Homeသတင်းမွန်တွင် ရာဘာဈေးကွက်မြင့်တက်လာရေး အစိုးရ၊ လွှတ်တော်နှင့် CESD အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်

မွန်တွင် ရာဘာဈေးကွက်မြင့်တက်လာရေး အစိုးရ၊ လွှတ်တော်နှင့် CESD အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည်

-

အရည်အသွေး နိမ့်ကျမှုကြောင့် ရာဘာဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း ရာဘာထုတ်လုပ်သူများ သိရှိစေနိုင်မည့် နည်းလမ်းများကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD – Center Economic for Social Development) တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါ CESD အဖွဲ့အနေဖြင့် ၂၀၁၅-၁၆ ခုနှစ်အတွင်း မွန်ပြည်နယ် (၁၀) မြို့နယ်မှ အိမ်ထောင်စုပေါင်း (၂၀ဝ၀) ကျော်တို့အား စီးပွားရေးအခြေအနေများနဲ့ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် ရာဘာ ဈေးနှုန်းကျဆင်းနေ မှုနှင့် အများဆုံး ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ရာဘာပြားထုတ်လုပ်ပုံ(MNA)
ရာဘာပြားထုတ်လုပ်ပုံ(MNA)
CESD ၏ စီးပွားရေးသုတေသနအဖွဲ့မှ မင်းဇာနည်လင်းက “ကျွန်တော်တို့ဖြစ်စေချင်တာက သင်တန်းတွေ ပေးပို့ နိုင်အောင် မွန်ပြည်နယ်အစိုးရကပဲ ဦးဆောင်ပြီး ဆောင်ရွက်ပေးစေချင်တယ်၊ သူတို့ပဲလုပ်နိုင်တယ်၊ လွှတ်တော် တို့ အစိုးရအဖွဲ့တို့ကလည်း ဒီရာဘာအတွက် ဥပဒေမူကြမ်းတွေ ရေးဆွဲပေးစေချင်တယ်၊ အခုအခြေအနေက နှစ်ပိုင်းပြင်ရမယ်၊ တစ်ပိုင်းက ရာဘာလုပ်တဲ့သူဘက်က ရာဘာအရည်အသွေးကောင်းအောင် လုပ်ဆောင်ရ မယ်၊ ဗဟိုအစိုးရအပိုင်းကတော့ ဈေးကွက်ရရှိအောင် တိုးချဲ့လုပ်ဆောင်သင့်တယ် ဒါမှ ရာဘာဈေးက တက်လာ နိုင်မယ်” ဟု ပြောသည်။

CESD အဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်း တက္ကသိုလ်ကြီး (အင်္ဂလန်၊ အမေရိကန်) မှ သုတေသနအဖွဲ့ စီးပွား ရေးပညာရှင်၊ စိုက်ပျိုးရေးပညာရှင်တို့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်လေ့လာသည့် အဖွဲဖြစ် ပြီး လေ့လာရန် အသုံးစရိတ်ကိုလည်း နိုင်ငံတကာအဖွဲ့အစည်း၏ ဘတ်ဂျက်ဖြစ်သာ ပြုလုပ်ခဲ့ကြောင်း မင်းဇာ နည်းလင်းမှ သိရသည်။
ယခုနှစ်အတွင်း မွန်ပြည်နယ်၏ ရာဘာဈေးနှုန်း တစ်ပေါင်လျှင်ငွေကျပ် ၅၀ဝ မှ ၆၀ဝ အကြားသာ ရှိနေခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဈေးနှုန်းစတင်ကျဆင်းရခြင်းသည် ကမ္ဘာ့ဝယ်လိုအား ကျဆင်းပြီး၊ ရောင်းလိုအား များလာခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာရာဘာထုတ်လုပ်မှုသည် ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှု မရှိခဲ့သော်လည်း မြန်မာ့ဈေးကွက်ထိခိုက်ခဲ့ကြောင်း CESD ၏ လေ့လာချက်စာတမ်းအရ သိရသည်။

အိမ်ထောင်စု (၂၀ဝ၀) ကျော်အား တစ်နှစ်အတွင်း CESD အဖွဲ့စစ်တမ်း ကောက်ခံတွေ့ရှိချက်များကို သြဂုတ် (၁၀) ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးမှု အိမ် ထောင်စုစာရင်း စစ်တမ်းဆိုင်ရာလေ့လာအကြံပြု အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံက ရာဘာဈေးကျနေတာ (၅) နှစ်လောက်ရှိလာပြီ၊ မွန်ပြည်နယ်က ရာဘာကို ပိုအားထားနေရတယ်၊ အခုသူတို့လာတာ ရာဘာကိစ္စသီးသန့်မဟုတ်ဘူး၊ မွန်ပြည်နယ်တိုးတက်စေမယ့် အခြားလုပ်ငန်ကိစ္စတွေကိုလည်း ဆွေးနွေးချင်တော့ သူတို့ကို ကမ်းလှမ်းထားတယ်” ဟု ရေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

မွန်ပြည်နယ်၌ ရာဘာစိုက်ပျိုးပင် ဧက(၅) သိန်းဝန်းကျင်ရှိပြီး လာမည့် (၃) နှစ်တွင် ရာဘာအပင်ပျိုများမှ ၅၀% ခန့်ထွက်ရှိလာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် ရာဘာစိုက်ပျိုးဧကသည် မြန်မာတစ်နိုင်ငံလုံး၏ ၅၂ % ရှိနေပြီး ရေးမြို့နယ်သည် ရာဘာအများဆုံးထွက်ရှိကြောင်း CESD အဖွဲ့လေ့လာချက်၏ စာတမ်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts