spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေး တန်ချိန်တစ်သိန်းခွဲတင်သွင်းပြီးပြီ

    MCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေး တန်ချိန်တစ်သိန်းခွဲတင်သွင်းပြီးပြီ

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ ကော့ဒွန်း၊ ကော့ပနော့ကျေးရွာအနီးရှိ MCL ဘိလပ်မြေစက် ရုံလည်ပတ်ရန် ယခုအခါ ကျောက်မီးသွေး တန်ချိန် စုစုပေါင်းတစ်သိန်းခွဲ (၁၅၀,ဝ၀ဝ ) တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း MCL အုပ်ချုပ်မှုဒါရိုက်တာ Mr.Wijit Terasarun က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    MCL အနေဖြင့် လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည့် ကျောက်မီးသွေးများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ရယူပြီး အတ္ထရံမြစ်ကြောင်းကို အသုံးပြု၍ ယမန်နှစ် ဖေဖော်ဝါရီလကတည်းက သင်္ဘောများဖြင့် စတင်တင်သွင်းခဲ့ခြင်းဖြစ်သည်။

    အတ္ထရံမြစ်ကြောင်းမှ ကျောက်မီးသွေးတင်သင်္ဘော(MNA)
    အတ္ထရံမြစ်ကြောင်းမှ ကျောက်မီးသွေးတင်သင်္ဘော(MNA)
    Mr.Wijit Terasarun က “လက်ရှိအချိန်တွင် MCL သည် စမ်းသပ်ကာလဖြစ်ပြီး ၂၀၁၇ ခုနှစ် ပထမ ၃ လ ပတ် အစောပိုင်းတွင် အပြည့်အဝ စီးပွားဖြစ်လည်ပတ်နိုင်ရန် မျှော်မှန်းထားတယ်” ဟု ပြောသည်။

    စီးပွားဖြစ်လည်ပတ်နိုင်ရန် လုပ်ငန်းများမလုပ်ဆောင်မီ လုပ်ထုံးလုပ်နည်းတစ်ခုအနေဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ပါဝင်သော အစိုးရအရာရှိ ၂၅ ဦး အဖွဲ့ တို့သည် MCL ဘိလပ်မြေစက်ရုံသို့ လာရောက်လေ့လာမှုများပြုလုပ်ခဲ့သည်ဟု Mr.Wijit Terasarun က မီဒီယာများသို့ ပြောကြားထားပြီးဖြစ်သည်။

    MCL ဘိလပ်မြေစက်ရုံ၏ ကျောက်မီးသုံးစွမ်းအင်အသုံးပြုခြင်းကိစ္စရပ်တန့်ပေးပါရန် စက်ရုံပတ်ဝန်းကျင်ရှိ ကျေးရွာ (၇) ရွာမှ ဒေသခံပြည်သူများက ကန့်ကွက်လက်မှတ်ပေါင်း (၄၀ဝ၀) နီးပါးရေးထိုးကာ ၂၀၁၆ ခုနှစ် ဧပြီလက နိုင်ငံတော်သမ္မတနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဆီသို့ တောင်းဆိုမှုများပြုလုပ် ခဲ့သော်လည်း ယနေ့ အချိန်ထိ ထူးခြားမှုမရှိကြောင်း ကတုံစီးကျေးရွာမှ နိုင်မစ်က ဆိုသည်။

    နိုင်မစ်က “ကျွန်တော်တို့ဘက်ကသာ ဘာမှ မထူးခြားတာ၊ သူတို့ကတော့ အလုပ်ဖြစ် နေပြီ၊ အခုဟာက သူတို့ စက်ရုံက စမ်းသပ်ကာလဆိုပေမယ့် ၂၄ နာရီ မရပ်မနား လည်ပတ်နေပြီ” ဟု ဆိုသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ရဲ့ ၂၀၁၃ ခုနှစ် မေလ (၇) ရက် နေ့ ရက်စွဲပါ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

    တစ်ရက် တန် ၅၀ဝ၀ ကျ MCL ဘိလပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် (Pacific Ling Cement Industri es) ကုမ္မဏီက အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်နိုင်ငံသားပိုင် SCG (Siam Cement Group) က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိက အကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks