spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးချက်များကို UPDJC သို့ဆက်လက်တင်ပြမည်

    နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးချက်များကို UPDJC သို့ဆက်လက်တင်ပြမည်

    -

    ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးမှ ရရှိလာခဲ့သော အချက်အလက်များကို ဩဂုတ် ၁၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

    သြဂုတ် ၁၁ ရက် မှ ၁၃ ရက်နေ ့အထိ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး၌ အစိုးရ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စသည့် အဖွဲ ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးချက်အစည်းအဝေး(Hla Maung Shwe FB)
    နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးချက်အစည်းအဝေး(Hla Maung Shwe FB)
    “ဆွေးနွေးချက်တွေကို ဩဂုတ် ၁၅ ရက်နေ့မှာ လုပ်မယ့် UPDJC အစည်းအဝေးမှာ တင်ပြသွားမယ်။ NCA လက်မှတ်မထိုးတဲ့အဖွဲ ့တွေလည်း ပါဝင်ခဲ့တာ ဆိုတော့ အဆင်ပြေခဲ့ပါတယ်။ ၂၁ ပင်လုံညီလာခံကိုလည်း အောင်မြင်စွာ ကျင်းပနိုင်မယ်လို့လည်း မျှော်လင့်ထားတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ ့တွေ ညီလာခံ တက်လာဖို့လည်း မူအားဖြင့် သဘောတူညီမှုရ ခဲ့တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ -၂ ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

    အဆိုပါ အစည်းအဝေး ဆွေးနွေးချက်များကို တရားဝင် သဘောထား ထုတ် ပြန် ကြေညာခဲ့ခြင်းမရှိသော်လည်း NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ၂၁ ရာစု ပင်လုံညီလာခံသို ့ တက်ရောက်ရေး မူအရသဘောတူညီခဲ့ရသည်ဟု သိရသည်။

    ၃ ရက်ကြာ ကျင်းပခဲ့သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်အစည်းအဝေးပထမရက်တွင် အစိုးရနှင့် တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ဒုတိယနေ ့တွင် အစိုးရနှင့်NCA လက်မှတ်မထိုး/လက်မှတ်ထိုးအဖွဲ ့စသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ၊ တတိယနေ့တွင် အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    သို့ရာတွင် အစိုးရတပ်မတော်နှင့်တိုက်ပွဲဖြစ်နေဆဲဖြစ်သည့် ကန့်အဖွဲ့ MNDAA ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင့် တပ်မတော် AA တို့ အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်အစည်းအဝေးများတွင် ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။

    သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ” နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရာမှာ NCA မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာခြင်းဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မျှော်မှန်းထားတဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ဖို့ တံခါးကျယ်ကျယ် ဖွင့်ထားခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးခရီးဟာ နေ့ချင်းညချင်း ခရီးမဟုတ်လို့ပဲ နှစ်ပေါင်း ၇၀ အထိ ကြာရှည်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် စားပွဲဝိုင်းမှာ ပါဝင်သူအားလုံးဟာ စိတ်ရှည်လက်ရှည်နဲ့ အတော်ကလေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာ တွေ့ပါတယ်။ အားရကျေနပ်စရာ ကောင်းလှပါတယ်။ နိုင်ငံရေးဆွေးနွေးမှုမူဘောင် ကြေလည်မှ အားလုံးက ရှင်းရှင်းလင်းလင်း နားလည် လက်ခံမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ချောချောမောမော ဖြစ်လာမှာပါ” ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

    ထို့အပြင် ပါဝင်သူအားလုံးကလည်း တိုင်းရင်းသားပြည်သူများ မျှော်လင့်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး နှင့် မကြာခင်ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအတွက် စေတနာ အရင်းခံပြီး ဆောင်ရွက်ခဲ့ကြခြင်းအတွက် ဘုံသဘောတူညီချက်များ အဖြေရှာ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

    အဆိုပါဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တင်ပြချက်များအရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာလုပ်ငန်း ကော်မတီဖွဲ့စည်းရေး၊ ညီလာခံအပြီး ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပူးတွဲကျင်းပရေးကော်မတီတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်ပါဝင်ရေး စသည့်အချက်များအပါအဝင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်ချက်များကို UPDJC အစည်းအဝေး သို့တင်ပြပြီး သဘောတူညီချက်များကို ရယူကြမည်ဖြစ်ကြောင်း သိရသည်။

    ၂၁ ရာစု ပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်တွင် လာမည့်ဩဂုတ် ၃၁ ရက်နေ့၌ စတင်ကျင်းပရန်စီစဉ်လျက်ရှိရာ ကိုယ်စားလှယ်ပေါင်း ၇၀ဝ ခန့်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ၁၅၀ ဦးပါဝင်တက်ရောက်ရန်လျာထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက သတင်းဌာနများသို့ ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks