spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအနင်းကျေးရွာတွင် ကျောက်မီးသွေးဆိုးကျိုး အသိပညာပေးဆွေးနွေး

    အနင်းကျေးရွာတွင် ကျောက်မီးသွေးဆိုးကျိုး အသိပညာပေးဆွေးနွေး

    -

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် ကျောက်မီးသွေးဆိုးကျိုးများနှင့် ပက်သက်သည့် အသိပညာပေးဆွေး နွေးပွဲတစ်ရပ်ကို ရွာလယ်ဓမ္မာရုံ၌ စက်တင်ဘာလ ၂၈ ရက်နေ့က ကျေးရွာလူငယ်များဦးစီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အနင်းရွာအနီးတဝိုက်ရှိ ပင်လယ်နှင့်နီးစပ်သော လယ်ယာ မြေများကို ကုမ္မဏီတစ်ခု၏ ကိုယ်စားလှယ်ဆိုသူများက လိုက်လံဝယ်ယူနေကြပြီး ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လျှက်ရှိ သောကြောင့် ဒေသခံလူငယ်များဖိတ်ကြားမှုဖြင့် ရေးမြို့နယ် အံဒင်ရွာမှ လူငယ်များ ဦးဆောင်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသူတစ်ဦးက ဆိုသည်။

    အံဒင်ကျောက်မီးသွေးလျပ်စစ်ဓါတ်အားစီမံကိန်းအား ဒေသခံများကန့်ကွက်စဉ်(Internet)
    အံဒင်ကျောက်မီးသွေးလျပ်စစ်ဓါတ်အားစီမံကိန်းအား ဒေသခံများကန့်ကွက်စဉ်(Internet)
    “အခုလိုက်ဝယ်နေတဲ့သူတွေကလည်း ဒီရွာကပဲ သူတို့တွေက မြေတွေက စိုက်ပျိုးလို့ရတဲ့မြေဆိုရင် ဈေးတစ် မျိုးပေးတယ် မြေရိုင်းဆိုရင် ဈေးတစ်မျိုးပေးတယ် က္ပျန်တော်တို့က မရောင်းရသေးတဲ့သူတွေကို သူတို့ရဲ့ မြေယာတန်ဖိုးကို သိနားလည်လာဖို့ ကျောက်မီသွေးရဲ့အန္တရာယ်ကို သိရှိလာဖို့သက်သက်ပဲ ရည်ရွယ်ပြီး ဒီပွဲကို လုပ်ရတာပါ” ဟု မင်းလဝီညာဏ်က ပြောသည်။

    အဆိုပါလယ်ယာမြေများလိုက်လံဝယ်နေသူတို့မှာ အနင်းရွာတွင်သာမက အနီးတဝိုက်ရှိ သပြေရွာသစ်၊ ပလိုင်တင်၊ ပလိုင်မှူးရွာ၊ ခလောက်ချရွာပင်လယ်ဘက်ရှိ မြေများကိုလည်း လိုက်လံဝယ်ယူနေကြကြောင်း ၄င်းက ဆိုသည်။

    “ကျွန်မတို့လည်း သတင်းကြားပါတယ် ဒီဘက်တွေမှာ လိုက်ပြီးတော့ မြေတွေလိုက်ဝယ်နေတယ်ဆိုတာ အချိန် ရရင် လာပြီးတော့ (ကျောက်မီးသွေးအန္တရာယ်အကြောင်း) ဆွေးနွေးမယ်လို့တော့ ရည်ရွယ်ထားပါတယ် အခုလို သူတို့က အကူအညီတောင်းလာတယ်ဆိုတော့ လာကူရတာပေါ့” ဟု အံဒင်ရွာမှ ကျောက်မီးသွေးသုံး လျှစ်စစ် ဓာတ်အားပေးစက်ရုံဆန့်ကျင့်သူ လူငယ်တစ်ဦးဖြစ်သူ မိစိုက်စွန်းက ပြောသည်။

    အနင်းရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆန်းအောင်က ထိုကဲ့သို့မြေယာများကို လိုက်လံဝယ်ယူနေကြသော ကိုယ် စားလှယ်ဖြစ်သူတို့မှာ ငါးကန်လုပ်၍ ငါးမွေးမြူမည်၊ လယ်လုပ်မည်ဟု ပြောဆိုဝယ်ယူနေကြပြီး ရွာသား တချို့ မှာလည်း အကောင်းအဆိုးမခွဲခြားဘဲ ရောင်းချလိုက်ကြသည်ဟု ပြောသည်။

    “ကျွန်တော့်ရဲအမြင်အရဆိုရင် သူတို့ဒီလို (ပင်လယ်ကမ်းနားတစ်လျောက်) မြေတွေ လိုက်ဝယ်နေတယ်ဆိုတာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောင်ဖို့ပဲလို့ မြင်တယ်၊ ဒီကရွာသားတွေကလည်း သူတို့ ဘာလုပ်မယ်ဆိုတာ ဘယ်သူမှလည်း သိကြမှာမဟုတ်ဘူးလေ၊ အခုတောင်မှ ဒီရွာမှာ သူတို့လိုက်ဝယ်နေတာ (၁၂၀) ဧကလောက်ရသွားပြီ” ဟု အနင်းရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

    သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာသည် အိမ်ခြေ (၁၀ဝ၀) ဝန်ကျင်းခန့်ရှိပြီး လူဦးရေ (၈၀ဝ၀) ခန့်နေထိုင်ကာ အများစုမှာ လယ်ယာလုပ်ငန်းနှင့် ရော်ဘာလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။

    မွန်ပြန်နယ်တွင် ယခုလိုကျောက်မီးသွေးနှင့် ပက်သက်သည့် စီမံကိန်းများကို ကျိုက်မရောမြို့နယ် ပျားတောင်ဒေ သတွင် MCL ကုမ္ပဏီမှ ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှုကိုလည်းကောင်း၊ ဖာလိ်န်ဒေသရှိအံဒင် ရွာ တွင် တိုယိုထိုင်း ကုမ္ပဏီမှလာရောက်၍ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံတည်ဆောက်မှု ကိုလည်း ကောင်း ဆန့်ကျင်ကန်ကွက်ခဲ့ကြကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks