spot_img
Monday, July 15, 2024
More
    spot_img
    Homeသတင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ မော်လမြိုင်တွင် ပြုလုပ်ခဲ့

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ မော်လမြိုင်တွင် ပြုလုပ်ခဲ့

    -

    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှုတစ်ရပ်အနေဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာပန်းခြံမှ ဈေးကြိုအဝိုင်းအထိ မွန်အမျိုးသမီးတက်ကြွလှုပ်ရှားသူများမှ ညနေ ၅ နာရီမှ ၂ နာရီကြာခန့် ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့၌ အထူးသဖြင့် သက်ငယ်မုဒိန်းမှု ပပျောက်စေရေး လူတိုင်းပါဝင်နိုင်ရန် တိုက်တွန်းနှိုးဆော်ပြီး ပြည်တွင်းစစ် ရပ်တန့်ရေးလည်း တောင်းဆိုခဲ့သည်ဟု မွန်အမျိုးသမီးများကွန်ရက် စီမံချက်တာဝန်ခံ မိအိန်ပကောင်းက ပြောသည်။
    သူက “သက်ငယ်မုဒိန်းမှုတွေ တအားကိုများနေပြီး အမျိုးသမီးတစ်ရပ်လုံးအနေနဲ့ လုပ်လို့မမှီဘူး လူကြီးလူငယ် ကျား/မ မရွေး လူတိုင်းပါဝင်ဖို့ သက်ဆိုင်ရာ ဌာနအလိုက် ပူးပေါင်းပါဝင်သင့်ပြီး ဒါမှပဲ ဒီအကြမ်းဖက်မှုကိစ္စကို လက်လှမ်းမှီနိုင်တယ်၊ တရားမျှတမှုရဖို့အတွက် လူတိုင်းဝိုင်းဝန်းတောင်းဆိုဖို့ လိုအပ်သည် ” ဟု ဆက်ပြောသည်။

    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှု-မော်လမြိုင်မြို့(MNA)
    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှု-မော်လမြိုင်မြို့(MNA)
    အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသက်သက်မဟုတ်ပဲ နည်းမျိုးစုံဖြင့် လိမ်ညာလှည့်ဖြားပြီး စားသောက်ဆိုင်များတွင်လည်း လိင်ပိုင်ဆိုင်ရာ အရောင်းစားခံရခြင်းရှိသည်ဟု သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၃၆ မှုဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိန်းမှု ၂၃ မှုပါဝင်ပြီး အသက် ၂ နှစ်မှ ၅ နှစ်အထိ ၁ မှု၊ ၆ နှစ်မှ ၁၀ နှစ်အထိ ၃ မှု၊ ၁၁ နှစ်မှ ၁၃ နှစ်အထိ ၈ မှု နှင့် ၁၄ နှစ်မှ ၁၆ နှစ်အထိ ၁၁ မှု ပါရှိသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

    “အများအားဖြစ် ကျိုက်မရောမြို့နယ်မှာပေါ့နော် အမျိုးသမီး ကလေလူငယ်တွေ ရောင်စားခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့တွေ ကျမတို့အပေါ် အကူအညီလိုအပ်တဲ့နေရာတွေမှာဆိုရင် ဥပမာ ရဲစခန်းတို့ တရားရုံးတို့ နောက်ပြီး ဆေးရုံးတို့ သွားရမယ့်နေရာတွေမှာဆိုရင် ကျမတို့အနေနဲ့ကလည်း တရားမျှတမှုရရှိဖို့အတွက် သွားရောက်ကူညီပေးခဲ့တာတွေ ရှိတယ်” ဟု မွန်အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့မှ မိအာမွန်ချမ်းက ဆိုသည်။

    အမျိုးသမီးများ ၁၆ ရက်တာ လှုပ်ရှားမှုတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်နေ့၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အရှေ့တောင်အာရှ အမျိုးသမီးများနေ့၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကမ္ဘာ့မသန်စွမ်းသူများနေ့၊ ဒီဇင်ဘာလ ၆ ရက်နေ့က မွန်ထရီမြို့ လူသတ်ပွဲ နှစ်ပတ်လည်နေ့ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်သည်။

    ယင်း အမျိုးသမီးများပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို မော်လမြိုင်မြို့ပေါ်တွင် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့ပြီး ကျေးလက်ဒေသများတွင်လည်း နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,200SubscribersSubscribe
    spot_img

    Latest posts