းမှုတွေ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ပဲ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်း(KIC)
ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်း(KIC)
မွန်ပြည်နယ် ၁၀ မြို့နယ်ရှိသည့်အတွက် တစ်မြို့နယ်လျင် ၁၅ သိန်းကျပ်ရရှိမည့် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး ထောက်ပံ့ငွေများကို ဒီဇင်ဘာ ၈ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များမှ ပွဲတော်ကျင်းပရေးကော်မတီအားလုံး ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ကိုယ်ရေးအရာရှိ ဦးစောချစ်သန်း က “မွန်ပြည်နယ်အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းဖို့အတွက်၊ ဖော်ထုတ်ပေးဖို့ အတွက် ထောက်ပံ့ပေးတယ်၊ အစိုးရသစ်လက်ထက်မှာ မွန်ပြည်နယ်သာမက သက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာလည်း ဒီလိုမျိုးထောက်ပံ့ထားတယ်” ဟု ပြောသည်။

ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား ဂုဏ်ပြုချီတက်အလေးပြုခြင်း၊ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ အပါအဝင် ကရင်ခေတ်ပေါ်ဂီတပွဲတော်၊ ဇာတ်သဘင်နှင့် ရိုးရာယဉ်ကျေးမှု အခင်းအကျင်းများကို ပြသထားသည်ဟု သိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိမီ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ကရင်နှစ်သစ်ကူးနေ့ကို ၁၉၃၇ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့မှစတင်သတ်မှတ်ပေးထားပြီး နိုင်ငံတော်တရားဝင်ရုံးပိတ်ရက်တစ်ရက်လည်း ဖြစ်သည်။

ဆက်စပ်သတင်း

1 COMMENT

  1. မွန်ပြည်နယ်အစိုးရက သဘောထားကြီးတာကိုသိရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ပြီး မိမိတို့ မွန်အမျိုံးသားနေ့အတွက် ကျင်းပရေးကော်မတီအား များစွာထောက်ပံ့ပေးဦးမည်ကိုလည်း နားလည်ထားပါတယ် ခင်ဗျာ။

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts