spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားသူဦးရေ တိုးပွားလာဟုဆို

    မွန်ပြည်နယ်တွင် မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားသူဦးရေ တိုးပွားလာဟုဆို

    -

    မွန်ပြည်နယ်ရှိ အသက် ၆၀ နှင့် ၈၀ အကြာ လူအများစုတွင် မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားသူဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေကြောင်း မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဌာနမှ မျက်စိအထူးကု ဆရာဝန် ဒေါက်တာ အောင်နေဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားရသည့်အကြောင်းတွင် အသက်အရွယ်ကြီး၍သော်လည်းကောင်း၊ အထူးသဖြင့် တံငါသည်များ ခရမ်းလွန်ရောင်ခြည် ထိတွေ့ခံရမှု များ၍သော်လည်းကောင်း၊ ပန်းနာရင်ကြပ်ရောဂါဝေဒနာရှင်များ ဆေးစွဲသောက်နေရသည့်အတွက် အတွင်းတိမ် ဖြစ်နိုင်ကြောင်း သိရသည်။
    ဒေါက်တာ အောင်နေဦး က “ မွန်ပြည်နယ်မှာ မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားမှု များတယ်လို့ပဲ ပြောလို့ရမယ်၊ ဒီမှာတော့ တစ်နှစ်ကို ၆၀ဝ နဲ့ ၇၀ဝ ကြာလောက် ရှိမယ်၊ လျော့သွားတာမျိုးမရှိဘူး တိုးလာတာပဲ ရှိတယ်” ဟုပြောသည်။

    မော်လမြိုင် မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုႝဆေးရုံ(MNA)
    မော်လမြိုင် မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုႝဆေးရုံ(MNA)
    မျက်စိအတွင်းတိမ်ရောဂါသည် နည်းလမ်းပေါင်းစုံ ဖြစ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်၍မရသည့် ရောဂါထဲတွင်ပါဝင်နေသော်လည်း ၄င်းရောဂါဖြစ်လျှင် ၉၀ ရာနှုန်းကျော် ပြန်မြင်ရသည့်အတွက် ကုသ၍ရနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

    ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးတွင် မျက်စိအတွင်းတိမ်လူနာပေါင်း ၃၇၀ ဦးကျော်ရှိခဲ့ပြီး တစ်လလျှင် မျက်စိလာရောက် ပြသသူဦးရေ ပျမ်းမျှအားဖြင့် ၅၀ နှင့်အထက် ရှိနေကြောင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဌာန စာရင်းတွင် ဖော်ပြထားသည်။

    အလားတူ ရေးမြို့ အစင်ရွာရှိ ရေလုပ်ငန်းလုပ်ကိုင်နေသည့် လူအများစုတွင် အသက် ၄၀ နှင့် ၆၀ ကြား မျက်စိအတွင်းတိမ်ရောဂါ အဖြစ်များနေကြောင်း သိရသည်။

    မျက်စိအတွင်းတိမ်ရောဂါဖြစ်ခဲ့ဖူးသူ ဒေါ်ခင်သန်း က “ အတွင်းတိမ်စစဖြစ်ချင်းမှာ ဘာမှ မမြင်ရဘူးဆိုတော့ စိတ်ညစ်တာပေါ့ ၊ဒါပေမယ့် ကုသလိုက်တဲ့အခါကျတော့ ပကတိအတိုင်း ပြန်မြင်ရတာ အရမ်းဝမ်းသာပါတယ်” ဟုပြောသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် SCG ဘိလပ်မြေကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၅၀,ဝ၀ဝ တန်ဖိုးရှိသော မျက်စိအတွင်းတိမ်ရောဂါခွဲစိတ်ကုသရေးစက်ကိရိယာ တစ်လုံးကို မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးသို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မွန်ပြည်နယ်ရှိ မျက်စိအတွင်းတိမ် လူနာပေါင်း ၅၆၇ ဦး ရှိခဲ့ကြောင်း မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks