Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အထူးကုန်စည်လုပ်ငန်းများ အခွန်ငွေကျပ် ၁၆ သန်းကျော် ကောက်ခံရရှိ

မွန်ပြည်နယ်အထူးကုန်စည်လုပ်ငန်းများ အခွန်ငွေကျပ် ၁၆ သန်းကျော် ကောက်ခံရရှိ

-

၂၀၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ငါလတာကာလအတွင်း မွန်ပြည်နယ်တွင်တရားဝင်မှတ်ပုံတင်ဖြင့် လုပ်ကိုင်နေကြသော အထူးကုန်းစည်လုပ်ငန်း ၈ ခုမှ အကောက်ခွန်ငွေ ၁၆ သန်းကျော် (၁၆,၈၆၀,ဝ၄၆) ကျပ် ကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

“အထူးကုန်စည်ဆိုတာက ရောင်းရတဲ့အရေအတွက်ပေါ်မှာသာ စည်းကျပ်တယ်၊ မိုးတွင်းဆို အရောင်းထိုင်းတယ်၊ ဝါကျွတ်နဲ့ သင်္ကြန်ကာလတွေဆိုရင် သူတို့တအားရောင်းရတယ် ၊ အဲဒီကာလတွေဆိုရင် သူတို့ပိုပြီးစည်းကျပ်ခံရတာပေါ့၊ သူတို့ဝင်ငွေကြေငြာလွှာလာတင်တယ်ဆိုတာက ဒီလအထဲမှာ သူတို့ ဘယ်လောက်ရောင်းရပါတယ်ဆိုပြီးတော့ သူတို့လာတင်ကြတာပဲ၊ အဲဒီအပေါ်မှာပဲ ကြည့်ပြီးတော့ စည်းကျပ်ရတာပါ” ဟု မွန်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦး ကပြောသည်။

ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး-မွန်ပြည်နယ်(MNA)
ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး-မွန်ပြည်နယ်(MNA)
မွန်ပြည်နယ်အနေဖြင့် အထူးကုန်စည်လုပ်ငန်းတွင် အရက်ချက်လုပ်ငန်းတစ်မျိုးသာရှိပြီး ဧပြီလမှစတင်ကာ တစ်လတစ်ကြိမ်နှုန်းဖြင့် စတင်စည်းကြပ်ခဲ့ကြောင်း၊ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်မှ ကောက်ခံရငွေ၏ ၁၅ ရာခိုင်နှုန်းကို မွန်ပြည်နယ်အစိုးရထံသို့လွှဲပေးသည်ဟု ဆိုသည်။

အထူးကုန်စည်လုပ်ငန်းများတွင် စီးကရက်၊ ဆေးရွက်ကြီး၊ ဗားဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်းနှင့် သစ်မာသစ်လုံးများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန် နှင့် အခြားအဖိုးတန်ကျောက် မျက်ရတနာ အရိုင်းထည်နှင့်အချောထည်များ၊ လက်ဝတ်ရတနာများ၊ Double Cab 4 Door Pickup မှ အပ ၁၈၀ဝ CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်(Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ၊ သဘာဝဓာတ်ငွေ့များ စသည့်တို့ပါဝင်သည်ဟု သိရသည်။

မွန်ပြည်နယ်တွင်ရှိသော အရက်ပုလင်းသွင်းလုပ်ငန်း (အရက်အမျိုးမျိုး ထုတ်လုပ်သည့်လုပ်ငန်း) တစ်မျိုးတည်းဖြင့် အထူးကုန်စည်လုပ်ငန်း ၈ ခု တည်ရှိနေရာ စုစုပေါင်း အထူးကုန်စည်အခွန်ထမ်း ၁၁ ဦးရှိကြောင်း သိရသည်။

အထူးကုန်စည်ခွန်ဥပဒေကို၂၀၁၆ ခုနှစ်တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြု ပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ကောက်ခံလျက်ရှိကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts