spot_img
Wednesday, January 28, 2026
More
    spot_img
    Homeသတင်းတပ်မတော်အရာရှိ ရွာသား ၂ ဦးပစ်သတ်ခဲ့မှု လူ့အခွင့်ရေးကောင်မရှင်မထုတ်ပြန်နိုင်သေး

    တပ်မတော်အရာရှိ ရွာသား ၂ ဦးပစ်သတ်ခဲ့မှု လူ့အခွင့်ရေးကောင်မရှင်မထုတ်ပြန်နိုင်သေး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ မန်းကျည်းချောင်းဝရွာ၌ မတ်လအတွင်း တပ်မတော်ဗိုလ်ကြီးတစ်ဦးက ရွာသား ၂ ဦးအား မှားယွင်းပစ်သတ်မိသည်ဆိုသောအမှုကို မြန်မာနိုင်ငံလူအခွင့်ရေးကော်မရှင် သတင်းထုတ်ပြန်ခြင်း မပြုနိုင်သေးဟု သိရသည်။

    အဆိုပါစုံစမ်းမှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးသူ ရေးမြို့နယ်၊ တိုးတက်ရွာသစ်ဘုန်းတော်ကြီး ဆရာတော်အပါ အဝင် မန်းကျည်းရွာသား ၁၄ ဦးကို ပြီးခဲ့သည့် မေလအတွင်း တွေ့ဆုံမေးမြန်းခဲ့ပြီးဖြစ်သော်လည်း တပ်မတော်ဘက်မှ ပါဝင်ပတ်သက်နေသူများအား စုံစမ်းမေးမြန်းမှု မပြုလုပ်ရသေးဟု မြန်မာနိုင်ငံ လူ့အခွင့်ရေးကောင်မရှင်အဖွဲ့ဝင် ဒေါတ်တာ ဉာဏ်ဇော်က ပြောသည်။

    သေဆုံးသူရွာသား (ဦးမိုး)နှင့် ကျန်ရစ်သူမိသားစုဓါတ်ပုံ(Facebook)
    သေဆုံးသူရွာသား (ဦးမိုး)နှင့် ကျန်ရစ်သူမိသားစုဓါတ်ပုံ(Facebook)

    ဒေါတ်တာ ဉာဏ်ဇော် က “အခင်းဖြစ်တဲ့နေ့မှာ တပ်မတော်ဘက်က ပါဝင်ခဲ့တဲ့အဖွဲ့တွေ့နဲ့ မတွေ့ရသေးဘူး။ တပ်ရင်းမှူးနဲ့တော့ တွေ့ဖြစ်တယ်။ စစ်တရားရုံးမှာ ဘယ်လိုအမိန့်ချမလဲဆိုတာကို မေးတယ်၊ ဒါပေမယ့် သူတို့က မဖြေဘူး၊ ကျနော်တို့က အစအဆုံးမသိသေးတော့ သတင်းထုတ်ပြန်ချက်ကို မထုတ်နိုင်သေး” ဟု ဆိုသည်။
    အခင်းဖြစ်သည့်နေ့တွင် ပါဝင်ခဲ့သည့်အဖွဲ့အား စစ်တရားရုံးတွင် စစ်ဆေးနေသည်ဟု သိရှိရကြောင်း၊ တပ်မတော်ဘက်က မည်သို့လုပ်ဆောင်နေပြီး မည်သည့်အခြေအနေရှိရောကက်ရှိနေသည်ကို ဆက်လက်မေးမြန်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဘက်တရားရုံးက မည်သို့အမိန့်ချမှတ်မည်ကို စောင့်နေရကြောင်း ဒေါတ်တာဉာဏ်ဇော် က ဆက်ပြောသည်။

    သေဆုံးသူရွာသား (ကိုချစ်စိုး)နှင့် ကျန်ရစ်သူမိသားစုဓါတ်ပုံ(Facebook)
    သေဆုံးသူရွာသား (ကိုချစ်စိုး)နှင့် ကျန်ရစ်သူမိသားစုဓါတ်ပုံ(Facebook)

    အမှုမှန်ပေါ်ပေါက်ရေး ပါဝင်ကူညီဆောင်ရွက်နေသူ နိုင်စိုးသိန်းက “မန်းကျည်း ချောင်းဝလူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်ရေး ကောင်မရှင်လဲ ရောက်ခဲ့တယ်။ အစိုးရ မှုခင်း ဘက်ဆိုင်ရာကလည်း ရောက်ခဲ့တယ်။ ဒါပေမယ့် အခင်းဖြစ်သွားတာက ၄ လရှိပြီ အမှုနဲ့ပတ်သက်ပြီးတော့ တစုံ တရာတိုးတက်မှုမရှိဘူး” ဟု ဆိုသည်။

    အဆိုပါ တပ်မတော်ဗိုလ်ကြီးတစ်ဦး မှားယွင်းပစ်သတ်မိသည်ဆိုသောအမှုကို မည့်သည့်တရားရုံးတွင် စစ်ဆေးနေသည်ကို မသိရှိရသဖြင့် သက်ဆိုင်ရာ အရပ်ဖက်တရားရုံးတွင် စစ်ဆေးစေလိုကြောင်း၊ မျှတသည့် တရားစီရင်မှု ဖြစ်စေလိုကြောင်းနှင့် ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့တွင် ကမ်းရိုးတမ်း တိုင်းဒေသစစ်ဌာနချုပ်သို့ သွားရောက်မေးမြန်းခဲ့ရာတွင် အထက်အမိန့်မရရှိ၍ တစုံတရာ မစစ်ဆေးရသေးဟု သိရှိခဲ့ရကြောင်း နိုင်စိုးသိန်းက ဆက်ပြောသည်။

    ပြီးခဲ့သည့်မတ်လ ၈ ရက်၊ ညသန်းခေါင်ယံအချိန်ခန့်တွင် မန်းကျည်းချောင်းဝရွာသို့ရောက်ရှိလာသော ခလရ ၂၈၀ လှုပ်ရှားတပ်ဖွဲ့မှ ဗိုလ်ကြီးဇော်မျိုးထက်က ရွာသားတံငါသည် ဦးမိုးနှင့် မောင်ချစ်စိုး ၂ ဦးတို့ကို သေနတ်တစ်ချက်စီပစ်ခတ်သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ဗိုလ်ကြီး ဇော်မျိုးထက်အား ရာဇသတ်ကြီးပုဒ်မ (၃၀၂) လူသတ်မှုဖြင့် ခေါဇာမြို့ရဲစခန်း၌ အမှုဖွင့်ထားကြောင်း မြို့နယ်ရဲမှူးက သတင်းမီဒီယာများသို့ မတ် ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် လူသေမှုဖြင့် အမှုဖွင့်ထားသည်ဟု စုံစမ်းသိရှိရသည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks