spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းသစ်တည်ဆောက်ရန် မြေနေရာရှာဖွေလျှက်ရှိ

    မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းသစ်တည်ဆောက်ရန် မြေနေရာရှာဖွေလျှက်ရှိ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်များ ရပ်နားရန် နေရာလုံလောက်မှုမရှိသောကြောင့် မြို့တော်အင်္ဂါ ရပ်နှင့်အညီ စနစ်တကျရပ်နားထွက်ခွာနိုင်ရေး ကုန်တင်ယာဉ်ရပ်နားစခန်းသစ်တစ်ခု တည်ဆောက်ရန် မြေနေရာရှာဖွေလျှက်ရှိကြောင်း သိရ သည်။

    ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂၂/၂၀၁၆) ဆုံးဖြတ်ချက် ပိုဒ် (၂၀) အရ မြေနေရာ ရှာဖွေရေးအဖွဲ့အား ဖွဲ့စည်း၍ မြေနေရာရှာဖွေရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

    အဝေးပြေးယာဉ်ရပ်နားစခန်း-ဈေးကြို-(MNA)
    အဝေးပြေးယာဉ်ရပ်နားစခန်း-ဈေးကြို-(MNA)
    လက်ရှိအချိန်တွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ မြို့ပတ်လမ်းဧရိယာအနီးတဝိုက်၌ ကုန်တင်ယာဉ်ရပ်နားစခန်း သစ်တစ်ခု အကောင်အထည်ဖော်ရန် သင့်တော်ကြောင်း၊ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ် အစိုးရအဖွဲ့ရုံးအား အကြံပြုထားကြောင်း ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

    “ပြည်နယ်စည်ပင်က အကြံပြုတာက ကောင်းပါတယ် ကားဂိတ်နဲ့ ဘူတာရုံနဲ့လည်း နီးတယ်၊ တစ်စုတစ်ဝေး တည်းဖြစ်တယ်ပေါ့ အဲဒီနေရာလည်း ကျယ်ဝန်းတဲ့အတွက် တကယ်ကုန်တင်ယာဉ်ရပ်နားစခန်း ဆောက်လုပ် မယ်ဆိုရင် သင့်တော်တာပေါ့” ဟု ဦးကျော်ဝင်းမောင်က ဆက်ပြောသည်။

    မြေနေရာရှာဖွေအဖွဲ့တွင် ဦးဘုန်းမြတ်သူ (ခရိုင်အုပ်ချုပ်ရေးမှုး မော်လမြိုင်ခရိုင် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန) က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဦးပံသုကျော် (ခရိုင်ဦးစီးမှူး မော်လမြိုင်ခရိုင် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)၊ ဦမြင့်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး မော်လမြိုင်မြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန)၊ ဦမြင့်သိန်း (မြို့နယ်အမှုဆောင်အရာရှိ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့)၊ ဦး သိန်းထိုက် (ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ) တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

    ယခုအခါတွင် မော်လမြိုင်မြို့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များမှာ ပွင့်လင်းရာသီတွင် တစ်လအတွင်း ကားအစီးရေ တစ်ထောင်ကျော်ခန့်ရှိပြီး ဈေးကြို အဝေးပြေးကားဝင်းအတွင်း ရပ်နားရန် လုံလောက်မှုမရှိသောကြောင့် ကုန်တင်ယာဉ်ရပ်နားစခန်းကို မဖြစ်မနေ ဆောက်လုပ်ရန် လိုအပ်ခြင်းဖြစ်သည်ဟု သိရသည်။

    “ကားတွေအတွက်ဝင်းတွေ ဘာတွေကျယ်ကျယ်ဝန်းဝန်းရှိရင် အကုန်လုံးအတွက်ကောင်းတာပေါ့ ဒီနားပတ်ဝန်း ကျင်ကအိမ်တွေက ကားသမားတွေ လီဗာနင်းတာတွေ ကားပြင်တာတွေရှိတော့ သူတို့အတွက် အနှောင့် အယှက်ဖြစ်တာပေါ့ ကောင်းတာက ကားဝင်လေး ဘာလေး လုပ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်” ဟု မော် လမြိုင် အောင်ပန်း မုံရွာသို့ ကုန်တင်ယာဉ်မောင်းနှင်နေသူတစ်ဦး ကိုလတ်က ပြောသည်။

    ကုန်တင်ယာဉ်များသည် ကုန်ချပြီး ကုန်ပြန်တင်ရန်အတွက် တခါတရံတွင် ခုနစ်ရက်ခန့် စောင့်ရပြီး ကားဝင်း အတွင်း ရပ်နားရန် မဆန့်သဖြင့် လမ်းဘေးတွင် ရပ်နားသဖြင့် ရပ်ကွက်နေသူများက လာရောက်၍ တိုုင်ကြားမှု များရှိသည်ဟု ဦးကျော်ဝင်းမောင်၏ ပြောကြားချက်အရ သိရသည်။

    အဆိုပါ ကုန်တင်ယာဉ်များရပ်နားစခန်းအတွက် မြေနေရာ ရှာဖွေရေးအဖွဲ့အနေဖြင့် သင့်လျော်သော မြေနေရာ များရှာဖွေ၍ ဦးစားပေးအဆင့် (၁) (၂) (၃) တို့ဖြင့် သတ်မှတ်ကာ မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပြန်လည် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks