spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စတင်ဖမ်းဆီးနေ

    ရေးမြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စတင်ဖမ်းဆီးနေ

    -

    မွန်ပြည်နယ် ရေးမြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ၊ တရားမဝင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား အရေးယူဆောင်ရွက်နိုင်ရေး (၃) ရက်ခြား စီမံချက်ဖြင့် စတင်ဖမ်းဆီး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

    သြဂုတ်လ ၁ ရက်နေ့မှာ ဆိုင်ကယ်စီးဦးထုပ်မပါ ၁၉ စီးအပါအဝင် စည်းကမ်းပျက်ယာဉ် စုစုပေါင်း ၂၁ စီး ဖမ်းဆီးနိူင်ခဲ့ဟု ရေးမြို့နယ် ယာဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ရဲတပ်ကြပ် အောင်ဇေယျက ပြောသည်။

    ယာဉ်များစစ်ဆေးနေစဉ် (ရေးမြို့နယ်သတင်းများ FB)
    ယာဉ်များစစ်ဆေးနေစဉ် (ရေးမြို့နယ်သတင်းများ FB)
    တပ်ကြပ် အောင်ဇေယျက “စည်းကမ်းပျက်ယာဉ်များတွေကို အရေးယူဖို့ အမှုဖွင့်ထားပြီး တရားရုံးကနေ ဒဏ်ရိုက်သွားမယ်” ဟု ပြောသည်။

    အဆိုပါစည်းကမ်းပျက်ယာဉ်များ မဖမ်းဆီးမီကာလတွင် ကြိုတင်အသိပညာပေး ဟောပြောပွဲအရေအတွက် ၂၀ဝ ခန့် ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင် နှစ်သောင်းကျော် ဖြန့်ဝေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    ၂၀၁၅ စည်းကမ်းပျက်ယာဉ်များ အရေးယူမှုဥပဒေသစ်တွင် မော်တော်ဆိုင်ကယ် လိုက်နာရန် စည်းကမ်း ချက်များအရ မော်တော်ဆိုင်ကယ်၏ နောက်တွင် ပစ္စည်းတင်ပါက ပစ္စည်းသည် နောက်ခုံ၏ ဘေးတစ်ဖက် ဆင့်ချက် ၁၅ စင်တီမီတာ (၆ လက်မ)နှင့် နောက်ဘီးတာယာအစွန်းမှ ၃၁ စင်တီမီတာ (၁၂ လက်မ) ထက် မပိုစေရပါ။ အမြင့်သည် ယာဉ်စီးသူ၏ ပုခုံးထက် မမြင့်စေရပါ” ဟု ပါဝင်လျက်ရှိရာ ယင်းအချက်မှာ ဒေသခံတွေအတွက် အခက်အခဲရှိသည်ဟု သိရသည်။

    ရေးမြို့ဒေသခံ မအိသန္တာလင်းက “ကျမတို့ ဒေသမှာ ခြံလုပ်တာများတယ် ဒီအချိန်က သီးနှံထွက်မယ့်အချိန်ဆိုတော့ ဘေးဘက်က ၆ လက်မထက် မပိုရဘူးဆိုရင် ခြံသမားတွေအတွက်ရော တစ်ချို့ဈေးသယ်တွေရောပဲ ခြင်းမပါဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ဘူးလို့” ဟု ပြောသည်။

    ထို့အပြင် အဆိုပါစည်းကမ်းပျက်ယာဉ်းများကို ၂၀၁၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဖမ်းဆီးရာတွင် မော်တော်ဆိုင်ကယ်စုစုပေါင်း ၄၈ စီး ဖမ်းဆီးနိူင်ခဲ့ပြီး အများအားဖြစ် ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ ယာဉ်မောင်းမရှိခြင်းနှင့် နံပါတ်ပြားမပါရှိခြင်း အများဆုံးဖြစ်သည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် ဒုတိယလူဦီးရေအများဆုံး(၂ သိန်းခွဲကျော်) ရှိသော ရေးမြို့နယ်တွင် ရာဘာ၊ ဒူးရင်းသီး၊ ကွမ်းသီးခြံ၊ ဥယျာဉ်ခြံလုပ်ငန်းများ၊ ဆန်စပါးစိုက်ပျိုးခြင်းအပြင် ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသဖြင့် မော်တော်ဆိုင်ကယ်၊ ဘေးတွဲ၊ နောက်တွဲယာဉ်၊ သုံးဘီးဆိုင်ကယ် စသည်ယာဉ်အမျိုးမျိုးကို ဒေသခံများ အသုံးပြုလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts