spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလာမည့် ဒီဇင်ဘာ ဒုတိယပတ်တွင် မွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲ ကျင်းပမည်

    လာမည့် ဒီဇင်ဘာ ဒုတိယပတ်တွင် မွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲ ကျင်းပမည်

    -

    မွန်အမျိုးသားပညာရေး မူဝါဒများ ပြုပြင်ပြောင်းလဲရေးဆွဲရာတွင် မွန်ပြည်သူလူထုများ၏ အကြံပြုချက်များ၊ ပညာရှင်များ၏ အကြံပြုချက်များ ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် လာမည့်ဒီဇင်ဘာလ ဒုတိယပတ်တွင် မွန်အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်အမျိုးသား ပညာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    နှီးနှောဖလှယ်ပွဲကို မွန်အမျိုးသားပညာရေးကော်မတီ MNEC မှ ဦးစီး၍ ၂ ရက်တာ ကျင်းပနိုင်ရန် လျာထား ကြောင်း သိရသည်။

    ဝင်ကဘာကျေးရွာ မွန်အမျိုးသားအထက်တန်းကျောင်း(Facebook)
    ဝင်ကဘာကျေးရွာ မွန်အမျိုးသားအထက်တန်းကျောင်း(Facebook)
    မွန်အမျိုးသားပညာရေးကော်မတီ စီမံကိန်းတာဝန်ခံ မိလှိုင်နွန်က “ဒီနှီးနှောဖလှယ်ပွဲမှာ မွန်အမျိုးသားပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ မွန်ပြည်သူလူထုရဲ့ အသံ၊ အကြံပြုချက်တွေ၊ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဆွေးနွေးသွားမယ်” ဟုပြောသည်။

    မွန်အမျိုးသားပညာရေး ကော်မတီအနေဖြင့် နိုဝင်ဘာလ (၁) ရက်နေ့တွင် မွန်ပြည်လူထု တည်ရှိရာ နေရာဒေသများသို့ သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး လက်ရှိ UN အဖွဲ့အစည်း၊ နိုင်ငံတကာ ပညာရေးညီလာခံ မှ ရေးဆွဲထားသည့် ပညာရေးမူဝါဒများ၊ တိုင်းရင်းသားအဖွဲ့အစည်း၊ NNER အဖွဲ့မှ ရေးဆွဲထားသည့် ပညာရေးဆိုင်ရာ မူဝါဒ အပါအဝင် ရာမညဒေသမှ ရေးဆွဲထားသည့် ပညာရေးမူဝါဒများ ခြုံငုံပြီး မွန်ပြည်သူလူထုများကို ကြိုတင်ချပြသွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီမှ သင်းရိုးညွန်တမ်းနှင့် သုတေသနအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက “ကျနော်တို့ ရေးဆွဲထားတဲ့ ပညာရေးမူဝါဒတွေရှိတယ်၊ ဒီပညာရေးမူဝါဒကို မွန်ပြည်သူတွေ ချပြမယ်၊ ဒီအပေါ်မှာ အကြံပြုချက်တွေ ရယူပြီးတော့မှ အစီရင်ခံစာရေးသားပြီး နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးမယ်” ဟုပြောသည်။

    မွန်အမျိုးသားပညာရေးကော်မတီက မိခင်ဘာသာအခြေခံပြီး သင်ကြားနေမှုအပေါ် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြုပေးရန်၊ ပညာရေးဘတ်ဂျက်ကိုလည်း ဝိုင်းဝန်းထောက်ပံ့ပေးရန် နှင့် မွန်အမျိုးသားပညာရေး ကော်မတီ ရေရှည်ရပ်တည်နိုင်ရန် နှီးနှောဖလှယ်ပွဲ၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

    နှီးနှောဖလှယ်ပွဲ၌ မွန်ပြည်သူလူထုအသံများ ပါဝင်လာစေရန် မွန်အမျိုးသားပညာရေးကော်မတီမှ နှစ်ဖွဲ့ခွဲပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပေါင်၊ သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ဘီလူးကျွန်း၊ ထားဝယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း အပါအဝင် မွန်ပြည်သူလူထု တည်ရှိရာနေရာဒေသများသို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

    လက်ရှိ မွန်အမျိုးသားပညာရေးကျောင်းတွင် ဆရာ/ ဆရာမ ၈၀ဝ ဦးနီးပါးခန့်၊ ကျောင်းသား/ ကျောင်းသူ ၃ သောင်းနီးပါးရှိပြီး မွန်အမျိုးသားကျောင်း ၁၃၂ ကျောင်း၊ အစိုးရစာသင်ကျောင်းနှင့်ပူးတွဲ ၈၈ ကျောင်း ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks