spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ဒီဇင်ဘာ ၇ ရက်နေ့တွင်ကျင်းပမည်

    မွန်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ဒီဇင်ဘာ ၇ ရက်နေ့တွင်ကျင်းပမည်

    -

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို လာမည့် ဒီဇင်ဘာ ၇ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်စည်းဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

    စတုတ္ထအကြိမ်မှာ ကျင်းပမည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အဆို ၄ ခု၊ မေးခွန်း ၃၀ ကျော် မေးမြန်းသွားမည့်အပြင် ဆားလုပ်ငန်းဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်း တင်သွင်းမည်ဟုလည်း သိရသည်။

    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမြင်ကွင်း(မွန်လွှတ်တော်)
    မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမြင်ကွင်း(မွန်လွှတ်တော်)
    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ က “အန်တီတို့က မေးခွန်းတွေကို ၂၃ ရက်နေ့ကတကြိမ်၊ ၂၅ ရက်နေ့ မှာတစ်ကြိမ် ကြိုပို့ပေးထားပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့ရောက်ဖို့အချိန် ၂ ပတ်လောက်ရတယ်။ အန်တီတို့လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို အစိုးရဘက်က တိကျတဲ့အဖြေကို ကြားချင်ပါတယ်” ဟု မွန်သတင်း အေဂျင်စီကို ပြောသည်။

    လွှတ်တော်မှ မေးမြန်ထားသည့်မေးခွန်းများနှင့် အတည်ပြုထားသည့် အဆိုများအား အစိုးရဘက်မှ အကောင်အ ထည်မှု အားနည်းခဲ့သည့်အတွက် အကောင်ထည်ဖော်မှု အားကောင်းလာစေရန်အတွက် ဥပဒေ နည်းဥ ပဒေနဲ့အညီ အစိုးရအား တိုက်တွန်းထားကြောင်း လွှတ်တော်ဥက္ကဌက ဆက်ပြောသည်။

    ရေးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေလွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာ မင်းစိုးလင်းက “မော်လမြိုင် အမေရိကန်ဆေးရုံ (အမျိုးသမီးနှင့် ခလေးဆေးရုံ) မှာက လူနာကလည်း များနေတယ်။ ဝန်ထမ်းတွေအတွက် အိမ်ရာမရှိဘူး ဆိုတော့ ဆရာဝန်တွေ သူနာပြုတွေ အခက်ခဲရှိနေတယ်။ အဲဒါကြောင့် ဝန်ထမ်းအိမ်ရာဖြစ်ပေါ်လာဖို့အတွက် မေးခွန်းမေးဖို့ရှိပါတယ်” ဟု ဆိုသည်။

    အဆိုပါမော်လမြိုင် အမျိုးသမီးနှင့် ခလေးဆေးရုံတွင် ကုတင် ၂၀ဝ ဆံ့ သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က သွားရောက်လေ့လာထားချက်အရ လူနာအရေအတွက်၂၈၇ ဦးတွေ့ရှိကြောင်း ဒေါတ်တာမင်းစိုးလင်း က ဆက်ပြောသည်။

    စတုတ္ထအကြိမ်ကျင်းပမည့်လွှတ်တော်အစည်းအဝေးတွင် အစိုးရ၏ လုပ်ဆောင်ချက်အစီရင်ခံစာ၊ လွှတ်တော်ရေးရာကော်မတီများ၏ အစီရင်ခံစာများတင်ပြဆွေးနွေးရန်ရှိပြီး ၅ ရက်ခန့်ကျင်းပသွားမည်ဟု လွှတ်တော်ဥက္ကဌက ဆိုသည်။

    လက်ရှိဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ၂ ဦး၊ မွန်ဒေသလုံးဆိုင်ဒီမိုကရေစီပါတီကိုယ်စား လှယ် ၁ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါဝင်လျက်ရှိသည်

    ပြီးခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၅ ရက်ကြာပြုလုပ်ခဲ့ရာတွင် အောက်တိုဘာ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ စုစုပေါင်း ၅ ရက်ကြာကျင်းပခဲ့ရာ တတိယမြောက်နေ့၌ မွန်ပြည်နယ်ဝန်ကြီးချုပ်ခွင့်ပန်ခဲ့ရာ အကြောင်းအရာလွဲမှားနေသဖြင့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကန့်ကွက်ခဲ့သည်ကို လွှတ်တော်အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks