spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်ပယ်ဖျက်ခံရ

    ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်ပယ်ဖျက်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်သည် ဟိုတယ်လိုင်စင်စည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့်အတွက် လုပ်ငန်းလိုင်စင် ပယ်ဖျက်လိုက်သည်ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) ထံမှ သိရသည်။

    ရိုးရိုးလေးဟိုတယ်လုပ်ငန်းလိုင်စင်ကို သြဂုတ်လ ၁၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉(က) အရ လိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့်အတွက် ဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

    ရိုးရိုးလေးဟိုတယ်(Facebook)
    ရိုးရိုးလေးဟိုတယ်(Facebook)

    “ကျနော်တို့က လုပ်ငန်းလိုင်စင်ရုပ်သိမ်းလိုက်တာပေါ့၊ သူ့ကို ဥပဒေနဲ့အညီ ကျနော်တို့ ပေးထားတဲ့ လိုင်စင်က ၁၃၅ ခန်းပေးထားတယ်၊ အဲဒီလိုင်စင်ကို ရုပ်သိမ်းလိုက်တာ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

    ရိုးရိုးလေးဟိုတယ်သည် ဟိုတယ်၏ မူလအဆောင်ကိုပြင်ဆင်ခြင်း၊ အဆောင် (၂) ဆောင် ထပ်မံတိုးချဲ့ဆောက်လုပ်ပြီး အိပ်ခန်း ၂၄၁ ခန်းထိ တိုးချဲ့ထားသဖြင့် ခွင့်ပြုထားသော အိပ်ခန်းများထက် ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ထားခြင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ အဆောင်အမှတ် ၅ တွင် အမြင့် ၄၀ ပေနှင့် အဆောင်အမှတ် (၆) တွင် အမြင့် ပေ ၅၀ ရှိသော အန္တရာယ်ရှိနိုင်သည့်အထပ်မြင့် အဆောက်အဦးများဖြစ်နေခြင်းတို့ကြောင့် ရိုးရိုးလေးဟိုတယ်အနေဖြင့် ဟိုတယ်ခန်း တိုးချဲ့တည်ဆောက်ဖွင့်လှစ်ခြင်းကို ဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခဲ့ခြင်းမရှိ၍ လိုင်စင်ဆိုင်ရာ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သည့်အတွက် လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံရခြင်းဖြစ်သည်။

    ၄င်းပြင် ဇွန်လ (၂၇) ရက်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားသည်ထက် ပိုမိုဆောက်လုပ်ထားသည့် ဟိုတယ်အခန်းများကို တစ်လအတွင်း ပိတ်သိမ်းရန် ဆုံးဖြတ်ထားချက်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) မှ ဇူလိုင် ၈ ရက်နေ့က ရိုးရိုးလေးသို့ အသိပေးအကြောင်းကြားခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    ဝေဖန်သံများထွက်ပေါ်နေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတောင်ပေါ်ရှိ ဟိုတယ်အခန်းကိစ္စ၊ အဆောက်အဦးကိစ္စ၊ ဂေါပကအဖွဲ့ကိစ္စ ဘုရားပေါ်က အလှူခံဌာနကိစ္စ၊ တောင်တက်မော်တော်ယာဉ်ကိစ္စ၊ တောင်တော်သန့်ရှင်းသာယာရေးကိစ္စရပ်များကို စနစ်တကျထိန်းသိမ်း ကိုင်တွယ်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု သိရသည်။

    ကျိုက်ထီးရိုးတောင်ပေါ်က ရှုပ်ထွေးနေသည့်ကိစ္စရပ်များကို မွန်ပြည်နယ်အစိုးရက စနစ်တကျကိုင်တွယ်သွားမည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ဦးမင်းမင်းဦးကလည်း ပြောခဲ့သည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပေါင်း ၂ သန်းကျော် လာရောက်လည်ပတ်လေ့ရှိကြပြီး စေတီတော်ကြီးမှ နှစ်စဉ်ဝင်ငွေ ကျပ်သန်းပေါင်း ၁ ဒသမ ၅ ဘီလီယံကျော်ရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks