spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်သို့တင်သွင်းမည့် ကျောက်မီးသွေးသုံး MCL ဘိလပ်မြေစက်ရုံအစီရင်ခံစာ ကြန့်ကြာနေ

    ပြည်နယ်လွှတ်တော်သို့တင်သွင်းမည့် ကျောက်မီးသွေးသုံး MCL ဘိလပ်မြေစက်ရုံအစီရင်ခံစာ ကြန့်ကြာနေ

    -

    မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်ကျင်လေ့လာစောင့်ကြည့်ရေးကော်မတီမှ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL နှင့်ပက်သက်သည့် စာရွက်စာတမ်းများ တောင်းဆိုရာတွင် အခက်အခဲရှိသောကြောင့် ပြည်နယ်လွှတ်တော်သို့တင်သွင်းမည့် အစီရင်ခံစာ ပြီးစီရန် ကြန့်ကြာနေရသည်ဟု အစီရင်ခံစာ ရေးသာပြုစုသည့် ကော်မတီဥက္ကဌက ဆိုသည်။

    MCL မော်လမြိုင်ဘိလပ်မြေစက်ရုံအတွက် အပ်သည့်လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှ ထုတ်လုပ်မည့်ကိစ္စအား ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ ဒေသခံ ၃၇၈၀ မှ အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်းအား ရပ်တန့်ပေးရန်အတွက် လွန်ခဲ့သည့် ဧပြီလ ၂၅ ရက်က မွန်ပြည်နယ်လွှတ်တော်ကို တိုင်ကြားစာပေးပိုခဲ့သောကြောင့် ၎င်းအစီရင်ခံစာကို ပြုစုနေရသည်ဟု သိရသည်။

    MCL ဘိလပ်မြေစက်ရုံလုပ်ငန်းခွင်တစ်နေရာ(MNA)
    MCL ဘိလပ်မြေစက်ရုံလုပ်ငန်းခွင်တစ်နေရာ(MNA)
    မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်းလေ့လာစောင့်ကြည့်ရေးကော်မတီဥက္ကဌ ဒေါတ်တာအေဇံ က “EIA အစီရင်ခံစာနဲ့ လယ် ယာမြေစီမံခန့်ခွဲမှုဥပဒေသရ လယ်မြေအား အခြားနည်းဖြင့် သုံးစွဲမှု ၃၀ (က)၊ ၃၀ (ခ) တွေကို တောင်းတဲ့ နေရာမှာ အချိန် (၂) လခန့် စောင့်ဆိုင်းခဲ့ရတယ်။ အဲဒါကြောင့်အစီရင်ခံစာကို တင်သွင်းဘို့အတွက် ကြန့်ကြာခဲ့ရတယ်။ ဒါကြောင့်လဲ အစီရင်ခံစာ အပိုင်း ၁ အပိုင်း ၂ ခွဲရတယ်” ဟု ဆိုသည်။

    ဇွန်လ ၁ ရက်နေ့တွင် ကော်မတီမှ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံအား ကွင်းဆင်းလေ့လာရန်အတွက် ကျိုက် မရောမြို့နယ် ပျားတောင်ဒေသရှိကွမ်ငန်းနှင့် ကတုံစိကျေးရွာသို့ ရောက်ရှိခဲ့ပြီး MCL မော်လမြိုင်ဘိလပ်မြေစက် ရုံးမှ ပြုစုရေးသားထားသည့် EIA-SIA အစီရင်ခံစာကို တောင်ဆိုမေးမြန်းရာတွင်လည်း ၎င်းအစီရင်ခံစာကို MIC ကို တင်ပြထားပြီ နောက်နောင်တွင် အစီရင်ခံစာကို ပို့ပေးမည်ဖြစ်ကြောင်း သယံဇာတစောင့်ကြည့်လေ့လာရေး ကော်မတီ MCL အစီရင်ခံစာတွင် ဖော်ပြထားရှိသည်။

    MCL အတွက် လိုအပ်သောလျှပ်စစ်ပမာန ၄၀ မဂ္ဂါဝပ်အား သဘာဝဓါတ်ငွေ့သုံး မော်လမြိုင် ငန်းတေးလျပ်စစ်ထုတ်လုပ်ရေးစက်ရုံမှ ရယူရန်ကော်မတီအနေဖြင့် စီစဉ်ထားရှိပြီ အစိုးရနှင့် MCL ကုမ္မဏီတာဝန်ရှိသူများအပေါ် မူတည်နေသည်ဟု ဒေါတ်တာအေဇံ က ဆက်ပြောသည်။

    မွန်ပြည်နယ် ဒုဥက္ကဌလွှတ်တော် ဒေါတ်တာအောင်နိုင်ဦး က“ဒုတိယအကြိမ်လွှတ်တော်စတာနဲ့ ပြည်သူတွေရဲ့ အကြီးမားဆုံး တိုင်ကြားမှုက MCL ဘိလပ်မြေစက်ရုံက လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးနဲ့ သုံးတဲ့ကိစ္စ္ပပါပဲ” ဟု ဆိုသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားပါတီတို့က MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး သုံးစွမ်းအင်နှင့်ပတ်သတ်ပြီ ကန့်ကွက်ကြေငြာချက်ထုတ်ပြန်ထားရှိပြီ မွန်အမျိုးသားကွန်ဖရင့် စည်းဝေးဆုံး ဖြတ်ချက်မှာလည်း MCL ကျောက်မီးသွေးသုံးစွမ်းအင်ကို ပြင်ပြင်ထန်ထန် ကန့်ကွက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ထားရှိကြောင်းကို ဒေါတ်တာအောင်နိုင်ဦးက အစီရင်ခံစာ ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

    အပိုင် ၁ အစီရင်ခံစာကို မေလ ၂၇ ရက်နေ့မှ စတင်ပြုစုရာ ၄ ကြိမ်ကွင်းဆင်လေ့လာခဲ့ပြီ ကျန်ရှိနေသည့် အစီ ရင်ခံစာ အပိုင်း ၂ ကို လာမည့် အနီစပ်ဆုံး လွှတ်တော်အစည်းအဝေးတွင် ဆက်လက်တင်ပြသွားမည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်ရေးကော်မတီမှ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ကို ရပ်တန့်ပေးရန်အ တွက် ကျိုက်မရောမြို့နယ်ရှိ ဒေသခံပြည်သူ ၁၀၃၀ဝ တို့က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတကို ထပ်မံ တိ်ုင်စာ ပေးပို့ထားကြောင်း သိရသည်။

    MCL မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီးမြှပ်နှံထားပြီး တနေ့တန်ချိန် ၅၀ဝ၀ ထွက်ရှိရန် လျှာထား၍ စက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ပမာန (၄၉) မဂ္ဂါဝပ်ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် (၉) မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသွားမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်မှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks