spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံသို့ သွားရောက်လေ့လာရန်ဖိတ်ကြားမှုအပေါ် ကန့်ကွက်သူ ဒေသခံများစိုးရိမ်

    MCL ဘိလပ်မြေစက်ရုံသို့ သွားရောက်လေ့လာရန်ဖိတ်ကြားမှုအပေါ် ကန့်ကွက်သူ ဒေသခံများစိုးရိမ်

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် တည်ဆောက်လှျက်ရှိသည့် MCL ဘိလပ်မြေစက်ရုံအတွင်းသို့ သွားရောက်လေ့လာရန် ဖိတ်ကြားမှုအပေါ် စက်ရုံလည်ပတ်မည့်ကျောက်မီးသွေးလောင်စာအသုံးပြုမှု ကန့်ကွက်သူ ဒေသခံများအနေဖြင့် စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။

    မွန်လွှတ်တော်ကိုယ်စားလှယ်များ MCL ဘိလပ်မြေစက်ရုုံကို လေ့လာခဲ့စဉ်(Facebook)
    မွန်လွှတ်တော်ကိုယ်စားလှယ်များ MCL ဘိလပ်မြေစက်ရုုံကို လေ့လာခဲ့စဉ်(Facebook)

    MCL ကုမ္ပဏီအနေဖြင့် ၄င်းတို့ဘိလပ်မြေစက်ရုံ စတင်အကောင်အထည်ဖော်စဉ်ကလည်း သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှုးတွေကိုပဲ အဓိကထားချဉ်းကပ်မှုများရှိခဲ့ကြောင်း၊ ယခုတဖန် ကျေးရွာအုပ်ချုပ်ရေးမှုးများမှ တစ်ဆင့် ၄င်းတို့ဘိလပ်မြေစက်ရုံအတွင်းသို့ သွားရောက်လည်ပတ်နိုင်ရန် ဒေသခံများအား ဖိတ်ကြားစေ၍ စီစဉ် လာမှုအပေါ် စိုးရိမ်ခြင်းဖြစ်ကြောင်း မယ်ဂရိုကျေးရွာ မွန်ကျောင်းဆရာ နိုင်ထွန်းကြည်က ပြောသည်။

    နိုင်ထွန်းကြည်က “သူတို့စက်ရုံက ကျောက်မီးသွေးအသုံးပြုတဲ့အစီစဉ်ကို လုံးဝသဘောမတူဘူး၊ ကျွန်တော်တို့ဒေသခံ တွေ ကန့်ကွက်ထားတာရှိတယ်၊ အခုလည်း ကျေးရွာအုပ်ချုပ်ရေးမှုးတွေကိုပဲ အခြေခံပြီး လုပ်နေတဲ့ဟာကတော့ သူတို့ဘက်က တစ်ခုခုဖြစ်နိုင်အောင် စည်းရုံးနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်၊ သွားတဲ့လူတွေ ပြောချက်အရ ဘာလက်မှတ်မှ မထိုးရဘူးလို့ ပြောတယ်” ဟု ဆိုသည်။

    အဆိုပါ MCL စက်ရုံအတွင်းသို့ သွားရောက်လည်ပတ်ရာခဲ့သူတစ်ချို့ပြောပြချက်အရ စက်ရုံအကြောင်းရှင်းလင်းပြသ၍ နေရာတစ်ခုချင်းဆီလိုက်ပြပေးခဲ့ကြောင်း၊ စက်ရုံလည်ပတ်သည့်အခါ အန္တရာယ်မဖြစ်နိုင်သည့်အကြောင်း ပြောဆိုမှုများရှိခဲ့သည်ဟု သိရသည်။

    ဘိလပ်မြေစက်ရုံအတွင်းသို့ လည်ပတ်လေ့လာလိုသူ ဒေသခံအမည်စာရင်းများကို ဇွန်လ ၂၂ ရက်နေ့က သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှုးအဖွဲ့တို့မှ လိုုက်လံကောက်ခံခဲ့ပြီး ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းအချိန်တွင် မော်တော်ကားများဖြင့် MCL စက်ရုံရှိရာဆီသို့ သွားရောက်ခဲ့ကြသည်ဟု အဆိုပါ ဒေသခံများက မွန်သတင်း အေဂျင်စီသို့ ပြောပြသည်။

    ကတုံစိကျေးရွာမှ နိုင်မစ်က “ဒီကိစ္စကို သူတို့ (MCL ကုမ္ပဏီ) က ကျေးရွာအုပ်ချုပ်ရေးမှုးတွေကိုပဲ အခြေခံပြီး တော့ တဆင့်ဖိတ်ကြားစေခဲ့တဲ့ ပုံစံမျိုးလုပ်ခဲ့တာပါ၊ ကျွန်တော်တို့ရွာကတော့ ၁၅ ဦးလောက်ရှိမယ် အဲဒီလိုသွား တာ၊ သွားတဲ့လူကလည်း များသောအားဖြင့်က ကျေးရွာအုပ်ချုပ်ရေးမှုးတို့နှင့် နီးစပ်တဲ့သူတွေဖြစ်တယ်” ဟု ပြောပြခဲ့သည်။

    ထို့အပြင် MCL ဘိလပ်မြေစက်ရုံအနီးဝန်ကျင်ရှိ ကော့ဒွန်း၊ ကော့ပနော့၊ ကွမ်းငန်း၊ မယ်ဂရိုစသည့်ကျေးရွာများမှ ဒေသခံများကလည်း ယင်းကဲ့သို့ အစီအစဉ်ဖြင့် သွားရောက်လည်ပတ်သူများရှိခဲ့သော်လည်း MCL ၏ ကျောက် မီးသွေးသုံးကိစ္စ ကန့်ကွက်သည့် ဒေသခံများ မပါဝင်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

    MCL အနေဖြင့် Open Houses အစီအစဉ်ကို စက်ရုံပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ နေရာအတွက် ဇွန်လ ၂၃ ရက်နေ့တွင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံ၊ အိမ်နီးချင်းများ၏ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မည်ကဲ့သို့လုပ်ဆောင်သင့်သည့်အစီအစဉ်ကို ဆွေးနွေးသွားသည်ဟု MCL ၏ Managing Director ဖြစ်သူ Mr. Wijit Terasarun ပြောကြားခဲ့မှုများ ရှိခဲ့သည်။

    Mr. Wijit Terasarun က “စက်ရုံလည်ပတ်နိုင်သည်နှင့် တစ်ပြိုင်နက် တိုက်ရိုက်အလုပ်အကိုင်အခွင့်အလမ်း နှင့် အခြားဆက်စပ်အလုပ် အကိုင်အခွင့်အလမ်း ၁၅၀၀ ကျော်ကို ဖန်တီးပေးသွားမှာ ဖြစ်သလို စက်ရုံအနီး အိမ်နီးခြင်း ဒေသခံများကို အလုပ်ခေါ်ယူခြင်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်သည်” ဟု ပြောသည်။

    ကျောက်မီးသွေးသုံးလှျပ်စစ်ဓါတ်အားဖြင့် လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) သည် အမေရိကန်ဒေါ်လာ သန်း (၄၀၀) ရင်းနှီးမြှပ်နှံထားပြီး ယခုု (၂၀၁၆) ခုနှစ်၏ နှစ်လည် ပိုင်းတွင် စက်ရုံစတင်လည်ပတ်မည်ဟု ကုမ္မဏီက ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks