spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လောလောဆယ်မွန်ပြည်နယ်တွင် ကျင်းပနိုင်လိမ့်မည်မဟုတ်

    လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လောလောဆယ်မွန်ပြည်နယ်တွင် ကျင်းပနိုင်လိမ့်မည်မဟုတ်

    -

    မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် NCA မရေးထိုးရသေးသဖြင့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လောလောဆယ် မွန်ပြည်နယ်တွင် ကျင်းပနိုင်လိမ့်မည်မဟုတ်ကြောင်း သိရသည်။

    “UPDJC အဖွဲ့ဝင်တော်တော်များများက အဆင်သင့်ဖြစ်တဲ့နေရာတွေကို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့အတွက်အဆိုပြုထားတယ်၊ အဆင်သင့်ဖြစ်တဲ့ဒေသဆိုတဲ့ NCA လက်မှတ်ထိုးပြီးသား ဒေသမှာပဲလုပ်ရမယ်ဆိုတော့ ကျနော်တို့မွန်လူမျိုးတွေအနေနဲ့ မွန်ပြည်နယ်ထဲမှာ လောလောဆယ် လူမျိုးအလိုက်ဆွေးနွေးပွဲလုပ်လို့မရသေးပါဘူး” ဟု UPDJC အဖွဲ့ဝင် မွန်အမျိုးသားပါတီမှ မင်းကျော်ဇေယျဦး(ခေါ်) မင်းဇေယျာဦးက ပြောသည်။

    UPDJC အဖွဲ့ဝင် မင်းကျော်ဇေယျဦး(ခေါ်) မင်းဇေယျာဦး(Facebook)
    UPDJC အဖွဲ့ဝင် မင်းကျော်ဇေယျဦး(ခေါ်) မင်းဇေယျာဦး(Facebook)
    လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံရေးပါတီများနှင့် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရ၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လူမှုအဖွဲ့အစည်းများက ဦးဆောင်ကျင်းပရမည်ဟု UPDJC လုပ်ငန်းလမ်းညွှန်တွင် ဖော်ပြထားသည်။

    “ဒါပေမယ့် ဒေသအလိုက်ဆွေးနွေးပွဲမှာ ကျနော်တို့မွန်လူမျိုးတွေအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပမှာပါ၊ မွန်လူမျိုးတွေအနေနဲ့ သူတို့ချပေးထားတဲ့ခေါင်းစဉ်တွေအလိုက် ဝင်ရောက်ဆွေးနွေးလို့ရပါတယ်” မင်းဇေယျာဦးက ဆိုသည်။

    လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေပွဲကို တနင်္သာတိုင်းဒေသကြီး၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပရန် တပ်မတော်အနေဖြင့် အဆိုပြုထားသည်ဟု သူကဆက်ပြောသည်။

    “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို NCAလက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်ကျင်းပဖို့ကိစ္စကိုတော့ အစိုးရဘက်က သဘောမတူပါဘူး။ အကြံပြုချင်တာက အစိုးရ အနေနဲ့ UNFC အပါအဝင် NCA ပြင်ပမှာရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့သဘောတူညီ မှု ရရှိအောင် အမြန်ဆုံးညှိနှိုင်းစေချင်ပါတယ်။ ဒါဆိုရင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဟိုနေရာ မကျင်းပရ၊ ဒီနေရာမကျင်းပရဆိုတဲ့ မေးခွန်းရှိမှာမဟုတ်တော့ပါဘူး” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP သည် ၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီးဖြစ်သော်လည်း လောလောဆယ် NCA လက်မှတ်မရေးထိုးသေးသည့် မြန်မာနိုင်ငံတောင်ပိုင်းလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များထဲမှ တစ်ဖွဲ့တည်းသာ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks