Friday, March 13, 2026
More
    spot_img
    Homeသတင်းထိုင်းမှရွှေထည်ပစ္စည်းခိုးလာဟုယူဆသူအား ချောင်းဆုံမြို့နယ်ရဲစခန်းတွင် စစ်ဆေးနေ

    ထိုင်းမှရွှေထည်ပစ္စည်းခိုးလာဟုယူဆသူအား ချောင်းဆုံမြို့နယ်ရဲစခန်းတွင် စစ်ဆေးနေ

    -

    ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်တွင် သန့်ရှင်းရေးအလုပ် ဝင်ရောက်လုပ်ကိုင်ရာမှ ရွှေထည်ပစ္စည်းများ ခိုးယူထွက်ပြေးလာသူဟု ယူဆရသူအား မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရဲစခန်းမှ ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီးမိပြီးနောက် အမှုစစ်ဆေးနေဆဲဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

    ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ အမှတ် (၂) ရက်ကွက်နေ မချိုမာ နေအိမ်အတွင်း မြို့နယ်ရဲမှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ကညှော် အုပ်ချုပ်ရေးမှူးတို့ ဝင်ရောက်ရှာဖွေရာ အလေးချိန် ၂၄ ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်း ၉ မျိုး၊ ထိုင်းဘတ်ငွေ ၂၀ တန် နှစ်ရွက်နှင့် ရွှေအရောင်းအဝယ် ဘောက် ချာများနှင်အတူ သိမ်းဆည်းရမိသဖြင့် အဆိုပါ အမျိုးသမီးနှင့် ၄င်း၏ ယောင်္ကျားဖြစ်သူ ဦးစိုးမြင့်တို့ အား ချောင်းဆုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

    ရွှေထည်ပစ္စည်းခိုးဟု ယူဆခံထားရသူအား ဖမ်းဆီးခဲ့စဉ်(လူရွှင်တော်)
    ရွှေထည်ပစ္စည်းခိုးဟု ယူဆခံထားရသူအား ဖမ်းဆီးခဲ့စဉ်(လူရွှင်တော်)

    ချောင်းဆုံမြို့မစခန်းမှူး ဒုရဲမှူးလှခိုင် က “အခုလက်ရှိမှာတော့ ဒီအမျိုးသမီးကို ထိုင်းနိုင်ငံမှာ တရားခံပြေးနဲ့ တရားစွဲထားတယ်လို့ ပြောတယ်၊ ဦးတို့ဘက်ကနေပြီးတော့ တရားစွဲတာကလွဲပြီး ဒီအမှုကို စစ်ဆေးနေတဲ့ အဆင့်ပေါ့၊ စစ်ဆေးတယ်ဆိုတာ သူဟိုဘက်က ခိုးလာတာသေချာလားဆိုတာပေါ့လေ” ဟု ပြောသည်။

    လက်ရှိတွင် အဆိုပါအမျိုးသမီးနှင့် ၄င်း၏အမျိုးသားနှစ်ဦးအား ချောင်းဆုံမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်း ထားကာ ခိုးမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။

    ကညှော်ကျေးရွာ ရဲကင်းစခန်းမှ ရဲအုပ်ယဉ်ထွေး က “ ရဲချုပ်ရုံးကနေပြီးတော့ မြို့နယ်ရုံးကို ဖမ်း ဆီးပေးဖို့ အကြောင်းကြားလာပြီး ကညှော်မှာရှာတော့ ရွှေထည်ပစ္စည်းနဲ့တွေ့လို့ ချောင်းဆုံမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟုပြောသည်။

    တစ်ဖက်နိုင်ငံကအမှုဖြစ်သည့်အတွက် တရားစွဲဆိုထားသည့်အဆင့်၊ တရားခံလွှဲပြောင်းသည့်အဆင့် မရောက် သေးကြောင်း၊ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ရဲတပ်ဖွဲ့ နှင့်ဆက်သွယ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့မစခန်းမှူးက ပြောသည်။

    ထိုင်းနိုင်ငံ ဘန်လန်းမြို့ အမှတ်(၈) ရပ်ကွက်၌ နေထိုင်သူ နမ်းစောင်ဖရမ်းခမ်းယုရာ နေအိမ်တွင် သန့်ရှင်းရေးအလုပ် လုပ်ကိုင်ရာမှ ရွှေသား (၂) ကီလိုဂရမ်၊ US ဒေါ်လာ၊ စတာလင်ပေါင်၊ ယူရိုငွေ၊ ထိုင်းဘတ်ငွေရောရော စုစုပေါင်း တန်ဖိုးဘတ်ငွေ နှစ်သိန်းခန့် ခိုးယူထွက်ပြေးလာသည့်အမှုနှင့် ဆက်စပ်နေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks