spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် အစိုးရပြန်လည်စွန့်လွှတ်မြေ ဧက ၈၅၀ ကျော်ခန့် ကျန်ရှိနေ

    မွန်ပြည်နယ်တွင် အစိုးရပြန်လည်စွန့်လွှတ်မြေ ဧက ၈၅၀ ကျော်ခန့် ကျန်ရှိနေ

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တပ်မတော်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက သိမ်းဆည်းထားပြီး အသုံးပြုရန် မလိုအပ်တော့သည့် ပြန်လည်စွန့်လွှတ်မြေ ဧက ၁၆၅၀ဝ ကျော်ရှိသည့်အနက် ဧက ၈၅၀ ကျော်ကို မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသည်ဟု မွန်ပြည်နယ်အစိုးရရုံးမှ သိရသည်။

    မြို့နယ်အလိုက်ကျန်ရှိသည့် စွန့်လွှတ်မြေတွင် သထုံမြို့နယ် ၇၄ ဧက၊ မော်လမြိုင်မြို့နယ် ၆၀ ဒဿမ ၄၇ ဧက၊ ကျိုက်မရောမြို့နယ် ၆၄၄ ဒဿမ ၇ ဧက၊ မုဒုံမြို့နယ် ၃ ဒဿမ ၈ ဧက၊ သံဖြူဇရပ်မြို့နယ် ၆၇ ဒဿမ ၉ ဧက၊ ရေးမြို့နယ် ၂ ဒဿမ ၆ ဧကခန့် ကျန်ရှိကြောင်း သိရသည်။

    ရေမြို့နယ် အံဒင်ကျေးရွာအနီး အစိုးရပြန်လည်စွန့်လွှတ်သည့်မြေနေရာ(MNA)
    ရေမြို့နယ် အံဒင်ကျေးရွာအနီး အစိုးရပြန်လည်စွန့်လွှတ်သည့်မြေနေရာ(MNA)
    မွန်ပြည်နယ်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး က “ဟိုအရင်တုန်းက သိမ်းထား တာပေါ့။ သိမ်းထားပြီးတော့ အခုထိ အကောင်ထည်မှုမရှိတဲ့ မြေတွေကို မူလပိုင်ရှင်တွေကို ပြန်လွှဲပြောင်းပေး တာပါ။ လွှဲပြောင်းပေးဘို့ ကျန်ရှိတဲ့မြေယာတွေကို မူလပိုင်ရှင်ထံ အမြန်ဆုံးရောက်ဘို့ကိုလည်း ဆောင်ရွက် နေဆဲပါ” ဟု ဆိုသည်။

    ကျန်ရှိနေသည့် လယ်ယာမြေများအား မူလပိုင်ရှင်ထံ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်နှင့် လွှဲပြောင်း ပေးအပ်ရန် ကြုံတွေ့နေရသည့် အခက်အခဲများကို အမြန်ပြန်လည်စိစစ်တင်ပြပေးရန်အတွက် မွန်ပြည် နယ်-ပြည်နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကို အကြောင်းကြားစာပေးပို့ထားသည် ဟု ဝန်ကြီးက ဆက်ပြောကြားသည်။

    စွန့်လွှတ်မြေယာအမျိုးအစားများတွင် မြေလွတ်မြေရိုင်း၊ စားကျက်မြေ၊ လယ်ယာမြေ၊ အင်းမြေနှင့် သီးစားချ ခြံမြေများပါဝင်ပြီး မူလမြေရှင်များ တင်ပြတိုင်ကြားစာကြောင့်လည်ကောင်း၊ တပ်မတော်အပါအဝင် ယခင်အစိုးရဝန်ကြီးဌာနများ အသုံးမလိုမှုကြောင့်လည်းကောင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန ၊ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ သီးခြားစွန့်လွှတ်ပေးမှုကြောင့်လည်းကောင်း ယင်းမြေယာများကို ပြန်လည်စွန့် လွှတ်ပေးခြင်းဖြစ်သည်ဟု သိရသည်။

    သို့ရာတွင် “ကျနော်တို့က ပြန်လည်စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တွေကိုပြန်ပေးနေတယ်လို့ ကြားတော့ မြို့နယ် မြေစားရင်းရုံးမှာ သွားစုံစမ်းဖြစ်ပါတယ်။ မြေစာရင်းကနေပြီးတော့ စွန့်လွှတ်မြေတွေ စာရင်းတွေ မရောက် သေးဘူးလို့ ပြောတော့ ကျနော်တို့မှာလည်း ဘာစွန့်လွှတ်မြေမှာ မရရှိသေးဘူး။ တစုံတခုအကြောင်းကြားလာ တာလဲ မရှိသေး” ဟု ရေးမြို့နယ်ရှိ အမှတ် ၃၁၆ (အမြောက်တပ် ) တပ်ရင်း၏ သိမ်းဆည်းခံ တောင်သူမြေယာများ ပြန်လည်ရရှိရန်ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်နိုင်မိုး က ဆိုသည်။

    အစိုးရမှ ပြန်လည်စွန့်လွှတ်မြေတွေကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရန်နှင့် အဆိုပါစွန့်လွှတ်မြေများအား မူလ ပိုင်ရှင်ထံ အမှန်တကယ်ရောက်စေလိုသည်ဟု ဦးအောင်နိုင်မိုး က ဆက်ပြောသည်။

    မွန်ပြည်နယ်ရှိ စွန့်လွှတ်ပြီးသာ မြို့နယ်အလိုက်စာရင်းက ကျိုက်ထိုမြို့ ၁၁၂၈၈ ဧက၊ ဘီလင်းမြို့ ၃၄၇ ဧက၊ သထုံမြို့ ၁၃၃၃ ဧက၊ ပေါင်မြို့ ၂၁၇ ဧက၊ မော်လမြိုင်မြို့ ၆၆၄ ဧက၊ ချောင်းဆုံမြို့ ၄၇ ဧက၊ ကျိုက်မရောမြို့ ၁၃၆၄ ဧက၊ မုဒုံမြို့ ၁၈၇ ဧက၊ သံဖြူဇရပ်မြို့ ၅၁ ဧက နှင့် ရေးမြို့နယ် ၁၀၂၄.၈၉ ဧက ရှိကြောင်းသိရသည်။

    စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (FSWG) ၏ စစ်တမ်းတွင် မြန်မာတနိုင်ငံလုံးတွင် တောင် သူများထံမှ အသိမ်းဆည်းခံထားရသည့် လယ်ယာမြေ ဧကပေါင်း ၆ သန်းကျော်ရှိပြီး ၄ သန်းခန့်မှာ တပ်မတော်က သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks