Thursday, April 16, 2026
More
    spot_img
    Homeသတင်းအမျိုးသားကိုယ်စားပြုဖက်ဒရယ်တစ်ရပ်ပေါ်ပေါက်ရန် ဆွေးနွေးပွဲကျင်းပ

    အမျိုးသားကိုယ်စားပြုဖက်ဒရယ်တစ်ရပ်ပေါ်ပေါက်ရန် ဆွေးနွေးပွဲကျင်းပ

    -

    အမျိုးသားကို အခြေခံသည့် ဖက်ဒရယ်တစ်ရပ်ပေါ်ပေါက်ရန် ရည်ရွယ်ကာ မွန်လူငယ်အဖွဲ့ခေါင်ဆောင်များ၊ ဖက်ဒရယ်အရေးကျွမ်းကျင်သူ သင်တန်းဆရာများ တက်ရောက်သည့် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ (၁၄) ရက်နေ့၌ မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း ဦးဆောင်သူ မွန်အမျိုးသမီးများကွန်ရက်အဖွဲ့ဝင်များမှ သိရသည်။

    အဆိုပါ ဆွေးနွေးပွဲမှ ထွက်လာသော လူမျိုးကိုအခြေခံသည့် အမျိုးသား/ အမျိုးသားများ ပြည်နယ်ဖက်ဒရယ်လမ်းစဉ်နှင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံအကြို၌ တင်ပြခွင့်ရရှိပါက ကိုယ်စားလှယ်များနှင့် သွားရောက်တင်ပြမည်ဟု ဆိုသည်။

    မွန်အမျိုးသမီးများကွန်ရက်အဖွဲ့ဝင် မိလဝီဟန်က “ဖက်ဒရယ်ကပုံစံမျိုးစုံရှိနေတော့ မွန်လူမျိုးတွေနဲ့ ကိုက်ညီမှုအရှိဆုံးလို့ထင်တဲ့ အမျိုးသား/အမျိုးသားများပြည်နယ်ပုံစံနဲ့ သွားမယ် ဒီအသံကို (၂၁)ရာစု ပင်လုံအကြိုမှာ သွားနိုင်သူရှိခဲ့လျှင် ဒီအသံကို ပို့ဆောင်ပေးနိုင်ဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။

    IMG_20160613_230337အမျိုးသား/အမျိုးသားများပြည်နယ်ဖက်ဒရယ်ပုံစံကို ဖက်ဒရယ်သင်တန်းပေးဖို့သည့်အခါဖြစ်စေ အခြားသောဖက်ဒရယ်နှင့်သက်ဆိုင်သည့် ဖွဲ့စည်းလုပ်ဆောင်မှုဖြစ်စေ အများသိရှိရန် ဖြန့်ဝေသွားမည်ဟု သိရသည်။

    ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်မြောက်ရေးတာဝန်ခံ မိငွေလေးက “ဖက်ဒရယ်အကြောင်းဆွေးနွေးရတဲ့အခါမှာ ဘယ်လိုဖက်ဒရယ်မျိုးက ကျမတို့လူမျိုးနဲ့ကိုက်ညီမှုရှိမလဲ၊ ကျမတို့လူမျိုးကို ကိုယ်စားပြုတဲ့ဖက်ဒရယ်ကို အသံတစ်ခုတည်း ပေါ်ပေါက်လာစေဖို့၊ ပြီးတော့ အခုဆွေးနွေးထားတဲ့ အမျိုးသား/အမျိုးသားများပြည်နယ်ကို လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံညီလာခံမှာ တက်ရောက်ခွင့်ရရင် မွန်ကိုယ်စားပြုမည့်သူတစ်ယောက်က ဒီအသံအတိုင်း ဝင်ရောက်ဆွေးနွေးနိုင်ဖို့ ပြင်ဆင်ထားတာပါ” ဟု ပြောသည်။

    ၄င်းဆွေးနွေးပွဲမှ ထွက်ရှိလာသော လူမျိုးကိုအခြေခံသည့်ဖက်ဒရယ်မူတစ်ရပ်ကို ချက်ချင်းအတည်မပြုသေးဘဲ အခြားသော ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ထပ်မံညှိနှိုင်းသွားပြီးမှ ညီလာခံ၌ အတည်ပြုနိုင်ရန် ဆွေးနွေးသွားမည်ဟု မွန်အမျိုးသမီးများကွန်ရက်၏အဖွဲ့ဝင်တစ်ဦးမှ သိရသည်။

    မွန်အမျိုးသမီးကွန်ရက် အဖွဲ့ဝင် မိကွန်းချမ်းနွန်က “အခုဆွေးနွေးပွဲကနေ ထွက်လာတဲ့ မွန်ကိုယ်စားပြုဖက်ဒရယ်ရဲ့အသံကို အတည်ပြုလို့မရသေးဘူး၊ ဘာလို့လည်းဆိုတော့ အခုဆွေးနွေးပွဲမှာ အခြားသော ပညာရှင်တွေ နိုင်ငံရေးသမားတွေ အများကြီးကျန်နေသေးတယ် ဒီကထွက်တဲ့ဆုံးဖြတ်ချက်ကိုအခြေခံတစ်ခုအဖြစ်နဲ့ယူပြီးတော့ ကျွမ်းကျင်တဲ့သူတွေ နားလည်တဲ့သူတွေနဲ့ ပြန်ဆွေးနွေးပြင်ဆင်သွားအုန်းမှာပါ” ဟု ပြောသည်။

    ၄င်းဆွေးနွေးပွဲတွင် မွန်လူငယ်အဖွဲ့များမှ ခေါင်းဆောင်များ ၊ အမျိုးသမီးကဏ္ဍ၌ ပါဝင်လှုပ်ရှားနေသည့် အဖွဲ့များ၊ ဖက်ဒရယ်နှင့်ဆိုင်သည့် သင်တန်းပေးပို့ပေးနေသော သင်တန်းဆရာများ စသည့် မွန်လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့သည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံညီလာခံကို လာမည့် သြဂုတ်လအတွင်း၌ ကျင်းပသွားမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks