spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးရေးမြို့နယ် အစင်ကျေးရွာလောင်းကစားဝိုင်းကိစ္စ မြို့နယ်အုပ်ချုပ်ရေးမှူး မသိဟုဆို

    ရေးမြို့နယ် အစင်ကျေးရွာလောင်းကစားဝိုင်းကိစ္စ မြို့နယ်အုပ်ချုပ်ရေးမှူး မသိဟုဆို

    -

    မွန်ပြည်နယ် ရေးမြို့နယ်တစ်နယ်လုံးတွင် လောင်းကစားဝိုင်များ ဖွင့်ခွင့်မရှိသဖြင့် အစင်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ပွဲတော်တစ်ရပ်ကျင်းပရာ လောင်းကစားဝိုင်းပါဖွင့်လှစ်ခဲ့သည်ကို မိမိတို့မသိရှိကြောင်း ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ဆိုသည်။

    အစင်ကျေးရွာ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ စွမ်းဇာနည်ဇာတ်သဘင် ကပြဖျော်ဖြေမှုနှင့်အတူ လောင်းကစားဝိုင်းများဖွင့်လှစ်ထားရာ အန်ဂလုံကစားဝိုင်း (၃၀) ခန့် ပါရှိသည်ဟု သိရသည်။

    အစင်ကျေးရွာမှ အံဂလုံလောင်းကစားဝိုင်တစ်ခု(Aung Naing Win Facebook)
    အစင်ကျေးရွာမှ အံဂလုံလောင်းကစားဝိုင်တစ်ခု(Aung Naing Win Facebook)

    မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က “ဇာတ်သဘင်ဖြစ်ခွင့်ကိုတော့ ဒေသခံတွေက ကျနော့်ဆီ လာတောင်းတာတော့ရှိတယ်။ ကစားဝိုင်းပါမယ်လို့တော့ မပြောဘူး၊ ဒါကြောင့် လောင်းကစားဝိုင်းရှိနေတာကို ကျနော်မသိခဲ့ဘူး”ဟု ဆိုသည်။

    လောင်းကစားမှုကို ပိတ်ပင်တားမြစ်ထားသောကြောင့် လောင်းကစားဝိုင်ဖွင့်ခွင့်ကို လာတောင်းခံပါက မိမိအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်ညွန့်က ဆက်ပြောသည်။

    “ညွှန်ကြားချက်အရ လောင်းကစားမှု ပပျောက်အောင် ကျနော်တို့ဆောင်ရွက်နေပါတယ်။ ချဲမှု၊ ဘောလုံးမှု၊ ဖဲမှုတွေကိုအလျဉ်းသင့်သလို ဖမ်းဆီးမှုတွေလုပ်ဆောင်နေပါတယ်” ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ဆိုသည်။

    ယခုအစိုးရသစ်လက်ထက်တွင် (၁) မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် (၂) လောင်းကစားဝိုင်းများ ဖမ်းဆီးအရေးယူမှုတို့ကို အဓိကထား ဆောင်ရွက်ရန် ချမှတ်ထားသည်ဟု ရဲမှူးမြင့်သော်က ဆက်ပြောသည်။

    ရေးမြို့နယ်တွင် လောင်းကစားဝိုင်များ ဖမ်းဆီးအရေးယူမှုနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ဖဲမှုတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦး နှင့် ကျပ်ငွေ (၈၀၉၀ဝ၀) ကျပ်၊ ချဲမှု ၂ လုံး ၃ လုံးတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နှင့် ကျပ်ငွေ (၁၂၀၄၀ဝ) ၊ ဘောလုံးမှုတွင် အမျိုးသား ၁ ဦးနှင် ကျပ်ငွေ(၁၃၃၀ဝ၀) ကျပ်တို့ကို ဖမ်းဆီးရမိသည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှုရုံး မှုခင်းစာရင်းအရ သိရသည်။

    သို့ရာတွင် အစင်ကျေးရွာ သီတင်းကျွတ်ပွဲတော် လောင်းကစားဝိုင်းကျင်းပနေသည့်ဓါတ်ပုံများ လူမှုရေးကွန်ယက် Facebook စာမျက်နှာတွင် ပြန့်နှံ့နေသော်လည်း သက်ဆိုင်ရာမှ အချိန်နှင့်တပြေးညီ ပိတ်ပင်တားဆီး အရေးယူခဲ့ခြင်း မရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks