spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ရေးမြို့နယ်စပ်ကြား မြေဧက ၅၀ဝ ကျော်ခန့် ကုမ္ပဏီတစ်ခုကဝယ်ယူထား

    သံဖြူဇရပ်-ရေးမြို့နယ်စပ်ကြား မြေဧက ၅၀ဝ ကျော်ခန့် ကုမ္ပဏီတစ်ခုကဝယ်ယူထား

    -

    မွန်ပြည်နယ် သံဖြူဇရပ်-ရေးမြို့နယ်စပ်ကြားရှိ ပလိုင်မှူးရွာနှင့် သပြေရွာသစ်ရှိ ပင်လယ်ဒီရေတောနှငိ့် နီးစပ်သောလယ်ယာမြေများကို ကုမ္ပဏီတစ်ခုက မြေဧက ၅၀ဝ ကျော်ခန့်ဝယ်ယူထားကြောင်း ပလိုင်မှူးကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

    ထိုကဲ့သို့ လာရောက်ဝယ်ယူခြင်းသည် ကျောက်မီးသွေးနှင့်ပက်သက်သောစက်ရုံပြုလုပ်ရန် မဖြစ်နိုင်ကြောင်း၊ လယ်ယာမြေလုပ်ကိုင်ခြင်းအတွက်ဆိုကြောင်း လယ်မြေ ၃၅ ဧက ရောင်းခဲ့ချသူ ပလိုင်မှူးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောသည်။

    ရောင်းချခဲ့သည့် လယ်ယာမြေများနှင့် ဒီရေတောများ နေရာ
    ရောင်းချခဲ့သည့် လယ်ယာမြေများနှင့် ဒီရေတောများ နေရာ
    “ကျုပ်ကိုယ်တိုင်မေးထားတာ ဒါတွေဝယ်ပြီး ဘာလုပ်ဖို့လဲဆိုတာကို၊ သူတို့ကပြောတယ် လယ်လုပ်ဖို့ပဲတဲ့ သူတို့မလုပ်နိုင်တဲ့အခါ ဒီလယ်ယာတွေကို ပိုင်ရှင်တွေကိုလည်း ပြန်ပေးမယ်တဲ့ ပိုက်ဆံပြန်ပေးစရာမလိုဘူးတဲ့ ဒီဒေသ့ ဖြိုးဖို့အတွက်သူတို့လာလုပ်ပေးတာပါ လမ်းတွေ၊ မီးတွေ တခြားဟာတွေပါ သူတိုလုပ်ပေးမှာပါ” ဟု ဦးမောင်အေးက ဆက်ပြောသည်။

    သို့ရာတွင် အဆိုပါပလိုင်မှူး ရွာလယ်မြေ ဝယ်ယူရခြင်းအကြောင်းအရင်းကို ဘာမှပြောပြမသွားကြောင်း လယ်မြေရောင်းချသူ မိအိချာ က ပြောသည်။

    “တစ်ဧကကို သူတို့ ၁၅ သိန်းပေးတယ်၊ ကျွန်မက ရောင်းချင်လို့ရောင်းလိုက်ရတာမဟုတ်ဘူး က္ပွျန်မက ယောကျာ်းမရှိတော့ဘူး လယ်လုပ်ဖို့အတွက် တစ်နှစ်ကို တာတမံ ကိုက်နှစ်ရာလောက် ဖို့ရတယ်၊ အလုပ်သမားလည်း မငှားနိုင်တော့ဘူး ပိုက်ဆံလည်းမရှိတော့ဘူး ဒီလယ် ၂၄ ဧကကိုလည်း မလုပ်နိုင်တော့ဘူးလေ၊ လုပ်တဲ့လူကလည်း မရှိတော့ဘူး သူတို့လည်း လာဝယ်နေတာဆိုတော့ ရောင်းလိုက်ရတာပေါ့” ဟု မိအိချာက ဆက်ပြောသည်။

    ဒေသတဝိုက်ရှိ ပင်လယ်နှင့်နီးစပ်သော လယ်ယာမြေများကို အဓိကဦးစားပေးပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ဝယ်ယူနေကြကြောင်း သိရသည်။

    “ရောင်းလိုက်တာက ၁၂ ဧကပါ၊ ဝယ်တဲ့သူတွေကတော့ မော်လမြိုင်ကလို့ပြောတာပဲ လာဝယ်တဲ့ကိုယ်စားလှယ်တွေကတော့ အနင်းရွာကလူတွေပဲ၊ အများဆုံးရောင်းလိုက်တဲ့သူကတော့ ဒီရွာအုပ်ချုပ်ရေးမှူးပဲ ဘာလုပ်ဖို့ လာဝယ်တယ်ဆိုတာတော့ သူတို့ပြောမသွားဘူး” ဟု လယ်ယာရောင်းသူတစ်ဦး၏ အစ်မဖြစ်သူ မိကွန်းငယ်က ပြောသည်။

    အဆိုပါ လယ်ယာမြေများကို လာရောက်ဝယ်ယူမှု့နှင့်ပက်သက်၍ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဟု ကောလဟလသတင်းများထွက်နေသဖြင့် ဒေသခံအချို့စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပလိုင်မှူးရွာအနီးရှိ အနင်းရွာတွင် ရွာခံလူငယ်များနှင့် ရေးမြို့နယ် အံဒင်ဒေသ လူငယ်များပူးပေါင်း၍ ကျောက်မီးသွေးဆိုးကျိုးနှင့်ပက်သက်သည့် အသိပေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပလိုင်မှူးရွာ ပလိုင်တင်ရွာ ခလောက်ချရွာ သပြေရွာသစ်နှင့် အနင်းရွာသူရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks