spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြင်ဆင်ရေးဆွဲသည့် မွန်စည်ပင်ဥပဒေကြမ်းတွင် ပြည်နယ်အဆင့်ကော်မတီအား ဖျက်သိမ်းထား

    ပြင်ဆင်ရေးဆွဲသည့် မွန်စည်ပင်ဥပဒေကြမ်းတွင် ပြည်နယ်အဆင့်ကော်မတီအား ဖျက်သိမ်းထား

    -

    မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီကို လွှတ်တော်မှ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် မြို့နယ် အဆင့်ကော်မတီများ လုပ်ငန်းဖော်ဆောင်မှု အားကောင်းစေရန်အတွက် ပြည်နယ်အဆင့် ကော်မတီ ကို ဖျက်သိမ်းထားကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

    လက်ရှိအချိန်တွင် အသုံးပြုလျှက်ရှိသည့် စည်ပင်ဥပဒေ၌ မြို့နယ်စည်ပင်ကော်မတီ၊ ပြည်နယ်စည်ပင် ကော်မတီ၊ စည်ပင်သာယာရေးဝန်ကြီးဟု အဆင့်ဆင့်ထားရှိရာမှ ယခုအသစ်တဖန်ပြန်လည် ပြင်ဆင်ရေးဆွဲ နေသည့် ဥပဒေကြမ်း တွင် ပြည်နယ်အဆင့်ကော်မတီကို ဖျက်သိမ်းထားခြင်း ဖြစ်သည်။

    မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း(Copy)
    မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း(Copy)
    မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ပြီးခဲ့တဲ့သက်တမ်းမှာက ပြည်နယ်ကပဲ ရန်ပုံငွေရှာပေးမယ်။ ပြဿနာဖြစ်ရင် အမှုကိုသွားရှင်းပေးမယ် အဲဒီလိုဖြစ်နေတယ်။ မြို့နယ်က အိုင်ဒီ ယာ စိတ်ကူးစိတ်သန်း ပုံဖော်လုပ်ဆောင်မှုက မတက်လာဘူး။ အဲဒါကြောင့် ပြည်နယ်ကော်မတီထား သင့်/ မထားသင့်ဆိုတာက စဖြစ်လာပါတယ်” ဟု ဆိုသည်။

    လက်ရှိပြည်နယ်အဆင့် စည်ပင်ကော်မတီအနေဖြင့် မော်လမြိုင်မြို့တစ်မြို့ထဲကိုသာ လုပ်ငန်းဖော် ဆောင်မှုများသောကြောင့် မော်လမြိုင်မြို့နယ်အဆင့် စည်ပင်ကော်မတီရဲ့ အခန်းကဏ္ဍက ပျောက်ဆုံး လျက်ရှိဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    ဥပဒေအား ပြင်ဆင်ရေးဆွဲရာတွင် ပြည်သူအားလုံးပါဝင်လာနိုင်ရန်နှင့် ပြည်သူတွေရဲ့ အသံ ပြည်သူ့ သဘောထားအမြင်များ ရယူသွားရန်အတွက် ဥပဒေမူကြမ်းအား မွန်ပြည်နယ်လွှတ်တော်၏ အင်တာ နက်စာမျက်နှာ၌ တင်ထားကြောင်း သိရသည်။

    မော်လမြိုင်မြို့ခံ ဦးမောင်မောင်ဇော်ထွန်က “ဥပဒေမှာက ပြည်သူလူထု ပူပေါင်းပါဝင်မှုကို တိုးမြှင့်သွား မယ်လို့ ထည့်သွင်းထားတာရှိတယ်။ ဒါပေမဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်လို့ရတဲ့ ပြည်နယ်စည်ပင် ကော်မတီကိုတော့ ဖျက်လိုက်တာ တွေ့ရပါတယ်” ဟု ဆိုသည်။

    ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် မြို့နယ်အဆင့် စည်ပင်သာယာ ရေးကော်မတီကို ရွေးကောက်ခံလူထုမှ ၅ ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ (ဒုဦးစီး) ၁ ဦး၊ ကျေးလက်ဒေသဦးစီးဌာနမှ (ဒုဦးစီး) ၁ ဦးတို့ ပါဝင်တာဝန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်းထားပါ သည်။

    မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ၂၀၁၂ ခုနှစ် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို ၂၀၁၃ တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် ပြန်လည်ဖြည့်စွက် ရေးဆွဲခဲ့ရာ ယခုပြင်ဆင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းအား လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် မွန်ပြည်နယ် လွှတ်တော်အစည်းဝေး၌ ဆွေးနွေးတင်သွင်းပြီး အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks