spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားလူငယ်များညီလာခံ ဆက်လက်ကျင်းပသွားမည်ဟုဆို

    တိုင်းရင်းသားလူငယ်များညီလာခံ ဆက်လက်ကျင်းပသွားမည်ဟုဆို

    -

    ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပမည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ်အစိုးရမှ ဆိုင်းငံ့အမိန့် ထုတ်ထားသော်လည်း အစီအစဉ်အတိုင်း ဥပဒေဘောင်အတွင်းက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါတိုင်းရင်းလူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    တိုင်းရင်းသားညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် စိုင်းအောင်မြင့်ဦးက “အခုအစိုးရဘက်က ဆိုင်းငံ့ခိုင်းထားပေမဲ့ (၂၀ဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း၊ ဥပဒေဘောင်အတွင်းကပဲ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမယ်၊ ဆိုင်းငံ့စာထဲမှာလည်း ဘာအကြောင်းပြချက်မှ မပါနေဘူး၊ သက်သေအထောက်အထားလည်းမခိုင်လုံနေဘူး၊ ဒါကြောင့် ကျွန်တော်တို့အစီအစဉ်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

    တိုင်းရင်းသားလူငယ်များညီလာခံ ဆိုင်းငံ့အမိန်စာ(Copy)
    တိုင်းရင်းသားလူငယ်များညီလာခံ ဆိုင်းငံ့အမိန်စာ(Copy)

    ပြည်ထောင်စုတိုင်းရင်းသားလူငယ်ညီလာခံကို ဇူလိုင် ၂၇ မှ ၃၁ အထိ ကျင်းပရန် စီစဉ်ထားလျက်ရှိရာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်သို့ ဇွန်လ၌ စတင်လျှောက်ထားခဲ့ကြောင်း၊ ဇူလိုင် (၂၂)ရက်၌ ပြည်ထောင်စုသို့ လျှောက်ထားခဲ့ကြောင်း၊ ဇူလိုင် (၂၅)ရက်တွင် သျှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ဆိုင်းငံ့ရန် ပြန်ကြားစာအဖြင့် ပေးပို့ခဲ့သည်ဟု သူက ဆက်ပြောသည်။

    လက်ရှိအချိန်တွင် ညီလာခံသို့တက်ရောက်မည့် ဒေသအသီးသီးမှ လူငယ်ကိုယ်စားလှယ် (၆၀ဝ) ဝန်းကျင် ပင်လုံမြို့သို့ရောက်ရှိနေကြပြီး ညီလာခံကို ဆက်လက်လုပ်ဆောင်မည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချူပ်ထံသို့ ထပ်မံအကြောင်းကြားစာ ပေးပို့ထားကြောင်း ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

    “အခုကျွန်တော်တို့ စာထပ်တင်ထားတယ်၊ အကြောင်းပြန်လာတာအခုထိမရှိရသေးဘူး၊ ဘာဖြစ်ဖြစ် ကျွန်တော်တို့က ဆက်လုပ်သွားမှာပဲ၊ ဘာကြောင့် ဆိုင်းငံ့ခိုင်းသလဲဆိုတာ ကျွန်တော်တို့လည်း ဝေခွဲမတတ်ဘူး၊ ကျောင်းသားသမဂ္ဂတို့ လုပ်သွားတုန်းက ဘာမှလည်းမဖြစ်ခဲ့ဘူး၊ အခြားအဖွဲ့တွေလည်း လုပ်ဖူးနေတာပဲ၊ ဒီတိုင်းရင်းသားညီလာခံကိုမှ ဆိုင်းငံ့ခိုင်းတယ်ဆိုတော့ ကျွန်တော်တို့လည်း နားမလည်နိုင်တော့ဘူး၊ နောက်ဆိုင်းငံ့စာထဲမှ ဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ထိုးထားတာမဟုတ်ဘူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ဝန်ကြီးချုပ်ကိုယ်စား ထိုးထားတယ်ဆိုတော့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ဖြစ်မြောက်ရေးကော်မတီ စိုင်းမျိုးအောင်က ပြောသည်။

    တိုင်းရင်းသားများအချင်းချင်းအကြား ယုံကြည်ချစ်ခင်စည်းလုံးညီညွတ်မှု ရရှိရန်၊ လူငယ်များ၏ စိမ်ခေါ်မှုနှင့် တိုင်းရင်းသားပြဿနာများကို ရှင်းလင်းရန်၊ အနာဂတ်တွင် တိုင်းရင်းသားလူငယ်များ ပြည်ထောင်စုတာဝန်ကို ဆက်လက်သယ်ပိုးသွားနိုင်ရန် ရည်ရွယ်ပြီး မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks