spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းမူယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ဆန္ဒပြပွဲ ရေးမြို့တွင် ပြုလုပ်မည်

    မူယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ဆန္ဒပြပွဲ ရေးမြို့တွင် ပြုလုပ်မည်

    -

    လာမည့်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့၌ မွန်လူငယ်ကွန်ယက် (ရေး)၊ သံဃာတော်များနှင့် မွန်သံဃာပျိုများ ဦးစီးပြီး မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ဆန္ဒပြ ပွဲပြုလုပ်သွားမည်ဟု ဦးဆောင်ကျင်းပရေးကော်မတီမှ သိရသည်။

    မူယစ်ဆေးဝါးဆန့်ကျင်ဆန္ဒပြပွဲ နှုိးဆော်ရေးပိုစတာ(Facebook)
    မူယစ်ဆေးဝါးဆန့်ကျင်ဆန္ဒပြပွဲ နှုိးဆော်ရေးပိုစတာ(Facebook)

    ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားသူ အရှင်ကုသလ က “အခုက မှုးယစ်ဆေးဝါးပြဿနာက ပိုပြီးကျယ်ပြန့်လာတယ်။ အုပ်ထိန်းသူမိဘတွေကလည်း ဘယ်လိုလုပ်ရမှာလဲဆိုတာကို မတွေးတတ်တော့တဲ့ အခြေအနေကိုရောက်နေပြီး။ သုံးစွဲတဲ့လူငယ်တွေကလည်း ကျန်းမာရေး ထိခိုက်တဲ့အပြင် ပညာရေး လည်းထိခိုက်လာတာရှိတယ်။ ဒါကြောင့် ဒီမှုးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ရဟန်းရှင်၊ လူငယ်အပါအဝင် ရပ်မိ ရပ်ဖနဲ့ လူမှုအဖွဲ့အစည်တွေ ပါဝင်လာစေရန်အတွက် ဒီပွဲကိုပြုလုပ်ရတာပါ။ အားလုံး ပါဝင်လာမှ သည်မှုး ယစ် ဆေးဝါးတိုက်ဖျက်ရေးပြဿနာက အောင်မြင်နိုင်လိမ့်မယ်” ဟု မွန်သတင်းအေဂျင်စီကို မိန့်ကြားသည်။

    မူးယစ်ဆေးဝါပြသနာကိစ္စတွင် တစ်ဦးတစ်ယာက်တည်း တိုက်ဖျက်၍ အောင်မြင်မှုမရနိုင်ကြောင်း၊ အစိုးရ ဖမ်း ဆီးအရေးယူမှုနေသော်လည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ ဌာနဆိုင်ရာမှလည်း ထိရောက်သော ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်စေလိုသည်ဟု အရှင်ကုသလ ဆက်လက်မိန့်ကြားသည်။

    မွန်လူငယ်ကွန်ယက်အဖွဲ့ (ရေး) စီမံရေးတာဝန်ရှိသူ နိုင်ဇမ္ဗူရွတ် က “ဒီမူးယစ်ဆေးဝါးကြောင့် ကျ နော်တို့လူငယ်တွေ အနာဂတ်ပျောက်ဆုံးနေတယ်လို့ သုံးသပ်မိတယ်။ လူငယ်တွေအတွက် ကြီးမားတဲ့ စိန်ခေါ် မှုတရပ်လဲဖြစ်တယ်။ မူးယစ်ဆေးဝါး သုံးစွဲမှု နည်းလာအောင် ကျဆင်းလာအောင် ကျနော်တို့အဖြေရှာရမယ်” ဟု ဆိုသည်။

    အဆိုပါနေ့တွင် သက်ဆိုင်ဌာနများအား ဖိတ်ကြားထားပြီ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာ များ၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျအောင် မည်သို့လုပ်ဆောင်သင့်ပြီး ဥပဒေကြောင်းအရ မည်ကဲ့သို့ တရားစွဲဆိုမှု/ အရေးယူမှု ရှိသည်များကို အပြန်အလှန်ဆွေးနွေးကြမည်ဟု နိုင်ဇမ္ဗူရတ် က ဆက်ပြောသည်။

    မူးယစ်ဆေးဝါးကျဆင်းရေး ဆန့်ကျင်ဆန္ဒပြမှုကို ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မွန်ဓမ္မာရုံတွင် ဇွန် ၂၆ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်တွင် ဟောပြောပွဲပြုလုပ်၍ ၃ နာရီဝန်းကျင်ခန့်တွင် ပိုစတာများကိုင်ဆောင်ပြီ ဆန့်ကျင်မှု ကြွေးကြော်သံများဖြင့် ရေးမြို့ ရွှေဆံတော်ဘုရားသို့ ချီတက်သွားမည်ဟု ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

    မွန်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်အထိ ငါးနှစ်တာကာလအတွင်း သက်ဆိုင်ရာဌာနများ၏ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုသည် (၄၂၄) မှုနှင့် တရားခံ (၆၅၈) ဦးရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts