spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံ၏အမည်နာမသစ်ကို ဆွေးနွေးသတ်မှတ်သင့်ကြောင်း UNFC တင်ပြ

    နိုင်ငံ၏အမည်နာမသစ်ကို ဆွေးနွေးသတ်မှတ်သင့်ကြောင်း UNFC တင်ပြ

    -

    စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများအားလုံး၏ တန်းတူညီမျှမှုကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ထိုတိုင်းရင်းသား လူမျိုးများအားလုံးကို ကိုယ်စားပြုနိုင်သည့် နိုင်ငံ အမည်နာမအသစ်တစ်ခုကို ဆွေးနွေး သတ်မှတ် သင့်ပါကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ပင်လုံညီလာခံ(ပထမ) အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌ နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ တင်ပြလိုက်သည်။

    နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပဆဲ ၂၁ ပင်လုံညီလာခံ(ပထမ) အစည်းအဝေး တတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၂ ရက်၌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ရယ်ကောင်စီ UNFC ၏ သဘောထားအမြင်စာတမ်း ၃ ပိုင်းအနက် ပထမပိုင်းကို တင်ပြခြင်းဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာ ဆွေးနွေးတင်ပြစဉ်(BNA)
    နိုင်ဟံသာ ဆွေးနွေးတင်ပြစဉ်(BNA)
    သူက “ဗမာနဲ့မြန်မာ အတူတူပဲဆိုတာ အားလုံးပဲ သိကြပါတယ်၊ ဗမာဆိုတာ ဟိုအရင်က သုံးနှုန်းတဲ့ဝေါဟာရဖြစ်ပြီးတော့ မြန်မာဆိုတာ နောက်ပိုင်းမှာ သုံးနှုန်းတဲ့ဝေါဟာရဖြစ်ပါတယ်” စာတမ်းဖတ်ကြားရင်း ထည့်သွင်းပြောကြားခဲ့သည်။
    မြန်မာဟူ၍ဖြစ်စေ ဗမာဟူ၍ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် Burma ဟူ၍ဖြစ်စေ Myanmar ဟူ၍ဖြစ်စေ သုံးနှုန်းခေါ်ဆိုခြင်းသည် ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင်လာခဲ့ကြသော တိုင်းရင်းသားလူမျိုးများအနက် “ဗမာ” အမျိုးသားများကိုသာ ညွှန်းနေပါသည်ဟု စာတမ်းတွင် ဖတ်ကြားသွားသည်။

    သို့ရာတွင် တိုင်းရင်းသားအချို့သဘောထား တင်ပြဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်စိုးက “အဲဒီဟာတော့ သိပ်မဖြစ်နိုင်ဘူးပေါ့၊ မဖြစ်နိုင်တဲ့ ဟာကို တချို့ဟာတွေကြတော့လည်း ဒီမှာနှစ်ပိုင်းရှိတာပေါ့။ ၂၁ ရာစုပင်လုံဆိုတာက ဆွေးနွေးပွဲဆိုတဲ့အခါကြတော့ သူတို့ရဲ့အမြင်တွေကိုတော့ ပြောလို့ရတယ်၊ သို့သော်လည်း ဒီအပေါ်မှာ တချို့ဟာတွေကြတော့လည်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာတော့ နောင်တစ်ချိန်မှာပိုပြီးသိလာမှာပေါ့” ဟု သတင်းထောက်များကို ပြောသည်။

    ညီလာခံ တတိယမြောက်နေ့တွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးသုဝေ​​​​(နိုင်ငံရေးပါတီ)၊ ဒေါက်တာဝင်းမြတ်အေး​​(အစိုးရ)၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း​(တပ်မတော်)၊ စပ်ဘာင်ခေး​​(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ့အစည်း)၊ ဦးအင်ထုန်းခါးနော်ဆမ်​​(လွှတ်တော်)၊ အကျိုးဆောင်များအဖြစ် ဦးဉာဏ်ထွန်း၊ နော်ရှိုးအိအိထွန်း၊ စိုင်းရဲကျော်စွာမြင့် တို့က ဆောင်ရွက်ပြီး ပါတီ ၊ အဖွဲ့အစည်းကိုယ်စားပြုသူ ၃၃ ဦးတို့က ၄င်းတို့သဘောထား အမြင်များ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    UNFC ၏ သဘောထားစာတမ်းကို နိုင်ဟံသာ​​​၊ ခူဦးရယ်​​ ​(KNPP) ဦးထွန်းဇော်​(ANC) တို့က အပိုင်း ၃ ပိုင်းခွဲ တင်ပြခဲ့ခြင်းဖြစ်သည်။

    UNFC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ရခိုအမျိုးသားကောင်စီ ANC, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA, ဝအမျိုးသားအဖွဲ့ WNO, လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ၇ ဖွဲ့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks