spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတပ်မတော်၏ရပ်တည်ချက်ကို စိတ်မချရသေးဟု UNFC ဒုဥက္ကဌပြော

    တပ်မတော်၏ရပ်တည်ချက်ကို စိတ်မချရသေးဟု UNFC ဒုဥက္ကဌပြော

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ (ပထမအကြိမ်) အခမ်းအနားကျင်းပသည့် အခင်းအကျင်း ရောက်ရှိနေသော်လည်း တပ်မတော်၏ လက်ရှိရပ်တည်ချက်သဘောထားကို တိုင်းရင်းသားများစိတ်မချရသေးဟု ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဋ္ဌ နှင့် မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်ဟံသာက နေပြည်တော်၌ကျင်းပသော မွန်ပါတီများညစာစားပွဲမိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    နေပြည်တော်၌ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ(ပထမအကြိမ်) ကိုယ်စားလှယ်အဖြစ် တက်ရောက်သည့် မွန်ပြည်သစ်ပါတီ NMSP၊ မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီAMDP မွန်ပါတီများအား သြဂုတ် ၃၀ ရက်နေ့ညက တိုင်းရင်းသားရေးရာဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တည်ခင်းသော ညစာစားပွဲ၌ ထိုသို့ပြောကြားခြင်း ဖြစ်သည်။

    မွန်ပါတီများ ညစာစားပွဲ(BNA)
    မွန်ပါတီများ ညစာစားပွဲ(BNA)

    “တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လက်ခံသူတွေတော်တော်များရှိပေမယ့်လည်း ကျနော်တို့တိုင်းရင်းသားတွေက တပ်မတော်ရဲ့လက်ရှိ ရပ်တည်ချက်ကို စိတ်မချရသေးဘူး၊ တပ်မတော်က ဖက်ဒရယ်ကိုလက်ခံပြောဆိုလာတယ်၊ ဒါပေမယ့် ကိုင်ပိုင်ပြဌာန်းခွင့်ကို လက်မခံသေးဘူး” ဟု ၎င်းက ဆိုသည်။

    ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က လက်ရှိတွင် “ဖက်ဒရယ်” ဟူသည့်ဝေါဟာရအား တပ်မတော်နှင့် တိုင်းရင်းသားများ သုံးနှုန်းပြောဆိုမှုများရှိနေသော်လည်း အဓိပ္ပါယ်ဖွင့်ဆိုခြင်း မတူညီသေးဟု ဆိုသည်။

    လက်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာလည်း တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးအပေါ်အခြေခံပြီး နိုင်ငံ၏ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ၃ ရပ်အပေါ်ရပ်တည်ပြီး အဖွဲ့အစည်းမျိုးစုံနှင့် လက်တွဲပူးပေါင်းပါဝင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၃၁ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ(ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်များအောင်မြင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားပါမယ်၊ ဖြစ်နိုင်သည်များအားလုံးလည်း ညှိနှိုင်းဆောင်ရွက်သွားပါမယ်၊ တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာ ဆိုရင်လည်း ကျနော်တို့ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်း တစ်လျောက်မှာ တွေ့ကြုံသိမြင်ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူ ၆ ရပ်မှာ (၁) ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်
    ဆန္ဒရှိရန်၊ (၂)သဘောတူစာချုပ်များ၌ ကတိတည်ရန်၊ (၃)ငြိမ်းချမ်းရေးသဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ (၄)ဒေသခံများပေါ်တွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ (၅)နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်နှင့် (၆) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀ဝ၈ ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်သည်။

    တပ်မတော်က အခြေခံသဘောထားများကို ထုတ်ပြန်ထားပြီးဖြစ်သည်၊ အခြားတဖက်တွင်မူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ EAOs အပြီးအပိုင်ဖျက်သိမ်းရေးကို တိုင်းရင်းသားများက စိုးရိမ်ပူပန်မှုရှိနေကြောင်း နိုင်ဟံသာက ပြောသည်။

    ကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ(ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံခြားသံသမန်များ စုစုပေါင်း (၁၆၀ဝ) ခန့်တက်ရောက်သည်။

    “လက်ရှိအနေထားမှာ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရဖြစ်တဲ့အတွက် ယခင်အစိုးရထက်အခြေအနေ တိုးတက်ဖြစ်ပေါ်နေပါတယ်၊ ၂၀ဝ၈ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့ လိုအပ်နေတယ်” ဟု နိုင်ဟံသာက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks