spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပါတီတစ်ခုတည်းသာလိုလားကြောင်း ချောင်းဆုံလူငယ်များ ဆန္ဒဖော်ထုတ်

    မွန်ပါတီတစ်ခုတည်းသာလိုလားကြောင်း ချောင်းဆုံလူငယ်များ ဆန္ဒဖော်ထုတ်

    -

    ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP/ ချောင်းဆုံ) ၏ ပါတီ ၆ နှစ်ပြည့် အခမ်းအနားတွင် ပါတီဝင်လူငယ်များက မွန်လူမျိုးအတွက် ပါတီတစ်ခုတည်းသာ လိုလားကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ဇူလိုင်လ ၂၆ ရက်နေ့တွင် ဘီးလူးကျွန်း (ချောင်းဆုံမြို့နယ်) အပြိုင်ကျေးရွာ၌ ပြုလုပ်သည့် ပါတီနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းကပ်လှူအပြီး ပါတီဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ကျေးရွာကိုယ်စားလှယ် လူငယ်များက “မွန်လူမျိုးအတွက် အလွယ်တကူ အောင်ပွဲဆင်ဖို့ ပါတီတစ်ခုတည်းသာ အလိုရှိ” ဟူသည့် အဓိပ္ပါယ်ရသည့် စာသားပါ ပိုစတာကို ကိုယ်ဆောင်ကာ အခမ်းအနားအတွင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

    AMDP လူငယ်များ ဆန္ဒဖော်ထုတ်ခဲ့စဉ်(Facebook)
    AMDP လူငယ်များ ဆန္ဒဖော်ထုတ်ခဲ့စဉ်(Facebook)
    ပါတီဝင် လူငယ်တစ်ဦး ဖြစ်သည့် မင်းကျော်နိုင် က “ပါတီ ဗဟိုအလုပ်အမှုဆောင်လူကြီးတွေ ရောက်တုန်းရောက်ခိုက် ကျွန်တော်တို့ဆန္ဒကို သိဖို့အတွက် ဒီလိုလုပ်လိုက်တာပါ” ဟု ပြောသည်။

    ပါတီနှစ်ပတ်လည်း အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် နိုင်ကျန်ရစ်၊ နိုင်ချမ်းမြေ့၊ နိုင်စံတင်၊ ချောင်းဆုံမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဒေါက်တာအောင်နိုင်ဦး အပါအဝင် ချောင်းဆုံမြို့နယ်မှ ပါတီဝင် ၅၀ဝ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

    AMDP မှ အနိုင်ရရှိခဲ့သည့် တစ်ဦးတည်းသော ကိုယ်စားလှယ်နှင့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာအောင်နိုင်ဦးက မိမိသည် ပါတီနှစ်ခု ပေါင်းစည်းရေး (သို့) ညှိနှိုင်းရေးတွင် စိတ်အားထက်သန်သူတစ်ဦး ဖြစ်သော်လည်း ပါတီဝင် လူငယ်များ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းသည် ၎င်းတို့၏ ဆန္ဒအရသာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောသည်။

    “လူငယ်တွေ တစ်ရွာ တစ်ယောက် တင်ပြတယ်။ အများစုကတော့ ပညာသင်ကြားရေး အခက်အခဲနဲ့ မွန်နှစ်ပါတီ ညီညွတ်ရေးကို တင်ပြတာ များတယ်။ မကြာခင်မှာ ကျနော်တို့ ချောင်းဆုံမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ ရှိတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့အတွက် အခက်အခဲတွေ ရှိနိုင်တယ်။ ဒါ့ကြောင့် သူတို့က ရဲရဲဝံ့ဝံ့ တင်ပြတာ ဖြစ်တယ်။ သူတို့ဆန္ဒနဲ့ သူတို့ ထလုပ်တာပဲ” ဟု ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် လွှတ်တော်အသီးသီး၌ ၁၆ နေရာ အနိုင်ရခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁ ဦးသာ အနိုင်ရခဲ့သည်။

    ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကာလတွင် သံဃာတော်များနှင့် အမျိုးသားရေး စိတ်ပါဝင်စားသူများက မွန်အမျိုးသား ကိုယ်စားပြု မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အဓိကမွန် ၂ ပါတီပြိုင်ဘက်ဖြစ်နေသည်ကို တစ်ပါတီအဖြစ်ပေါင်းစည်းရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts