spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနယ်နိမိတ်ဆိုင်ရာကိစ္စပြေလည်မှသာ ဘုရားသုံးဆူနယ်ခြားကုန်သွယ်ဂိတ် ဖွင့်လှစ်နိုင်မည်

    နယ်နိမိတ်ဆိုင်ရာကိစ္စပြေလည်မှသာ ဘုရားသုံးဆူနယ်ခြားကုန်သွယ်ဂိတ် ဖွင့်လှစ်နိုင်မည်

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် နယ်ခြားကုန်သွယ်ဂိတ် ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ (ထိုင်း-မြန်မာ) နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းသတ်မှတ် ဖြေရှင်းဆောင်ရွက်ပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

    ဘုရားသုံးဆူနယ်စပ်ပင်မဖြတ်သန်းဂိတ်(MNA)
    ဘုရားသုံးဆူနယ်စပ်ပင်မဖြတ်သန်းဂိတ်(MNA)

    ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကြားအင်ဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးစော တင်ဝင်းက ဘုရားသုံးဆူမြို့ရှိ နယ်ခြားဂိတ်ပိတ်ထားခြင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအစဉ်ရှိ၊ မရှိ မေးမြန်း မှုအပေါ် အဆိုပါ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။

    ဝန်ကြီးဒေါက်တာသန်းမြင့်က “နိုင်ငံတကာဥပဒေအရ အတိအကျ တိုင်းတာသတ်မှတ်မှု မပြုလုပ် ရသေးသည့် နယ်မြေအငြင်းပွားသည့် နယ်နိမိတ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပါက လက်ရှိနယ် နိမိတ်ကို အသိအမှတ်ပြုရာ ရောက်နေသဖြင့် မိမိပိုင်နယ်မြေများ ဆုံးရှုံးနိုင်ကြောင်းနှင့် ယခုဘုရားသုံးဆူ အခြေအနေမှာ အတိမ်းအစောင်းမခံပဲ မိမိတို့ဘက်မှ နယ်မြေဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သဖြင့် ဘုရားသုံးဆူဒေသ အငြင်းပွား နယ်နိမိတ်ကို ရှင်းလင်းစွာဖြေရှင်းနိုင်မှ တိုင်းတာသတ်မှတ်ဆောင်ရွက်ရန် သင့်လျော်မည်ဖြစ်သည်” ဟု ဖြေကြားခဲ့သည်။

    ဘုရားသုံးဆူမြို့တွင် နယ်စပ်ဂိတ်ဖွင်‌့လှစ်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှု ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန် ကြားစာအရ ဘုရားသုံးဆူနယ်နိမိတ်ဒေသကို အင်္ဂလိပ်နှင့် ထိုင်းတို့က ၁၈၆၈ ခုနှစ် နယ်နိမိတ်စာချုပ် Convention Between The king of Siam- The Governor of India-1886 အရ တိုင်းတာသတ်မှတ်ခဲ့ကာ ၁၈၉၇ ခုနှစ်တွင် နိုင်ငံအနည်းငယ်ပြင်ဆင် သတ်မှတ်ခဲ့သည်ဟု ဆိုသည်။

    ၁၉၉၀ ပြည့် လွန်နှစ်များကာလ၌ ဘုရားသုံးဆူဒေသကို မြန်မာနိုင်ငံ အစိုးရဘက်မှ နယ်မြေစိုးမိုး မှုပြန် လည်ရ ယူချိန်တွင် ထိုင်းဘက်မှ မြန်မာနိုင်ငံနယ်မြေများတွင် အဆောက်အဦများ ဆောက်လုပ်ထားသည့်အပြင် အဝေး ပြေးကားလမ်းများကို မြန်မာပိုင်နယ်မြေအတွင်း ဖောက်လုပ်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ထိုင်းအနေဖြင့် မြန် မာပိုင် နယ်မြေများကိုအနုနည်းဖြင့် ရယူရန် ရည်ရွယ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးတိုးမြှင်‌့ရေး စသည့် အကြောင်းပြချက်များအသုံးပြုကာ ဘုရားသုံးဆူဒေသတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေး၊ နယ် ခြားဂိတ်အဆင့်မြင့်ရေးကို ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် မြန်မာ-ထိုင်းပူးတွဲ နယ်နိမိတ် ကော်မတီနှင့် ၂၀ဝ၂ ခုနှစ် (၅) ကြိမ်မြောက် နယ်နိမိတ်ကော်မတီတို့တွင် ထိုင်းဘက်ကတင်ပြလာခဲ့သော်လည်း မြန်မာဘက်က လက်ခံခြင်းမရှိကြောင်းလည်း ဒေါက်တာသန်းမြင့်က ဖြေကြားခဲ့သည်။

    ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ဘုရားသုံးဆူမြို့ရှိ ပင်မနယ်ခြားဂိတ်ကို ၂၀ဝ၇ ခုနှစ်တွင် ပြန်လည်ပိတ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်ကြာ ပိတ်ထားမှုကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်မှု ရပ်တန့်သွားခဲ့သည့်အတွက် ဒေ သခံမြို့သူမြို့သားများ အလုပ်လက်မဲ့ခြင်း၊ စီးပွားရေးကျဆင်းခြင်းများ ဖြစ်ပေါ်နေသည်ဟု ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်းက ပြောသည်။

    “နယ်စပ်ဂိတ် ကြာမြင့်စွာပိတ်ခဲ့မှုကြောင့် တရားမဝင်မှောင်ခိုလမ်းကြောင်းများ ပေါ်ပေါက်လာပြီး လာဘ်ပေး လာဘ်ယူမှုများပေါ်ပေါက်လာပြီး ကုန်သွယ်အခွန်အကောက်များ ရရှိမှုမရှိတော့ခြင်း၊ တရားဝင်အလုပ် အကိုင် များ ရပ်ဆိုင်းသွားရသဖြင့် စီးပွားရေးကြပ်တည်းမှုများကြောင့် မူးယစ်ဆေးဝါးလုပ်ကိုင်မှုများ များပြားလျက်ရှိ သည်” ဟု ၄င်းက ဆက်ပြောသည်။

    လက်ရှိတွင် ပင်မဂိတ်လမ်းလုံးဝပိတ်​ထားသဖြင့် ထိုင်းဘက်မှ ဒေသခံသုံး လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် မြန်မာဘက်မှ အိမ်သုံးပရိဘောဂပစ္စည်းများကို ဘေးမလွယ်ပေါက်(ညောင်ပင်ဂိတ်) လမ်းကြားတွင် ဖြတ်သန်းသွားလာနေကြသည်ကို တွေ့ရှိနေရသည်။

    လက်ရှိကာလတွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၌ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မြိတ်၊ ထီး ခီး၊ မောတောင်စခန်းများ ဖွင့်လှစ်ထားရှိပြီး မြဝတီဒေသတွင် ၁-၉-၂၀ဝ၈ ရက်နေ့မှစ၍ ကုန်သွယ်ရေးဇုန်အဆင့် တိုးမြှင့်ဖွင့်လှစ်ထားပြီးဖြစ်သည့်အပြင် မယ်စဲ့ ကုန်သွယ်ရေးစခန်းအား လိုအပ်သည့် အ‌ခြေခံအဆောက်အဦများ တည်ဆောက်ပြီးစီးပြီးဖြစ်၍ မယ်စဲ့-ဟွေ့တနွန် ကုန်သွယ်ရေးစခန်းကို နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ် နိုင်ရေးကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks