spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတရားစွဲခံထားရသည့် MCL စက်ရုံမှနိုင်ငံခြားသား ၅ ဦးအား ပြည်နှင်ဒဏ်ကင်းလွတ်ခွင့်ပြု

    တရားစွဲခံထားရသည့် MCL စက်ရုံမှနိုင်ငံခြားသား ၅ ဦးအား ပြည်နှင်ဒဏ်ကင်းလွတ်ခွင့်ပြု

    -

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကန်ထရိုက်ကုမ္မဏီတာဝန်ခံ နိုင်ငံခြားသား ၅ ဦးအား လဝကဥပဒေဖြင့် ကျိုက်မရောမြို့နယ်တရားရုံးတွင် တရားစွဲခံရပြီး ငွေဒဏ်ကျခံခဲ့ရာ ပြည်ထောင်စုအစိုးရဆုံးဖြတ်ချက်ဖြင့် အောက်တိုဘာ (၂၅) ရက်နေ့၌ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး၏ ခံဝန်ကတိဖြင့် ပြည်နှင်ဒဏ်ကင်းလွတ်ခွင့်ပြုခဲ့သည်ဟု မွန်ပြည်နယ်လဝကရုံးမှ သိရသည်။

    မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်း က “သူတို့အနေ နဲ့ အရင်တကြိမ်တခါမှ ချိုးဖောက်ခဲ့ခြင်းမရှိတဲ့အတွက် ဒီတကြိမ် ပြည်နှင်ဒဏ်ကို ကင်းလွတ်ခွင့်ပေးဘို့ ပြည် ထောင်စုဝန်ကြီးကို သူတို့အသနားခံစာတင်ပြကြတယ်။

    MCL ဘိလပ်မြေစက်ရုံလုပ်ငန်းခွင်(MNA)
    MCL ဘိလပ်မြေစက်ရုံလုပ်ငန်းခွင်(MNA)
    ပြည်ထောင်စုဝန်ကြီးကလည် ဒီတကြိမ်ကင်းလွတ် ခွင့်ပြုလိုက်မယ်ဆိုပြီး မနေ့ကပဲဒီရုံးမှာ နောက်နောင် မြန်မာနိုင်ငံရဲ့ ဥပဒေ/စည်းကမ်းတွေ လိုက်နာမယ် မဖောက်ဖျတ်တော့ဘူးဆိုပြီး ခံဝန်ကတိထိုးခဲ့တယ်” ဟု ဆိုသည်။

    နိုင်ငံခြားသားတဦးသည် မြန်မာနိုင်ငံတွင် ပြဌာန်ထားသည့် ဥပဒေတခုခုအား ဖောက်ဖျတ်ပါက ၁၉၄၇ ခုနှစ် လူမှုကြီးကြပ်ရေးနှင့် လက်တလောပြဌာန်ချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁) နှင့် ညိစွန်းလျှက်ရှိပြီး နိုင်ငံခြား သားများသည် ပြစ်မှုပြစ်ဒဏ်များရှိခဲ့ပါက ၁၉၄၇ ခုနှစ် လူမှုကြီးကြပ်ရေးနှင့် လက်တလောပြဌာန်ချက်များ အက် ဥပဒေ ပုဒ်မ ၇ (၁) ဖြင့် ပြည်နှင်ဒဏ်ပေးရသော်လည်း အဆိုပါ ပြည်နှင်ဒဏ်ပေးမည် (သို့မဟုတ်) ကင်းလွတ် ခွင့်ပေးမည်ကို ပြည်ထောင်စုအစိုးရမှ ဆုံဖြတ်သည်ဟု ဦးရှိန်ဝင်း ကဆက်ရှင်းပြသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့က အလုပ်လုပ်ရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံသား ၁၁ ဦးအား သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ သတင်းပေးတိုင်ကြားရန် ပျက်ကွက်ခဲ့သည့် ကုမ္မဏီကန်ထရိုက်တာဝန်ခံ နိုင်ငံခြားသား ၅ ဦးသည် ၁၉၄၀ ခုနှစ် နိုင်ငံသားမှတ်ပုံတင်ခြင်း အက်ဥပဒေ ပုဒ်မ ၅-၁ အရ ဒဏ်ငွေ ကျပ် ၁ သိန်းစီသော်၎င်း၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် ၁၉၄၇ ခုနှစ် လူမှုကြီးကြပ်ရေး လက်တလောပြဌာန်ချက်များ အက်ဥပဒေ ပုဒ်မ ၁၃-၁ ဖြင့် ဒဏ်ငွေ ကျပ် ၃ သိန်းစီသော်၎င်း ဒဏ်ငွေဆောင်ခဲ့ခြင်း ဖြစ်သည်။

    “MCL မှာ ရှိတဲ့ နိုင်ငံခြားသားတွေ ဗီဇာစည်းကမ်းဖောက်တာကို ကျနော်တို့ တရားစွဲတယ်ဆိုတာက ဒါမထမ ဆုံးပေါ့။ သူတို့က ဧည့်စာရင်းတိုင်တာ ပျက်ကွက်လို့ ကျနော်တို့ စီစစ်တွေ့ရှိရင် ကျနော်တို့ကတရားစွဲရမှာပဲ” ဟု ကျိုက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လက်ထောက်မြို့နယ်မှူး ဦးကိုကိုလွင် ဆိုသည်။

    ပြည်ထောင်စုအစိုးမှ ကင်းလွတ်ခွင့်ပြုလိုက်သည့် MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ ကန်ထရိုက်တာဝန်ခံများ တွင် တရုတ်နိုင်ငံသားများ ဖြစ်ကြသည့် Citic ကုမ္မဏီတာဝန်ခံ Mr. Sun Zhenbin (PP No.E 3495005)၊ YNJG ကုမ္မဏီတာဝန်ခံ Mr. Yu Jun Young (PP No. 3895005)၊ ACK ကုမ္မဏီတာဝန်ခံ ကုမ္မဏီတာဝန်ခံ Mr Zhi Xu (PP No. G32402411)၊ Huaxin ကုမ္မဏီတာဝန်ခံ Ms. Chen Cuiping (PP No. E 44551731) နှင့် MCL ဘိလပ်မြေစက်ရုံမှ လူအရင်းမြစ် အုပ်ချုပ်မှုမန်နေဂျာ ထိုင်းနိုင်ငံသား Mr. Thawan Mopongpeng (PP No. AA 1949819) တို့ဖြစ်ကြသည်။

    လက်ရှိအချိန်တွင် မော်လမြိုင်ဘိလပ်မြေစက်ရုံ၌ တရုတ်နိုင်ငံသား ၂၁၃ ဦး၊ ထိုင်းနိုင်ငံသား ၁၀၇ ဦး၊ ကမ္ဘောဒီး ယားနိုင်ငံသား ၂ ဦး စုစုပေါင်း ၃၂၂ ဦးရှိကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks