spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဆိုင်ကလုန်းမုန်တိုင်း“ကြံ့” (KYANT)အ‌ခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း“ကြံ့” (KYANT)အ‌ခြေအနေ

    -

    ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၇)
    (၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၉းဝ၀) နာရီအချိန်ထုတ်ပြန်ချက်)

    (က) ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကြံ့” (KYANT)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၄၂၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၄၁၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၂၆၀) ခန့်နှင့် မာချိီလီပတ္တနမ်မြို့၏ အရှေ့ဘက် မိုင်(၃၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းရပါသည်။
    (ခ) ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

    ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

    (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ွမန်မာစံတော်ချိန် (၁၈း၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၁၆.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၅)ဒီဂရီ တွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀)နှုန်းခန့် ဖြစ်ပါသည်။

    သတိပေးနှိုးဆော်ချက်

    (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

    အကြံပြုချက်

    ဆိုင်ကလုန်းမုန်တိုင်း“ကြံ့” (KYANT)အ‌ခြေအနေ(မိုး/ဇလ)
    ဆိုင်ကလုန်းမုန်တိုင်း“ကြံ့” (KYANT)အ‌ခြေအနေ(မိုး/ဇလ)

    (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts