Thursday, March 12, 2026
More
    spot_img
    Homeသတင်းလွှတ်တော်အတည်ပြုထားသည့်အဆိုအချို့အား အကောင်ထည်ဖော်ရန်ခက်ခဲနေဟု မွန်ဝန်ကြီးချုပ်ပြော

    လွှတ်တော်အတည်ပြုထားသည့်အဆိုအချို့အား အကောင်ထည်ဖော်ရန်ခက်ခဲနေဟု မွန်ဝန်ကြီးချုပ်ပြော

    -

    မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုထားသော အဆို၊ မေးခွန်းအချို့အား ဥပဒေကို ကျော်လွန်ပြီး အကောင်ထည်ဖော်ဆောင်ရွက်ရန် အခက်ခဲရှိနေသည်ဟု ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် စတင်ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က “လွှတ်တော်မှ အတည်ပြုခဲ့သည့် တချို့အဆိုများသည် အကောင်အ ထည်ဖော်ဆောင်ရွက်ရန် ခက်ခဲသောအဆို ရှိသကဲ့သို့ တချို့အဆိုများသည်လည်း လွှတ်တော်မှပြဌာန်းခဲ့သည့် ဥပဒေများအားလွှမ်မိုးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် ဥပဒေကိုကျော်လွန်ပြီး အကောင်ထည်ဖော်ဆောင်ရွက်၍ မရသည့်အခြေအနေကို တွေ့ရှိရပါတယ်” ဟု ပြောဆိုသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး မိန့်ခွန်းပြောကြားစဉ်(MNA)
    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး မိန့်ခွန်းပြောကြားစဉ်(MNA)
    လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိစ္စတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းပြီး တစ်ဦးက မေးခွန်းထပ်မေးခြင်း၊ တချို့အဆိုများသည် မေးခွန်းအဖြစ်သာ ပြင်ဆင်မေးမြန်းသင့်ကြောင်း ဦးမင်းမင်းဦး ဆက်လက်ပြောကြားသည်။

    သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးအောင်ကျော်သူက “အဆို၊ မေးခွန်းများတင်သွင်းရာမှာ ပြည်နယ်အစိုးရုံးကို ကြိုတင်ပေးပို့ထားပြီးဖြစ်ပါတယ်။ ဥပဒေနဲ့မညီရင် ပယ်ချလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ လွှတ်တော်ထဲ ရောက်မှ ဥပဒေနဲ့မညီတဲ့ ကိစ္စကို လက်ခံနိုင်စရာအကြောင်းမရှိ” ဟု ဆိုသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး ၃ ကြိမ်တိုင်ပြုလုပ်ခဲ့ရာတွင် အဆို ၁၉ ခု အတည်ပြုခဲ့ပြီး လွှတ်တော်ကိုယ် စားလှယ်များမှ မေးခွန်း ၆၆ ခု မေးမြန်ခဲ့သည်ဟု သိရသည်။

    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် ပြည်သူတွေရွေးကောက်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ် ၂၀ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊ ဥပဒေချုပ် ၁ ဦး၊ တရားသူကြီးချုပ် ၁ ဦးနှင့် စားရင်းစစ် ချုပ်တစ်ဦးတို့ပါဝင်သည့် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိသည်။

    ယခုကျင်းပလျက်ရှိသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်၊ စတုတ္ထပုံမှန်အစည်းအဝေးကို ၅ ရက်ခန့်ကျင်းပ သွားမည်ဟုသိရပြီး အဆို ၃ ခု၊ မေးခွန်း ၂၀ ကျော်ခန့်အပြင် ဆားလုပ်ငန်းဥပဒေမူကြမ်းကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks