Homeသတင်း၂၁ ရာစု ပင်လုံ ညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပသွားမည်

၂၁ ရာစု ပင်လုံ ညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပသွားမည်

-

၂၁ ရာစု ပင်လုံ ညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပသွား မည်ဖြစ်ကြောင်း သြဂုတ် ၁၅-၁၆ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးတွင် သဘောတူညီမှုရယူခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ် UPDJC အစည်းအဝေး၌ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ စသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ညှိနှိုင်း သဘောတူညီမှု ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UPDJC အစည်းအဝေး(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
UPDJC အစည်းအဝေး(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
“ ၂၁ ရာစုပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သြဂုတ် ၃၁ ရက်နေ့မှာ ကျင်းပ သွားမယ်။ ဒါကို အခု ကျင်းပနေတဲ့ UPDJC အစည်းအဝေးကနေ ခြောက်လ တစ်ကြိမ် ကျင်းပသွားဖို့ကိုလည်း အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ သဘောတူညီမှု ရယူခဲ့ကြတယ်။ ဒေါ်အောင်ဆန်း စု ကြည်ကလည်း အားလုံးပါဝင်ရေးကို လက်ခံပေးထားတယ်”ဟု ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီဝင် သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၁ ရာစု ပင်လုံ ညီလာခံ ကို သြဂုတ် ၃၁ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောဆိုထားပြီး “ကိုယ်စားလှယ်” ဆိုသော စကားရပ်အစား “တက်ရောက်သူများ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ဖိတ်ကြားသွားရန်လည်း ပြင်ဆင်ထားသည်ဟု သိရသည်။

“မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် အဓိကအရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံငြိမ်းချမ်းရေး မရရှိခြင်းမှာ မိမိတို့ ပြည်ထောင်စုသားများအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ စိတ်ပိုင်းဆိုင်ရာလို အပ်ချက်များကို မဖြည့်ဆည်းနိုင်ခြင်းကြောင့် ဖြစ်ပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UPDJC ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စတင်ကျင်းပမည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၅ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မည်သည့် ဆုံးဖြတ်ချက်ကိုမှ ချမှတ်သွားမည်မဟုတ်ဘဲ တစ်ဖွဲ့ ချင်းစီ၏ သဘောထားများကိုသာ တင်ပြဆွေးနွေးသွားမည့် ပုံစံဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက် ညီလာခံများမှသာလျှင် လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် နှင့် သံယဇာတ စသည့် ခေါင်းစဉ် ၅ တို့ကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူညီထားသည်။

LND အစိုးရသစ် လက်ထက် ပထမဆုံး ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ အပစ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များ ပါဝင်လာနိုင်ရေးကို သဘောတူညီထားသော်လည်း အစိုးရ၏တိကျသည့်ထုတ်ပြန်ပြောဆိုမှုများ မတွေ့ရှိရသေးပေ။

ထို့အပြင် “၂၁ ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် အချိန်ဆွဲဆောင်ရွက်သွားမှာမဟုတ်၊ တစ်လနှစ်အတွင်းမှာပဲ ဒီအစီအစဉ်တွေ ပြီးမြောက်ပြီး ငြိမ်းချမ်းရေးညီလာခံကို စတင်ဆောင်ရွက်သွားချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က UPDJC အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts