spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်လူမှုအဖွဲ့အစည်းများတစ်လတစ်ကြိမ်တွေ့ဆုံသွားမည်

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်လူမှုအဖွဲ့အစည်းများတစ်လတစ်ကြိမ်တွေ့ဆုံသွားမည်

    -

    မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍အကောင်အထည်ဖော်နေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များကြုံတွေ့ရသည့် အခက်အခဲများကိုရှင်းလင်းချပြနိုင်ရန် သတင်းမီဒီယာများ၊အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများတို့အား တစ်လတစ်ကြိမ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

    လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုဒေသခံပြည်သူအများစုသိရှိမှုနည်းပါး ခြင်း၊ ဝေဖန်မှုများရှိခဲ့ခြင်းကြောင့်တစ်လတစ်ကြိမ် တွေ့ဆုံသွားမည်ဆိုပါက လွှတ်တော်လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရှိနိုင်မည်ဖြစ်ကြောင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်ကျင်းပနေပုံမြင်ကွင်းတစ်ခု(မွန်လွှတ်တော်)
    မွန်ပြည်နယ်လွှတ်တော်ကျင်းပနေပုံမြင်ကွင်းတစ်ခု(မွန်လွှတ်တော်)
    မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက “ ကျွန်မတို့ လွှတ်တော်အဖွဲ့အစည်းအဝေးတွေက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တစ်လတစ်ကြိမ်တွေ့ဆုံပေမယ့်လည်း ဒီကြားထဲမှ သိချင်တဲ့ အချက်အလက်တွေ၊မေး ချင်တဲ့ အချက်အလက်တွေရှိရင်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်” ဟု ပြောသည်။

    လွှတ်တော်ကိိုယ်စားလှယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသအတွင်းလုပ်ငန်းဆောင်ရွက်ရာတွင် အချို့ဒေ သခံပြည်သူများကသိမြင်မှုနည်းနေကြောင်း၊ လွှတ်တော်အဖွဲ့အစည်းများမည်ကဲ့သို့လုပ်ဆောင်နေသည်ကို ပြောပြသင့်ကြောင်း၊ ပြည်သူများကမဲထည့်ထားပေးပြီး ဘာတွေလုပ်ဆောင်နေလဲ၊ ကြိုးစားနေလား၊ တိတ်ဆိတ်နေလားဆိုတာတွေ မဖြစ်ရအောင် မကြာမကြာတွေ့ဆုံပြောပြမှပြည်သူလူထုရဲ့အကျိုးကိုလည်း သိရကြောင်း၊သတင်းမီဒီယာများဘက်ကိုလည်း စိတ်ကြိုက်မေးမြန်းနိုင်ပြီး၊အကြံဉာဏ်လည်း ပေးနိုင်ကြောင်း လွှတ်တော်ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    သူက “ပြီးခဲ့တဲ့လက မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေ့ဆုံခဲ့တယ်။ ကျနော်တို့ လွှတ်တော်ဘက် ကလည်းသတင်းမီဒီယာအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ဒေသခံတွေနဲ့တွေ့ဆုံသင့်တယ်၊ ဒါမှ လွှတ် တော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိသွားမယ်” ဟု ပြောသည်။

    မတ်လ၌ စတင်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၈လကြာကာလအတွင်း ပုံမှန်အစည်းအဝေး ၃ ကြိမ်နှင့် အထူးအစည်းအဝေးတစ်ကြိမ် ကျင်းပနိုင်ခဲ့ပြီး အဆို ၁ရ ခု၊ မေးခွန်း ၆၂ ခုဆွေးနွေးပြီးစီးခဲ့ကြောင်း သိရသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် မြို့နယ် ၁၀ မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့်တပ်မတော်ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ ပါဝင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks