spot_img
Thursday, February 19, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကားစီမံကိန်း လာမည့်မတ်လတွင် ပြေးဆွဲနိုင်မည်ဟုဆို

    ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကားစီမံကိန်း လာမည့်မတ်လတွင် ပြေးဆွဲနိုင်မည်ဟုဆို

    -

    Sky Asia ကုမ္မဏီမှ ဆောက်လုပ်လျှက်ရှိသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီရိုးဘုရားရှိ မြန်မာနိုင်ငံ ပထမဆုံးကောင်းကင်ကေဘယ်ကားစီမံကိန်းအား လာမည့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ပြေဆွဲနိုင်မည်ဟု စီမံကိန်း အထူးအကြံပေးအဖွဲ့ဝင် ဦးအောင်သန်း က ဆိုသည်။

    အဆိုပါကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကားတပ်ဆင်ပြေးဆွဲခြင်းစီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ဖြင့် သစ်တောဦးစီဌာ န၏ ကျိုက်ထီးရိုးတောရိုင်းဘေးမဲ့တောနယ်မြေအတွင်းရှိ မြေ ၁၃ ဒဿမ ၅ ဧက ပေါ်တွင် ဆောက်လုပ်ခွင့်ရရှိထား သည်ဟု သိရသည်။

     ကျိုက်ထီးရိုးစေတီတော်(MNA)
    ကျိုက်ထီးရိုးစေတီတော်(MNA)

     ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကားစီမံကိန်းနေရာ(MNA)
    ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကားစီမံကိန်းနေရာ(MNA)
    ဦးအောင်သန်း က “ကျနော်တို့က သတ်မှတ်အချိန်အတိုင်းပြီးစီးနိုင်ဘို့ကိုတော့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ မိုးများတဲ့ ဒေသဖြစ်တာရယ် ကေဘယ်ကားနဲ့ဆက်စပ်တဲ့ပစ္စည်း မှာယူတဲ့နေရာမှာ ပစ္စည်းရောက်ရှိမှုအ ခြေအနေပေါ်မှာ မူတည်ပြီးတော့ လုပ်ငန်းပြီးစီးမှု အချိန်အတိုးအလျော့ ဖြစ်နိုင်တယ်” ဟု ဆိုသည်။

    ကေဘယ်ကားဆက်စပ်ပစ္စည်းတွေကို ပြင်သစ်နိုင်ငံ Korea ကုမ္မဏီမှ မှာယူခဲ့ခြင်းဖြစ်ပြီး နည်းပညာအပါအဝင် အင်ဂျင်နီယာအပိုင်းကို ကိုးရီးယားနိုင်ငံ France Poma ကုမ္မဏီမှ ဆောင်ရွက်သည်ဟု ဦးအောင်သန်း ဆိုသည်။

    ပရောဂျက်ဒါရိုက်တာ ဒေါ်နုနုရီက “ကျမတို့က ကိုရီးယားကပေးလာတဲ့ ဒီဇိုင်းအတိုင်းကိုတည်ဆောက်တာပါ။ ကိုးရီးယားက သူတို့ ဒီဆိုက်ကိုလာစမ်းတယ်။ ပြီးတော့ သူတို့လိုချင်တဲ့ ဖောင်ဒေးရှင်းအတိုင်း ကျမတို့က ပြုလုပ်ပေးတာပေါ့။ အဆောက်ဦးအပိုင်းကို အဓိက တာဝန်ယူဆောင်ရွက်တာ” ဟု ဆိုသည်။

    ကျိုက်ထီရိုးစေတီ ကောင်းကင်ကေဘယ်ကားစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံထားပြီ လက်ရှိအလုပ်သမားအင်အား ၆၀ဝ ခန့် ဆောက်လုပ်လျှက် ရှိသည်ဟုသိရသည်။

    ရသေ့တောင်မှ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်အနီးသို့ ပေ ၃၂၅၀ ပြေးဆွဲမည့် ကောင်းကင်ကေဘယ်ကြိုး ကားသည် ၁၀ မိနစ်ခရီးအချိန်ကြာမည်ဖြစ်ကြောင်း၊ အရန်တစ်တွဲထားရှိမည် ဖြစ်ရာ ၄၃ တွဲဖြင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင် ၈ ဦးခန့် ခရီးသည် တင်ဆောင်နိုင်သည်ဟု သိရသည်။

    ကျိုက်ထီးရိုးစေတီသို့ ၂၀၁၆ ခုနှစ်၊ ဇန်နာဝါရီလမှ သြဂုတ်လထိ ပြည်တွင်းခရီးသည် ၁၂ သိန်းကျော်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် ၇ သောင်းကျော်တိုးတက်လာကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များ ယခုနှစ်သြဂုတ်လအထိ ၇ သောင်းကျော်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် ၈ ထောင်ကျော် ပိုမိုဝင်ရောက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားညွှန်ကြားရေးမှုးဦးစီးဌာန မော်လမြိုင်ရုံးခွဲမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks