spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရာဘာတစ်ပေါင် ကျပ်တစ်ထောင်ဝန်းကျင်အထိဈေးနှုန်းမြင့်လာ

    မွန်ပြည်နယ်ရာဘာတစ်ပေါင် ကျပ်တစ်ထောင်ဝန်းကျင်အထိဈေးနှုန်းမြင့်လာ

    -

    မွန်ပြည်နယ်တွင် ရာဘာဈေးနှုန်းမြှင့်တက်လာနေရာ ဒီဇင်ဘာ (၁) ရက်နေ့တွင် RSS-3 အမျိုးအစား တစ်ပေါင်လျင် ၉၉၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

    “ဒီနေ့ရာဘာဈေးက (၉၉၅) ကျပ်ရောက်နေတယ်၊ အခုဝယ်တာက ရာဘာရဲ့အရည်းအသွေးအပေါ်မှာ မူတည်ပြီး ဈေးဖြတ်တယ်၊ ရာဘာက ကောင်းရင် ကောင်းသလို ဈေးကောင်းမယ်၊ အချို့အစိုဓါတ်များနေရင် RSS-3 ဆိုပေမဲ့လည်းကျပ် ၈၀ဝ ကျော်ပဲရပါတယ်၊ ရာဘာအထူပြားက (၇၀ဝ-၇၇၀) ကျပ်ကြားနဲ့ အပါးပြားက (၈၀ဝ) ကနေ ကျပ် (၉၀ဝ) ကြား ပေါက်ဈေးရှိတယ် ” ဟု မုဒုံမြို့နယ် ဖူရှင်ရာဘာဝယ်ယူရေးစက်ရုံမှ မန်နေဂျာ ဦးသူရက ပြောသည်။

    ရာဘာထုတ်လုပ်နေသည့် မိသားစု(MNA)
    ရာဘာထုတ်လုပ်နေသည့် မိသားစု(MNA)
    ယမန်နှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလ (၂) လတွင် ရာဘာဈေးတက်ခဲ့ကြောင်း၊ အဆိုပါ (၂) လအတွင်း တရုတ်နှင့်မြန်မာနယ်စပ်ဂိတ်တို့၌ တစ်နှစ်တစ်ကြိမ် ပါမစ် (free) ပေးခဲ့သည့်အတွက် ကမ္ဘာ့ဈေးကွက်ကျသော်လည်း တရုတ်ရာဘာဈေးကွက်တွင် ဈေးအနည်းငယ်သာကျတတ်ကြောင်း ၄င်းက ဆက်ပြောသည်။

    “တရုတ်နိုင်ငံက စီးပွားရေးဈေးကွက် မြှင့်တင်နေလို့၊ ကျွန်တော်တို့ ရာဘာဈေးက တရုတ်ဈေးကွက်ပေါ်မှာ မူတည်နေတဲ့အတွက် တရုတ်ဈေးကွက်မြင့်တက်လာလို့ ရာဘာဈေးတက်တာပါ ” ဟု မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။

    ထားဝယ်မြို့တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် စင်္ကာပူမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ရာဘာဈေးသည် (၂၀၂၀) ခုနှစ်အထိ တက်လာနိုင်မည်ဟုခန့်မှန်းထားပြီး (၂၀၁၇) ခုနှစ်၌ ရာဘာတစ်ပေါင်ဈေးသည် မြန်မာငွေဖြင့် (၂၀ဝ၀) ကျပ်အထိ တက်လာနိုင်မည်ဟု နိုင်ကျန်ရစ်က ဆက်လက်ပြောသည်။

    “အထူ နဲ့အပါးက တကယ်လို့ (၈၀) လောက်ပဲ ဈေးကွာနေရင် အခြောက်ခံပြီးတဲ့အခါ ရတဲ့ငွေက အထူလောက်ပါပဲ၊ တကယ်လို့ ဈေးနှုန်းက (၁၃၀) ကျပ်လောက်ကွာနေရင်တော့ ရာဘာပြားအပါးထုတ်လုပ်တာ ပိုအဆင်ပြေတယ်” ဟု သံဖြူဇရပ်မြို့နယ် ဝယ်ဝင်ကရာကျေးရွာမှ ရာဘာခြံပိုင်ရှင် ဦးဝဏ္ဏထော ကပြောသည်။

    ကမ္ဘာတစ်ဝှမ်းတွင် ထိုင်းနိုင်ငံသည် ရာဘာထွက်အများဆုံးဖြစ်ပြီး ကမ္ဘာ့ရာဘာဈေးကွက် ဆက်တိုက်ထိုးကျလာမှုကြောင့် ထိုင်းအစိုးရက ရာဘာပင်ကို ခုတ်လှဲစေကာ အခြားစီးပွားဖြစ်အပင်များ အစားထိုးစိုက်ပျိုးရန် အားပေးလာကြောင်း၊ ထိုင်းနိုင်ငံတွင် ရာဘာအထွက်နှုန်း လျှော့ကျလာပြီး ကမ္ဘာ့ဝယ်လိုအား တိုးလာသည်ကတစ်ကြောင်း၊ မြန်မာငွေတန်ဖိုးကျဆင်းလာသည်က တစ်ကြောင်း၊ ကမ္ဘာ့ဈေးကွက်တိုးမြှင့်လုပ်ဆောင်လာမှုက တစ်ကြောင်းကြောင့် ရာဘာဈေးတက်လာသည်ဟု ရာဘာဝယ်ယူရေးဒိုင်များက သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks