spot_img
Saturday, January 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမူးယစ်ဆေးစွဲကုသရေးဆေးရုံမြေ (၃) နေရာ မွန်ဝန်ကြီးချုပ်ထံ တင်ပြထား

    မူးယစ်ဆေးစွဲကုသရေးဆေးရုံမြေ (၃) နေရာ မွန်ဝန်ကြီးချုပ်ထံ တင်ပြထား

    -

    မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲဖြတ်လိုသူများ အတွက် ကုသပေးနိုင်မည့် သီသန့်ဆေးရုံတစ်ခု တည်ဆောက်ရန် သင့်လျှော်သော ပြည်နယ်အစိုးရပိုင်မြေ (၃) နေရာအား မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ထပ်မံတင်ပြထားကြောင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ သိရ သည်။

    စက်တင်ဘာလ (၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ သင့်လျှော်သည့် မြေ (၃) နေရာကို ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြထားသည်ဟု မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးနေဝင်းက ပြောသည်။

    စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာန(MNA)
    စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသရေးဌာန(MNA)
    “ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့တို့လည်းပါတယ်၊ မြေစာရင်းပိုင်းတို့ကလည်း တွဲလိုက်ပြီးတော့ အဲ့နေရာမှာ မြေ ဘယ် လောက်ရှိတယ်ဆိုတာကို တစ်ခါတည်း တိုင်းလိုက်ပြီး အတိုင်းအတာကိုပါ ဝန်ကြီးချုပ်ဆီ တင်လိုက်တယ်၊ သူ ကလည်း သူ့ဆီလျှောက်ပြီးတာနဲ့ ချပေးဖို့က မြန်မြန်ရှာပါလို့ ပြောတာကိုး၊ မြန်မြန်ရှာပြီး မြန်မြန်တင် ပေးလိုက် တယ်” ဟု ဦးနေဝင်းက ပြောသည်။

    ဝန်ကြီးချုပ်ထံသို့ တင်ပြထားသည့် မြေနေရာ (၃) ခုမှာ မော်လမြိုင်-ကျိုက်မရောလမ်းမကြီးဘေးရှိ စက်မှုဇုံ နှင့် အားကစားသိပ္ပံအနီး၊ မော်လမြိုင်မြို့ တောင်ပေါ်တန်း ရဲမင်းကြီးအိမ်အနီး ဖြစ်ကြောင်း ဦးနေဝင်းက ဆက်ပြောသည်။

    လက်ရှိအချိန်တွင် မူးယစ်ဆေးစွဲဖြတ်လိုသူများအနေဖြင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ပြည်နယ်ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မော်လမြိုင်မြို့ရှိ စိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးစွဲကုသဋ္ဌာနတွင် အခမဲ့ ကုသပေးလျှက်ရှိ ကြောင်း သိရသည်။

    သို့သော် အဆိုပါဌာနသို့ တက်ရောက်ကုသမှုခံယူနေသော မူးယစ်ဆေးစွဲဖြတ်သူများအား အခြားလူနာများ အကြားတွင် ထားရှိနေရသဖြင့် သီးသန့်နေရာတည်ဆောက်ရန် တောင်းဆို ရခြင်းဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဗဟိုုဌာနအဖြစ် (၁၉၉၄) ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀ဝ၆) ခုနှစ်တွင် မွန်ပြည်နယ်၌ ပြည်နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ ၄င်းအသင်းသည် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟော ပြော ပွဲများနှင့် မူးယစ်ဆေးစွဲဖြတ်လိုသူအတွက် ဆေးဝါးဖြတ်နိုင်ရန် လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ထောက်ပံ့ကြေးပါ ပေးဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts