Wednesday, May 13, 2026
More
    spot_img
    Homeသတင်းယခုနှစ်အတွင်း မွန်ပြည်နယ်တွင် မီးလောင်မှု ၅၆ ကြိမ်ဖြစ်ပွားခဲ့

    ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် မီးလောင်မှု ၅၆ ကြိမ်ဖြစ်ပွားခဲ့

    -

    မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစ၍ ယခု နို၀င်ဘာလအထိစုစုပေါင်း မီးလောင်ကျွမ်းမှု  ၅၆ ကြိမ်ဖြစ် ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးသိန်းနှစ်ရာကျော်ခန့်ရှိခဲ့ကြောင်း မွန်ပြည်နယ်မီးသတ် ဦးစီးမှုးရုံးမှသိရသည်။

    မီးလောင်ကျွမ်းမှုအများစုမှာ မီးဖိုမီးကြွင်းမီးကျန်မှလည်းကောင်း ၊လှျပ်စစ်ပစ္စည်းကိရိယာများ အပူလွန်ကဲရာမှ လည်းကောင်း စသည်ဖြင့်ပေါ့ဆမှုများမှ အများဆုံးဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးမှုးရုံးမှတာ၀န်ရှိသူ တစ်ဦးက ပြောကြားသည်။

    မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး(MNA)
    မွန်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး(MNA)
    သူက“မီးလောင်မှုအများဆုံးဖြစ်တာကတော့ ပေါ့ဆမီးတွေကပဲဖြစ်တာများတယ်  မီးဖိုမီးကြွင်းမီးကျန်တွေကနေ ကူးစက်လောင်တာရှိတယ်၊လှျပ်စစ်ပစ္စည်းကိရိယာတွေမှာ တချို့ဆိုရင် ဒဏ်ခံတဲ့ ကိရိယာတွေမသုံးလို့လှျပ်စစ်ကနေမီးလောင်မှုတွေဖြစ်တာများတယ်” ဟု ပြောသည်။

    ယခုအချိန်အခါသည် မိုးရာသီမှဆောင်းရာသီအကူးအပြောင်းကာလဖြစ်သည့်အတွက် မီဘေးအန္တရာယ် အထူးသတိရှိဖို့လိုကြောင့် ၄င်းကဆက်ပြောသည်။

    “လှျပ်စစ်ဝါယာကြိုးအဟောင်းတွေကို သုံးပြီး တိတ်နဲ့ မကပ်ထားရတာတွေ၊ဟင်းအိုးတွေကို ပလပ်ထိုးထားပြီး တော့ မီးပျက်သွားလို့ ပလပ်ကိုပြန်မချွတ်မိဘဲနဲ့ မီးလာတဲ့အခါ အပူလွန်ကဲပြီးဖြစ်တာတွေ၊ မီးသီးက ဗို့အားနည်းနည်းပဲ ခံတာကို ဗို့အားများများနဲ့ ထွန်းမိတဲ့အခါတွေမှာ မိသီးကပေါက်ကွဲပြီး လောင်ကျွမ်းတာတွေဟာ လှျပ် စစ်ကြောင့်ဖြစ်တာပေါ့” ဟုမော်လမြိုင်မြို့တွင် ကွန်ပျူတာပြုပြင်သူတစ်ဦးဖြစ်သူ ကိုအဗိုင်းကပြောသည်။

    မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုအကြိမ်အရေအတွက်များမှာဇန်နဝါရီလတွင် ၉ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၂ ကြိမ်၊ မတ်လတွင် ၅ ကြိမ်၊ဧပြီလတွင် ၁၀ ကြိမ်၊ မေလတွင် ၄ ကြိမ်၊ ဇွန်လတွင် ၂ ကြိမ်၊ ဇူလိုင်လတွင် ၂ကြိမ်၊ စက်တင်ဘာလတွင် ၆ ကြိမ်၊ အောက်တိုဘာလတွင် ၂ ကြိမ်၊နိုင်၀င်ဘာလတွင် ၄ ကြိမ် စုစုပေါင်း ၅၆ ကြိမ်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

    ပြီးခဲ့သည့်ဇွန်လအတွင်း မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးမှုရှိခဲ့ကြောင်း၊  ထို့အပြင် အောက်တိုဘာလအတွင်း ၂ ကြိမ်သာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့သော််လည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၄၀ ခန့်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်သည် မြို့နယ်နှင့် မြို့နယ်ခွဲအရေအတွက် ၁၂ဖြင့်ဖွဲ့စည်းထားပြီး  ၂၀၁၄ ခုနှစ်တွင် ကောက်ခံထားသောသန်းခေါင်စာရင်းအရ လူဦးရေ ၂ သန်းကျော်နှင့် အိမ်ထောင်စုလေးသိန်းကျော်နေထိုင်ကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks