spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းများအတွက် ကျောက်သင်ပုန်းများလှူဒါန်းနေ

    မွန်အမျိုးသားကျောင်းများအတွက် ကျောက်သင်ပုန်းများလှူဒါန်းနေ

    -

    ကျောက်သင်ပုန်း အသုံးဝင်နေကြောင်း သိရှိလာစေရန်နှင့် မွန်ကျောင်းသားများ ကျောက်သင်ပုန်းတန်ဖိုး သက်သာစေရန် ရည် ရွယ်၍ မွန်အမျိုးသားကျောင်းများ၌ ကျောက်သင်ပုန်းနှင့် ကျောက်တံများကို ဇွန်လ ၂၀ ရက်နေ့တွင် သွားရောက်လှူဒါန်းနေပြီဖြစ်ကြောင်း သိရသည်။

    ကျောက်သင်ပုန်းနှင့် ကျောင်းသားများ(MNA)
    ကျောက်သင်ပုန်းနှင့် ကျောင်းသားများ(MNA)

    ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်) မုဒွန်းရွာမှ ပြည်ပရောက် အလှူရှင်များနှင့် ဒေသခံများ ရန်ပုံငွေတို့စုပေါင်းပြီး မုဒွန်းရွာ မွန်အရှင်ဥက္ကံသ ဦးဆောင်မှုဖြင့် မွန်အမျိုးသားကျောင်းများတွင် သွားရောက် လှူဒါန်းပေးခြင်း ဖြစ်သည်။

    မွန်အရှင်ဥက္ကံသက “ မနှစ်က မလှူဒါန်းရသေးတဲ့ မွန်အမျိုးသားကျောင်းတွေမှာ အဓိကထားပြီး လှူဒါန်းသွားမယ်၊ အဓိက က မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ လက်တက်ကျေးရွာ မွန်အမျိုးသားကျောင်းတွေမှာ ပထမဆုံးအကြိမ် လှူဒါန်းတယ်” ဟု မိန့်ကြားသည်။
    အလားတူ မွန်အမျိုးသားကျောင်းများဖွင့်လှစ်ထားသည့် သံဖြုဇရပ်မြို့နယ်၊ ရေးမြို့နယ် ဖာလိန်ဒေသ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင် ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဦးဇင်းက ဆက်မိန့် သည်။

    ပထမဆုံးအသုတ်အနေဖြင့် ကျောက်သင်ပုန်း အလုံး ၂၀ဝ၀ ထောင် လှူဒါန်းသွားမည် ဖြစ်ပြီး ကလေး တစ်ဦးကို ကျောက်သင်ပုန်း တစ်လုံး နှင့် ကျောက်တံ ၅ ချောင်းစီ လှူဒါန်းခဲ့ကြောင်း သိရသည်။

    နိုင်လှုံကျေးရွာ မွန်အမျိုးသား မူလွန်ကျောင်းအုပ် မိနွန်ဒယ်ဒေဝီက “ ကျမတို့ မွန်အမျိုးသားကျောင်း မှာ အခက်အခဲကြပ်တည်းနေတယ်ဆိုတော့ ကလေးတွေ ဒီလိုမျိုး ကျောက်သင်ပုန်း လာရောက် ထောက်ပံ့တာ အရမ်းကိုဝမ်းသာတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် နှစ်တွင် မွန်ပြည်သစ်ပါတီ နယ်မြေဒေသရှိ မွန်အမျိုးသားကျောင်းများတွင် ကျောင်းသားများ အသုံး ပြုနေသည့် ကျောက်သင်ပုန်း နှစ်ခြမ်းကွဲနေခြင်း၊ ကျောက်သင်ပုန်း ဘောင်ထွက်နေခြင်း တွေ့ရှိသောကြောင့် ပြည်ပရောက် အသိမိတ်ဆွေသူငယ်ချင်းများ နှင့် ဒေသခံ စေတနာရှင်များ နှိုးဆော်၍ ကျောက်သင်ပုန်းနှင့် ကျောက်တံ ပထမဦးဆုံး သွားရောက် လှူဒါန်းခဲ့ကြောင်း ဦးဇင်းက ဆက်လက် မိန့်ကြားထားသည်။

    ပြီးခဲ့သည့်နှစ်တွင် ကျောက်သင်ပုန်း အလုံးရေ ၃၀ဝ၀ လှူဒါန်းခဲ့ရာ ရေးချောင်းဖျားဒေသ၊ ရေးတောင်ပိုင်းရှိ ခေါဇာမြို့ နှင့် မွန်ပြည်သစ်ပါတီ နယ်မြေဒေသရှိ မွန်အမျိုးသားကျောင်းများတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts