spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအာဏာရှင်အဆက်ဆက်က စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ယနေ့တိုင်မဖော်ဆောင်သေးဟု UNFC ပြော

    အာဏာရှင်အဆက်ဆက်က စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ယနေ့တိုင်မဖော်ဆောင်သေးဟု UNFC ပြော

    -

    မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်၏ အခြေခံနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရဖြေရှင်းရန် ခေတ်အဆက်ဆက် အုပ်စိုးသူ နှင့် အစိုးရတို့ကို လိုလားတောင်း ဆိုခဲ့သော်လည်း တိုင်းပြည်အာဏာကို ရယူထားသည့် အာဏာရှင်အဆက်ဆက်က စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများအား ယနေ့ထိတိုင် မဖော်ဆောင်သေးဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက် ဒရယ်ကောင်စီ UNFC က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန် ပြောကြားလိုက်သည်။

    အဆိုပါ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်၊ရှမ်းပြည်နှင့် ကရင်ပြည်တို့တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ များ ကြောင့် ဒေသခံ ပြည်သူထောင်ပေါင်းများစွာ တို့အနေဖြင့် ထိခိုက်ဒဏ်ရာရှိခြင်း၊ အိုးအိမ် နှင့် နေရပ် စွန့် ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့အပြင် တချို ့နေရာများတွင် အပြစ်မဲ့ရွာသူရွာသားများ ကလေးသူငယ် များပါ မကျန် အသက်ဆုံးရှုံးမှုတို့နှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

     UNFC ထုတ်ပြန်ချက်(Copy)
    UNFC ထုတ်ပြန်ချက်(Copy)

    ထို့အပြင် ယခု ဖြစ်ပွေားနသောတိုက်ပွဲများသည် အဓိကအားဖြင့် မြန်မာ့တပ်မတော်၏ တိုင်းရင်းသား နယ် များအတွင်း နယ်မြေကျူးကျော်၍ ထိုးစစ်ဆင်မှုများကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်၏ အခြေခံနိုင်ငံရေး ပြဿနာကို နိုင်ငံ ရေး နည်းအရဖြေရှင်းရန် ခေတ်အဆက်ဆက် အုပ်စိုးသူ နှင့်အစိုးရတို့ကို လိုလားတောင်းဆိုခဲ့ပြီး ဆက်လက်တောင်း ဆိုနေသည်။သို့ရာတွင် တိုင်းပြည်အာဏာကို ရယူထားသည့် အာဏာရှင် အဆက်ဆက်က စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအား ယနေ့ထိတိုင် မဖော်ဆောင်သေးပေဟု UNFC ကဆိုသည်။

    “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှဘဲ ရမယ်။ အခုလို ထိုးစစ်ဆင်ပြီးတော့ မှ ဖိအားပေးလုပ်လို့ မရဘူး။ဒါက လက်ရှိ ဖြစ်ပွားနေတဲ့ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း စစ်က သက်သေဘဲ။ အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေကို ရပ်ပေးသင့်ပါတယ်။ မဟုတ်ရင် အယုံအကြည်မဲ့သွားစေမယ်”ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာ ကဆိုသည်။

    မိမိတို့ UNFC အနေဖြင့် ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေးမူဘောင် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၂ – ၂၀၁၃ ခုနှစ် ကာလတွင်လည်းကောင်း၊တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို NCCT အနေဖြင့် ၂၀၁၃- ၂၀၁၅ ခုနှစ်ကာအတွင်းလညး်ကောင်း အစိုးရ နှင့် ညှိနှိုင်း လုပ်ဆောင်၍ နှစ်ပေါင်း ၇၀ နီးပါးကြာ ပြည်တွင်းစစ်ကို အပြီးတိုင်ရပ်စဲနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု အောက်တိုဘာ ၈ ရက်က UNFC မှ သဘောထား ထုတ်ပြန်ထားသည်။

    သို့သော် ဦးသိန်းစိန် အစိုးရအနေဖြင့် NCCT အဖွဲ့ဝင်များအားလုံးကို NCA တွင် အတူတကွ ပါဝင်လက်မှတ် ရေးထိုးရန် လက်မခံခဲ့သဖြင့် ယနေ့ထိတိုင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို မဖော်ဆောင်နိုင်ပဲ စစ်ပွဲ ၏ အနိဌာရုံများအား တိုင်းပြည် အနေဖြင့် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မြန်မာ့တပ်မတော်အနေ ဖြင့် ထိုးစ်စများ အမြန်ဆုံး ရပ်တန့်၍ တိုင်းပြည်၏ အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေမရှာ ပဲ စစ်အင်အားသုံး ဖြေရှင်းနေမည်ဆိုပါက ပြည်တွင်း ငြိမ်းချမ်းရေးမှာလည်း အလှမ်းဝေးနေဦးမည်သာ ဖြစ် ကြောင်း၊ သို့ဖြစ်၍ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုကို အလေးထားခြင်း နှင့် အပြန်အလှန် ယုံကြည်မှုရှိစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရန်အတွက် စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ရပ်တန့်ပေးရန် လိုအပ်ကြောင်း UNFC က သဘောထား ထုတ်ပြန် ပြောကြားလိုက်သည်။

    လက်ရှိတွင် ကချင်ပြည်နယ်၌ တပ်မတော် နှင့် KIA တို့လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော် နှင့် TNLA ကြား လည်းကောင်း၊ RCSS/SSA နှင့် TNLA ကြား လည်းကောင်း၊ တပ်မတော် နှင့် ရှမ်းနှစ်ဖွဲ့ဖြစ်သော RCSS/SSA ၊ SSPP/SSA တို့အကြား လည်းကောင်း၊ ကရင်ပြည်နယ်တွင် တပ်မတော်ထိုးစစ်ကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks