spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းလက်နက်စွန့်ရမည့်ကြေညာချက်ထုတ်ပြန်ရမည်ဆိုလျင် ၂၁ ရာစုပင်လုံညီလာခံသို့ မဟာမိတ်သုံးဖွဲ့ မတက်ရောက်ဟု TNLA ပြော

    လက်နက်စွန့်ရမည့်ကြေညာချက်ထုတ်ပြန်ရမည်ဆိုလျင် ၂၁ ရာစုပင်လုံညီလာခံသို့ မဟာမိတ်သုံးဖွဲ့ မတက်ရောက်ဟု TNLA ပြော

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် မိမိတို့ မဟာမိတ်သုံးဖွဲ့ အနေဖြင့် အဆင်သင့်ဖြစ်နေသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရမည်ဆိုသော ကြေညာချက် ထုတ်ပြန်ရမည်ဆိုလျင် မဟာမိတ်သုံးဖွဲ့ တက်ရောက်မည်မဟုတ်ကြောင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က သြဂုတ် ၁၈ ရက်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မြန်မာနိုင်ငံအမှန်တရားနှင့်မျှတမှုအမျိုးသားပါတီ(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မဟာမိတ် သုံးဖွဲ့မှ ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရန် အဆင်သင့်ရှိကြောင်း ၂၀၁၆ ခုနှစ်၊သြဂုတ် ၁၈ ရက်နေ့က ထုတ်ပြန် ပြောကြားခဲ့သည်။

    AA,MNDAA, TNLA သဘောထားကြေညာချက်(Copy)
    AA,MNDAA, TNLA သဘောထားကြေညာချက်(Copy)

    “အခု ကျွန်တော်တို့ ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက်ဖို့ အဆင်သင့်ရှိကြောင်း ပြောတာပါ။ ဒါပေမဲ့ ကျင်းပရေးကော်မတီက ကျွန်တော်တို့ကို ဖိတ်ကြားတာမရှိသေးဘူး။ ကျွန်တော် တို့ကို လက်နက်စွန့်ရမယ်ဆိုတဲ့ ကြေညာချက် ထုတ်ခိုင်းရင်တော့ မထုတ်နိုင်ဘူး လက်နက်စွန့်ရမယ်ဆိုတဲ့ ကြေညာချက် ထုတ်မှ ညီလာခံကို တက်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ မဟာမိတ်သုံးဖွဲ့ မတက်တော့ဘူး” ဟု ပြောသည်။

    အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များပါဝင်သည့်
    သြဂုတ် ၁၅ ရက်နေ့ UPDJC အစည်းအဝေးတွင် “အားလုံးပါဝင်ရေးမူ” ကိုသဘောတူကြသည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် NCA လက်မှတ်မထိုးရသေးသည့် မိမိတို့အဖွဲ့များသည်လည်း အားလုံးတက်ရောက်ခွင့်ရမည်ဟု မှတ်ယူကြောင်း၊ ထို့ကြောင့် ၂၁ ရာစု ပင်လုံ ညီလာခံတက်ရောက်ရန် အဆင်သင့်ဖြစ်နေသည်ဟု သဘောထားထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုသည်။

    မဟာမိတ်သုံးဖွဲ့၏ သြဂုတ် ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် သြဂုတ် ၁၅ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် UPDJC အစည်းအဝေးက ၂၁ ရာစု ပင်လုံ ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများအားလုံးပါဝင်နိုင်မည့် အားလုံးပါဝင်ရေးမူကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ကြားသိရသည့်အတွက် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှုကို မိမိတို့ ဝမ်းမြောက်အားတက်မိပါ ကြောင်း၊ ၂၁ ရာစု ပင်လုံ ညီလာခံကိုလည်း သြဂုတ် ၃၁ ရက်နေ့တွင် ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့သည်ကို ကြိုဆိုလိုက်ပြီး မိမိတို့ တက်ရောက်နိုင်ရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်။

    သို့သော် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး က “လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်းလိုသည့် ဆန္ဒအပြည့်အဝရှိပါသည်”ဟု ထုတ်ပြန်ပေးမှသာလျှင် ၂၁ ရာစု ပင်လုံ ညီလာခံသို့တက်ရောက်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ပြောဆိုထား သည်။

    အဆိုပါ ကိစ္စရပ် နှင့် ပတ်သက်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဌေးက သြဂုတ် ၁၅ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သော UPDJC အစည်းအဝေးအတွင်း သတင်းမီဒီယာများကို ပြောကြားခဲ့ရာမှာ ပလောင်(PSLF/TNLA)အဖွဲ့ တစ်ဖွဲ့ နှင့်သာ ညှိနှိုင်းရန် ကျန်ရှိတော့သည်ဖြစ်ပြီး ကျန် လက်နက်ကိုင်အဖွဲ့များနှင့်မှာ သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

    ထို့ကြောင့် မဟာမိတ်သုံးဖွဲ့ထဲမှ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် မြန်မာနိုင်ငံအမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ(MNTJP/MNDAA) တို့မှာ အစိုးရကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို သဘောတူညီ ထားပြီးလားဆိုသည့် ထင်မြင်ချက်များ ထွက်ပေါ်လျက်ရှိသည်။

    “ဒါက သူတို့လိုရာကိုဘဲ ဆွဲပြီးပြောနေတာပါ၊ ကျွန်တော်တို့ မဟာမိတ်သုံးဖွဲ့က သဘောထား အတူတူဘဲ၊ အစိုးရ ကိုယ်စားလှယ်တွေဘက်က ဆက်လက်ညှိနှိုင်းဖို့လည်း ကမ်းလှမ်းလာတာမရှိသေးဘူး။ ကျွန်တော်တို့ ဒါကို မကြေညာပေးလို့ တက်လို့မရဘူးဆိုလည်း အစိုးရကိုယ်စားလှယ်တွေဘက်က တစ်ခုခုတော့ ပြောလာမယ်လို့ ထင်တာပဲ။ ဒါကိုလည်း စောင့်နေပါတယ်” ဟု ဗိုလ်မှူးကြီး တာဖုန်းကျော် က ဆက်ပြောသည်။

    လက်ရှိ မြန်မာအစိုးရ၊မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအတူတကွ လုပ်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မိမိတို့ အနေဖြင့် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော် နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အပြန် အလှန်ရပ်စဲပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဒေသတည်ငြိမ်အေးချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုး သား ပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိကြောင်း မဟာမိတ်သုံးဖွဲ့မှ ပူးပေါင်းထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks