Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျောက်ထုတ်လုပ်ရန်ပြင်ဆင်နေမှုကို ပြည်ထောင်စု ဝန်ကြီးတားမြစ်

ကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ကျောက်ထုတ်လုပ်ရန်ပြင်ဆင်နေမှုကို ပြည်ထောင်စု ဝန်ကြီးတားမြစ်

-

မွန်ပြည်နယ်ဘီးလင်းမြို့နယ်ရှိ ကေလာသတောင်သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ခွင့်ပြုချက်မရရှိသေးဘဲကျောက်ထုတ်လုပ်ရန် ပြင်ဆင်နေမှုကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက တားမြစ်ထားကြောင်း သိရသည်။

ကေလာသတောင်သဘာဝထိန်းသိမ်းရေးနယ်မြေသစ်တောကြိုးဝိုင်းအတွင်း RockwellMiningCo.Ltd ကုမ္ပဏီကလမ်းခင်းကျောက်ထုတ်လုပ် စက်ယန္တရာကြီးများဖြင့်သစ်တောရှင်းလင်းနေသည့်ကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၉ရက်နေ့က ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကနိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာနသို့ ကန့်ကွက်စာတင်ထားသည်။

ကေလာသ သဘာ၀ထိန်းသိမ်းရေးနယ်မြေအတွင်းကျောက်မိုင်းပြုလုပ်ရန် ရှင်းလင်းထားစဉ်(Eleven News)
ကေလာသ သဘာ၀ထိန်းသိမ်းရေး နယ်မြေအတွင်းကျောက်မိုင်းပြုလုပ်ရန် ရှင်းလင်းထားစဉ်(Eleven News)
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက အောက်တိုဘာ ၂၈ ရက်နေ့တွင် ကေလာသသဘာဝထိန်းသိမ်းရေးနယ်အမြေသို့ လာရောက်စစ်ဆေးခဲ့ပြီးလုပ်ငန်းဆောင်ရွက်မှု ဆက်မလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ဟိုနေ့ကပြည်ထောင်စုဝန်ကြီးကလာစစ်သွားတယ်အခု ကုမ္ပဏီကို ဘာမှ လုပ်ကိုင်ခွင့်မပြုတော့ဘူးခွင့်ပြုဖို့တရားဝင် အမိန့်မရောက်မချင်း ကုမ္ပဏီက ဆက်လုပ်နေရင်တော့သူတို့ကကို တရားစွဲဖို့ ရှိတယ်” ဟု ဆိုသည်။

ကုမ္ပဏီအနေဖြင့် ကေလသာ သစ်တောကြိုးဝိုင်းနယ်မြေအတွင်းလမ်းခင်းကျောက်ထုတ်လုပ်မည့်ကိစ္စနှင့် ပတ်သက်ပြီးပြည်နယ်အစိုးရအဖွဲ့သို့ တစ်စုံတစ်ရာ အသိပေး တင်ပြထားခြင်းမရှိဘဲလုပ်ငန်းစတင်လုပ်ဆောင်နေသည်ဟု ၄င်းက ပြောသည်။

Rock Well  Mining Co.Ltd သည် ကေလာသသဘာဝကြိုးဝိုင်းနယ်မြေအတွင်း လမ်းခင်းကျောက်ထုတ်လုပ်ရန်လုပ်ငန်းလိုင်စင်လှျောက်ထားဆဲဖြစ်ကြောင်းလိုင်စင်မကျသေးဘဲလုပ်ငန်းစတင်ဆောင်ရွက်နေသည့်အနေအထားဖြစ်ကြောင်း သိရသည်။

“တားမြစ်တာက ယာယီပါဘဲ သက်ဆိုင်ရာ သဘောထားမှတ်ချက်ယူပြီးမှဆက်လုပ်ဖို့ကျနော်က ယာယီတားမြစ်ချက်ကိုမကျေနပ်ဘူးထာဝရတားမြစ်ချက် ထုတ်ပြန်ပေးရမှာဒါကြောင့နိုင်ငံတော်သမ္မတထံနောက်တစ်ကြိမ်စာသင်သွားဖို့နဲ့ လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့လုပ်သွားမယ်” ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ကေလာသတောင်သည် သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အများအပြားတည်ရှိရာဒေသတစ်ခုဖြစ်သလို တောင်တော်ကိုမှီခိုနေကြရသည့် ဒေသခံသောင်းချီရှိနေသည့်အတွက်ကျောက်ထုတ်လုပ်ရန် ခွင့်မပြုသင့်သည့်နေရာဖြစ်သည်ဟုဒေါက်တာခင်နိုင်ဦး၏ နိုင်ငံတော်သမ္မတံထံ တင်ပြထားသည့်စာတွင်ရေးသားထားသည်။

ကေလာသသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းလမ်းခင်းကျောက်ထုတ်သည့် ကျောက်မိုင်းလုပ်ကိုင်ခွင့်ကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနညွှန်ကြားရေးမှူချုပ် ကိုယ်စား မွန်ပြည်နယ် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်နှင့် Rock Well  Mining Co.Ltd မှဦးသန့်ဇင်ထွန်းတို့က ဇွန်လ ၁ ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးထားပြီးမြေဧရိယာ ၄၅ ဧကတွင်ကျောက်ကျင်းပေါင်း ၁၀၀၀၀ ထုတ်လုပ်သွားမည်ဖြစ်ကာကျောက်ထုတ်လုပ်ခွင့် သက်တမ်းကို ၂၀၁၆ ဇွန်လ ၁ ရက်နေ့မှ ၂၀၁ရ ခုနှစ်မေလ ၃၁ ရက်နေ့ထိ စာချုပ် ချုပ်ဆိုထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts