spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ယစ်မျိုးလိုင်စင် ၂၈ မှု ဖမ်ဆီးအရေးယူခဲ့

    မွန်ပြည်နယ်တွင် ယစ်မျိုးလိုင်စင် ၂၈ မှု ဖမ်ဆီးအရေးယူခဲ့

    -

    မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ယစ်မျိုးလိုင်စင်နှင့် ပတ်သက်သည့် အမှုပေါင်း ၂၈ မှု ဖမ်းဆီးစစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လုံးခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှုးကြီးဝင်းနိုင်ဦး၏ ဖြေကြားချက် အရ သိရသည်။

    တရားမဝင်ယစ်မျိုးဆိုင်များ မရှိစေရေး၊ ယစ်မျိုးလိုင်စင် စည်းကမ်းသတ်မှတ်ချက်တို့နှင့် မကိုက်ညီသောဆိုင် များ မရှိစေရေးအတွက် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ စည်ပင်နှင့် အခြားဌာနများပါဝင်သည့် စီစစ်ကြပ် မတ်ရေးအဖွဲ့ (Task Force) ပုံစံဖြင့် ဖွဲ့စည်းပြီး ဆက်လက်စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဟု ဆို သည်။

    အရက်အမျိုးမျိုး(Internet)
    အရက်အမျိုးမျိုး(Internet)
    မွန် နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီးဝင်းနိုင်ဦးက “ယစ်မျိုးဥပဒေအရ လိုင်စင်ချပေးပြီးဆိုရင်တော့ အခွန်ကောက်ခံ ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခွန်ကောက်ပါတယ်” ဟု ပြောသည်။

    လက်ရှိမွန်ပြည်နယ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ယစ်မျိုးလိုင်စင်ခွင့်ပြုခြင်းကို စီစစ်ခွင့်ပေးလျှက်ရှိပြီး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ခွင့်ပြုပေးခဲ့သည့် ယစ်မျိုးလိုင်စင်ပေါင်း ၁၉၇၀ ဆိုင်ရှိပြီဖြစ်ပါသည်။

    သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မွန်ပြည်နယ်တွင် လိုင် စင်မဲ့ အရက်နှင့် ဘီယာရောင်းချနေမှုအား ဥပဒေနှင့်အညီ မည်သို့မည်ပုံ စစ်ဆေးအရေးယူမှုများ ပြုလုပ် ဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် မေးမြန်းခဲ့ခြင်းသည်။

    မွန်ပြည်နယ်တွင် ယစ်မျိုးလိုင်စင်မရှိပဲ အရက်၊ ဘီယာဆိုင်ရောင်းချနေမှုများ အများအပြားရှိနေခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများဖြစ်ပေါ်စေကြောင်း၊ ထို့အပြင် နေရာတိုင်းမှာ ဈေးပေါပေါဖြင့် အရက်၊ ဘီယာများ လွယ်လင့်တကူ ဝယ်ယူနိုင်ခြင်းကြောင့် မှုခင်းများ ဖြစ်ပေါ်မှုကိုလည်း အားပေးရာရောက်သည်ဟု မေးခွန်းမေး မြန်းရာတွင် ဒေါ်ခိုင်ခိုင်လဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှ စတိုးဆိုင်ပိုင်ရှင် ကိုမျိုးသီဟက “လိုင်စင်မရှိတဲ့ဆိုင်တွေကို ဖမ်းဆီးအရေးယူတယ်ဆိုတာက ကြိုဆိုပါတယ်၊ ဒါပေမယ့် ပညာပေးကာလ၊ သတိပေးကာလဆိုတဲ့ နည်းစနစ် ကျကျ တရားဝင်စာထုတ်ပြန်တဲ့ပုံစံမျိုးဖြစ်စေချင်တယ်၊ အခုဟာက စိတ်ရှိတိုင်းပဲလုပ်နေတယ်” ဟု ဆိုသည်။

    ယစ်မျိုးလိုင်စင်လျှောက်ထားသူမျာအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ရဲစခန်း များ၏ ထောက်ခံချက်၊ ဘေးပတ်ဝန်းကျင်နေထိုင်သူများ၏ ကွက်ကန့်ရန်မရှိကြောင်း ထောက်ခံချက်များနှင့် အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။

    ထို့အပြင် စည်းကမ်းသတ်မှတ်ချက်များအရ အရက်ဆိုင်တစ်ဆိုင်နှင့် တစ်ဆိုင် ကိုက် ၁၀ဝ ကွာဝေးရမည်ဖြစ်ပြီး သောက်သုံးလိုသူများ ဝင်/ ထွက်သွားလာမှု လွယ်ကူစေရမည်ဖြစ် ကြောင်း၊ အများပြည်သူတို့ အမြင်မတော် သည့်နေရာနှင့် ဖြတ်သန်းသွားလာ သူများ အတွက် အနှောက်အယှက် ဖြစ်စေသည့် နေရာမျိုးနှင့် ဈေး၊ စက်ရုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးအနီးတွင် လိုင်စင်လျှောက်ထားမှု ခွင့်မပြုကြောင်း နယ်/ လုံဝန်ကြီးက ပြောဆိုထားသည်။

    ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် စံချိန်စံညွှန်းနှင့် မပြည့်မီသည့်အရက်များ ထုတ် လုပ်ရောင်းချခြင်းနှင့် တရားမဝင်အရက်ဆိုင်၊ ထန်းရည်ဆိုင်များကို အရေးယူဆောင်ရွက်နိုင်ရန် ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ ၁၉၂၈ ခုနှစ် မြန်မာနိုင်ငံယစ်မျိုး နည်းဥပဒေများ၊ ၁၉၂၉ ခုနှစ် ယစ်မျိုး ညွှန် ကြားချက်များ၊ ၁၉၁၇ ခုနှစ် ယစ်မျိုးအက်ဥပဒေအရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာများနှင့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts