spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပါတီများဝင်ရောက်ယှဉ်ပြိုင်မည့်အလားအလာမရှိသေး

    လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပါတီများဝင်ရောက်ယှဉ်ပြိုင်မည့်အလားအလာမရှိသေး

    -

    မွန်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေအတွက် လာမည့်ဧပြီလကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည့်အလားအလာ မတွေ့ရှိရသေးကြောင်း မွန်သတင်းအေဂျင်စီ၏ တွေ့ဆုံမေးမြန်းချက်အရ သိရသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “ ၂၀၁၀ မှာရော ၂၀၁၅ ရွေးကောက်မှာပါ မြို့နယ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေကိုပဲ အခြေခံထားတယ်၊ မြိ်ု့နယ် ကနေ ဝင်ပြိုင်မှာလား မဝင်ဘူးလားဆိုတာ သူတို့ပဲ ဆုံးဖြတ်ကြတယ်၊ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ကတော့ သူတို့ဆန္ဒအရပဲ ကျနော်တို့ဗဟိုကနေ ခွင့်ပြုထားပါတယ်၊ ကျနော်တို့ဗဟိုအနေနဲ့ ရွေးချယ်မှာမဟုတ်ဘူး” ဟု ပြောသည်။

    ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ်မဲဆန္ဒနယယ်မြေများ(Internet)
    ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ်မဲဆန္ဒနယယ်မြေများ(Internet)
    ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နိုင်လှမောင် ရွေးချယ်ခံခဲ့ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ဆက်လက်ယှဉ်ပြိုင်ရာတွင် NLD ပါတီကို ရှုံးနိမ့်ခဲ့သည်။

    ၂၀၁၅ ရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ၌ ပြည်ခိုင်ဖြိုးပါတီ USDP, မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်များအား NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ်က မဲအနိုင်ရခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်ဖြစ်သွားသဖြင့် မဲဆန္ဒနယ်လစ်လပ်နေခြင်း ဖြစ်သည်။

    “ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျနော်တို့ပါတီ MNP က ဝင်ပြိုင်ခဲ့တာပဲ၊ အခု ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေတဲ့တစ်နေရာမှာ မူအတိုင်းပြောရမယ်ဆိုရင် ကျနော်တို့ပါတီ ဝင်ရောက်ဖို့ရှိတယ်။ ဒါပေမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် ကျနော်တို့ပါတီအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ကို ရွေးချယ်သတ်မှတ်ထားတာ မရှိသေးဘူး” ဟု မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။
    သို့ရာတွင် နိုဝင်ဘာလမကုန်မီ MNP ဗဟိုလုပ်မှုဆောင်ကော်မတီ အစည်းအဝေးကျင်းပပါက ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်နိုင်မည်ဟု ဆိုသည်။

    ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမည့်နေ့ရက်ကို နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၇ ရက်အတွင်း သတ်မှတ်ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာ၌ လာမည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
    အလားတူ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့သော ပထမအကြိမ်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ မဲဆန္ဒနယ် ၄၈ နေရာလစ်လပ်ခဲ့ပြီး မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော်တစ်နေရာလစ်လပ်ခဲ့ရာ NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP စသည့်ပါတီကြီး ၂ ခုအနေဖြင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သတင်းဌာနများအား ထုတ်ဖော်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks