spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမာန်အောင်ကြိုးဝိုင်း အများစုပိုင်သစ်တောစိုက်ရန် စီစစ်နေဆဲဟု ဆို

    မာန်အောင်ကြိုးဝိုင်း အများစုပိုင်သစ်တောစိုက်ရန် စီစစ်နေဆဲဟု ဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မာန်အောင်သစ်တောကြိုးဝိုင်းအတွင်း အများစုပိုင်သစ်တောစိုက်ခင်း တည်ထောင် ရန် နိုင်ထောစွန်း ဦးဆောင်သည့်အဖွဲ့ဝင် ၂၆ ဦးမှ လျှောက်ထားလာမှုအပေါ် ထပ်မံခွင့်ပြုနိုင်ရန် မွန်ပြည် နယ်သစ်တောဦးစီးဌာနမှ စီစစ်နေဆဲဟု မွန်ပြည်နယ် သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦး အေးနိုင်က ဆိုသည်။

    အဆိုပါ မာန်အောင်သစ်တောကြိုးဝိုင်းတွင် ဦးသန်းနိုင် အပါအဝင် (၉၃) ဦးပါအဖွဲ့ အများစုပိုင်သစ်တောစိုက်ခင်း တည်ထောင်ခွင့် လျှောက်ထားမှုအား ၂၀၁၂ ခုနှစ်တွင် မြေ (၅၁၄) ဧက ခွင့်ပြုထားခဲ့ပြီဖြစ်သည်။

    မာန်အောင်ကြိုးဝိုင်း(MNA)
    မာန်အောင်ကြိုးဝိုင်း(MNA)
    မာန်အောင်ကြိုးဝိုင်း(MNA)
    မာန်အောင်ကြိုးဝိုင်း(MNA)

    ဦးအေးနိုင်က “ကွင်းအမှတ် ၂၉ မှာ ဒေသခံပြည်သူအစုဖွဲ့ပိုင် သစ်တောလုပ်ငန်းအနေနဲ့ တင်ပြထားတာရှိတယ်။ နိုင်ထောစွန်း ဥက္ကဌအမည်နဲ့ပါ။ တင်ပြခဲ့တာကို ကျနော်တို့ စီစစ်ပြီးတော့ ချပေးဘို့ရှိတယ်။ အခုတော့ စီစစ်နေ ဆဲ” ဟု ဆိုသည်။

    သစ်တောဌာမှ ခွင့်ပြုထားသည့် အများစုပိုင်စိုက်ခင်းတွင် ရာဘာပင်ကို စိုက်ခွင့်မပြုကြောင်း၊ အပင်ကြီးထွား နှုန်းမြန်ပြီး ဒေသခံပြည်သူအတွက်အသုံးဝင်သည့် အပင်ကိုသာ စိုက်ခွင့်ပြုကြောင်း၊ တဆင့်ခံထပ်မံ ရောင်းချ ခွင့်မရှိကြောင်းနှင့် အများစုပိုင်သစ်တောဧရိယာတွင် ယာယီနေထိုင်ရန်အတွက် တဲများသာဆောက်ခွင့်ရှိပြီး အခိုင်မာတည်ဆောက်ခြင်းကို ခွင့်မပြုထားကြောင်း ဦးအေးနိုင်က ဆက်ရှင်းပြသည်။

    အများစုပိုင်သစ်တောတည်ထောင်နေသူ ဦးစိုးသန်နိုင်က “မာန်အောင်ကြိုးဝိုင်းမှာ အများစုပိုင်သစ်တောစိုက် တည်ထောင်ရန်အတွက် နိုင်ထောစွန်းဥက္ကဌ၊ ကျနော်က အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် (၂၆) ဦးနဲ့ ၂၀၁၃ ခုနှစ်၊ (၂) လပိုင်းမှာ အစိုးရကနေပြီးတော့ တရားဝင်ခွင့်ပြုချက် ရရှိခဲ့တယ်” ဟု ဆိုသည်။

    အဆိုပါအကွက်အမှတ် (၂၉) အများစုပိုင်သစ်တောစိုက်ခင်းလျှောက်ထားသည့် နေရာတွင် ပြည်သူများမှ ကြိုး ဝိုင်းဟု မသိရှိသောကြောင့် ကျူးကျော်အဖြစ် နှစ်ရှည်ရာဘာပင်အပါအဝင် ကွမ်းသီးပင်များကိုလည်း စိုက်ပျိုး ထားရှိသည်ဟု ကျူးကျော်စိုက်ပျိုးထားသူ တောင်သူများမှ သိရသည်။

    ကျူးကျော်အဖြစ် ဝင်ရောက်စိုက်ပျိုးထားသူ ဦးမြင့်အောင်က “မာန်အောင်ကြိုးဝိုင်းမှန် မသိလို့ ကျနော်တို့ဝင် စိုက်ထားခဲ့တာပါ။ ၂၀ဝ၇ ကတည်းကစိုက်တာပါ။ နောက်တော့ကြိုးဝိုင်းမှန်သိလာတော့ ဂရမ်ရဘို့အတွက် သစ် တောမှာလျှောက်တယ်။ ဂရမ်ရဘို့အတွက် သစ်တောဦးစီးဌာနမှာ ၁ ဧက ကျပ် (၁၅၀ဝ၀) ပေးခဲ့ရတယ်။ ဒါပေမဲ့ ဘာဂရမ်မှ မရခဲ့ဘူး” ဟုဆိုသည်။

    သစ်တောကြိုးဝိုင်းတွင် တောင်သူ ၆၀ ဦးခန့် ကျူးကျော် စိုက်ပျိုးထားရာ စိုးသန်းနိုင်ခေါင်းဆောင်သည့် ကျောင်း သားဟောင်းတပ်ဖွဲ့ဆိုသူသည် မိမိပိုင်ဆိုင်သည့်မြေဟုပြောဆိုပြီ တောင်သူများစိုက်ပျိုးထားသော ရာဘာပင်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဦးမြင့်အောင်က ဆက်ပြောသည်။

    အဆိုပါအကွက်အမှတ် ၂၉ တွင် မလွဲတောင် ထာဝရစိမ်းလန်းစိုပြေရေးနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေး ပရဟိတအဖွဲ့၊ မလွဲတောင်သဘာဝရတနာပရဟိတ ကုသိုလ်ဘဏ်လုပ်ငန်းစု လုပ်ငန်းကွပ်ကဲရုံးနှင့် အစည်းအ ဝေးခန်းရှင်းလင်းဆောင် ခရီးသည်နားနေဆောင် တည်ဆောက်ထားရှိသည်။

    မာန်အောင်သစ်တောကြိုးဝိုင်း မြေဧရီယားအကျယ်အဝန်း ၁၆၅၄၂ ဧကရှိပြီး ၂၀၁၂ ခုနှစ်တွင် မွန်ငြိမ်း ချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်မှူးနိုင်မြတ်စံအား ဧက ၂၀ဝ၊ ၂၀၁၃ ခုနှစ် တွင် ဦးပေါ်ထွန်းအပါအဝင် ၃ ဦး အား ဧက ၃၅၀၊ ဒေါ်ထွေးရှင် ဧက ၂၀ဝ နှင့် နိုင်ထောစွန်း ဧက ၂၀ဝ တို့ကို အနှစ် ၃၀ ဂရမ်ဖြင့် ပုဂ္ဂလိက ရာဘာစိုက်ပျိုးရန် လုပ်ပိုင်ခွင့် ပြုထားကြောင်း မွန်ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks